နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ....
Image and video hosting by TinyPic

သူတော်ကောင်းလက္ခဏာများ

၁။ အသက်ရှည်သမျှ မိဘတို့ကို ရိုသေစွာ ပြုစု လုပ်ကျွေးခြင်း။
၂။ အသက်ရှည်သမျှ လူကြီးသူမများကို ခရီးဦးကြိုဆိုခြင်း။
၃။ အသက်ရှည်သမျှ သာယာပြေပြစ်စွာသော စကားကိုပြောဆိုခြင်း။
၎။ အသက်ရှည်သမျှ ကုန်းတိုက်စကား မပြောခြင်း။
၅။ အသက်ရှည်သမျှ ၀န်တို မစ္ဆေရမှ လွတ်ကင်း၍ စွန့်ကြဲပေးကမ်း ဝေဖန်သုံးဆောင်လေ့ရှိခြင်း။
၆။ အသက်ရှည်သမျှ မှန်ကန်သော စကားကို ပြောဆိုခြင်း။
၇။ အသက်ရှည်သမျှ အမျက်ဒေါသနည်းပါးခြင်း၊ ဒေါသဖြစ်ပြန်လျှင်လည်း အမြန်ပယ်ဖျက်နိုင်ခြင်း။
ဤခုနှစ်ပါးနှင့် ပြည့်စုံသောသူသည် သူတော်ကောင်းဟူ၍ တာဝတိံသာ နတ်သားတို့သည် ရိုသေလေးစားကြကုန်သည်။ ဤအင်္ဂါများနှင့် ချိန်ကိုက်ကာ သူတော်ကောင်းကို စစ်ဆေးကြရာ၏။

0 Response to "သူတော်ကောင်းလက္ခဏာများ"

လာရောက်လည်ပတ်ကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ...