နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ....
Image and video hosting by TinyPic

ပြင်ဆင်ပြီးပြီလော့

ခဏတာပျော်ရွှင်မှုကို ထာဝရခံစားချင်ကြသော ပုထုဇဉ်လူသားတို့သည် နှလုံးအိမ်ဝယ်ခိုင်မာမှုကို ရှေးရှုသော ချမ်းမြေ့မှု တံတိုင်းတွေ တည်ဆောက်ပြီးပြီလော့။ သို့မဟုတ် အပြန်တရာမက ကျယ်မြောလှတဲ့ သံသာရာဆိုသော ဘ၀စက်ဝိုင်းကို စိန်ခေါ်ပြီးပြီလော့။ လိုအပ်သော ခရီးဆောင် ပါရမီတွေ ထုပ်ပိုးပြီးပြီလော့။ အပူလို အအေးရသော ယခုဖြစ်နေသော လောကသည်  လောဘကို အခြေတည်၊ ဒေါသကို အဖော်ပြု၊ မောဟကို လက်ဆုပ်ကိုင်ပြီး ၀မ်းရေးကို ဖြေရှင်းနေကြပေရာ နောင်တမလွန်ဟု မည်ဆိုအပ်သော ပင်လယ်ပြင်နှင့် တူသော တေဘုမ္မာကို ဘယ်လိုဖြတ်သန်း သွားလာခွင့်ကို ရယူကြမည်နည်းဟု မေးခွန်းထုတ်ပြီးပြီလော့။ တနပ်စာအကြံတွေနှင့် ခရီးနှင်ကြရာတွင် သစ်တစ်ပင်ကောင်းတွေ့ပါလျှက် မနားခိုခဲ့ဘူးဟုဆိုခဲ့လျှင် ရှည်လျားပါသည် ဆိုသော မြစ်ပြင်ကို သင်ဘယ်လို ကူးခတ်မည်ကို စိတ်ကူးမိပြီးပြီလော့။ ယခုကဲ့သို့ ဘ၀ရဲ့ လိုအပ်ချက်များကိုလည်း သင်ကိုယ်တိုင် သိ၍ ပြင်ဖို့ဆင်ဖို့ စိတ်အကြံအစည် ဖြစ်ပြီးပြီလော့။ တစ်နေ့မှာ ငါ သည် ဘာဖြစ်လိမ့်မလဲ ဟု စဉ်းစားတွေးကြံ သံဝေဂယူရန် အတိတ်က နိမိတ် သင့်ရင်မှာ ထိတ်သွားပြီးပြီလော့။ အသည်းဆိုင်မှာ အမြဲပိုင်ကြာတဲ့ ရတနာသုံးပါး ထာဝရအတွက် ထားပြီးပြီလော့။ မိမိကိုယ်ကို မိမိ နားလည်နိုင်လောက်သော မေးခွန်းတွေနှင့်ထပ်တူ ပြန်လည် ဖြေကြရင်း နောက်နောင်ဘ၀ ထာဝရအေးချမ်းဖို့ရန် အတွေးအကြံကောင်းတွေ ထွက်ပေါ်လာကြပါစေ။



0 Response to "ပြင်ဆင်ပြီးပြီလော့"

လာရောက်လည်ပတ်ကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ...