နာယကမတင်ထိုက်သူ(အနာယက)ခြောက်ဦး
ဂဏန်းပုတ်သင်၊ ကိုင်းပင်နွားသိုး၊ လိပ်မျိုးခွေးအ၊ ဤခြောက်ဝ၊ နာယက မတင်ထိုက်။
၁။ ဂဏန်းကဲ့သို့
အမြဲလက်မ ထောင်လေ့ရှိသူ။
၂။ ပုတ်သင်ကဲ့သို့
သူတစ်ပါးလုပ်သမျှ ခေါင်းညိတ်တတ်သူ။
၃။ လေလာရာ ယိမ်းပါတတ်သော ကိုင်းပင်ကဲ့သို့
ဟိုဘက်၊ သည်ဘက် ယိမ်းပါတတ်သူ။
၎။ နွားသိုးကဲ့သို့
ရှူးရှူးဒိုင်းဒိုင်း ပြုမှု၍ စိတ်တိုတတ်သူ။
၅။ လိပ်ကဲ့သို့
ကိုယ့်ဘက်ကို ယက်တတ်သူ။
၆။ ခွေးအကဲ့သို့
စားပိုးနင့်အောင်စားပြီး ဇိမ်ခံတတ်သူ။
ဤခြောက်ပါးသော အလေ့ရှိသောသူအား ခေါင်းဆောင် နာယက တင်မြောက်ပါက တင်မြောက်သော အဖွဲ့အစည်း၊ တင်မြောက်သော နေရာ စသည်တို့အား ပျက်ပြားမည်ဖြစ်ကြောင်းပြဆိုထားသည့်အလျောက် လိုက်နာပြီး ချင့်ချိန်ဝေဖန်၍ ခေါင်းဆောင် နာယက တင်မြောက်ကြလေကုန်။ ။

0 Response to "နာယကမတင်ထိုက်သူ(အနာယက)ခြောက်ဦး"
Post a Comment