နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ....
Image and video hosting by TinyPic

ဘုရားဂုဏ်တော် ပွားများရခြင်းအကျိုး

ဘုရားဂုဏ်တော်ကို ရွတ်ဆိုပွားများ နှလုံးသွင်းဆင်ခြင်သော သူအား ရရှိနိုင်သော အကျိုးတရားများကို ၀ိသုဒ္ဓိမဂ်၌ အောက်ပါအတိုင်း ဖော်ပြထားလေသည်။
၁။ ရာဂ၊ ဒေါသ၊ မောဟ ကိလေသာ မဖြစ်ပွားခြင်း။
၂။ စိတ်အစဉ် ဖြောင့်မတ်ခြင်း။
၃။ ဘုရား၌ ရိုသေခြင်း။
၎။ သဒ္ဓါ၊ သတိ၊ ပညာ၊ ပုည ပြန့်ပြောခြင်း။
၅။ ပီတိ ပါမောဇ္ဇ များပြားခြင်း။
၆။ ဘေးရန်အမျိုးမျိုးကို သည်းခံနိုင်ခြင်း။
၇။ ဘုရားနှင့်အတူနေရသကဲ့သို့ ထင်မှတ်ခြင်း။
(ဘုရားနှင့်နီးစပ်၍ အကုသိုလ်အပြစ် နည်းပါးသည်ဟူလို)
၈။ စေတီအလား ပူဇော်ထိုက်ခြင်း။
(ဗုဒ္ဓါနုဿတိပွားများသူတို့၏ ကိုယ်ခန္ဓာသည် စေတီအလား ပူဇော်ထိုက်သည်ဟူလို)
၉။ ဘုရား၌ စိတ်ညွှတ်ခြင်း။
(ဘုရား၌ စိတ်ရောက်နေ၍ အပြင်အပ အကုသိုလ်အာရုံများ မ၀င်နိုင်ခြင်း)
၁၀။ အရှက်အကြောက်ဖြစ်ခြင်း။
(အကုသိုလ်ပြစ်မှု ကျူးလွန်စရာ တွေ့ကြုံခံသော် ဘုရားအာရုံ ထင်မြင်လာ၍ ဟိရိသြတ္တပ္ပ အရှက်အကြောက်ဝင်ပြီး မလွန်ကျူးခြင်း)
၁၁။ နတ်ရွာစသော သုဂတိသို့ရောက်ခြင်း။
(ဤဘ၀၌ မဂ်၊ ဖိုလ်မရသေးစေကာမူ ကွယ်လွန်သောအခါ ဒုဂ္ဂတိမကျနိုင်)
(၀ိသုဒ္ဓိမဂ်၊ ပထမအုပ်၊ ၂၀၆။)
ဆောင်ပုဒ်ကဗျာ
၁။ ကိလေမနှောင့်၊ ၂။ စိတ်စဉ်ဖြောင့်၏၊
၃။ ဘုန်းခေါင့်ရိုသေ၊ ၄။ သဒ္ဓါစွေ၍၊
၅။ နှစ်ထွေပီတိ၊ ၆။ သည်းခံချိ၏၊
၇။ စေတီပုံလား၊ ၈။ ဘုရားနှင့်နေ၊
၉။ ထင်ပေဟိရောတ်၊ ၁၀။ စိတ်ညွတ်ချစ်ရှင်၊
၁၁။ မဂ်စဉ်မပွား၊ နတ်ရွာလားသည်၊
ဘုရားဂုဏ်တော် ပွားကျိုးတည်း။(၀ိသုဒ္ဓါရုံလင်္ကာ) 

1 Response to "ဘုရားဂုဏ်တော် ပွားများရခြင်းအကျိုး"

  1. Anonymous says:

    ပြောပြတော့လဲ ဒေါပွတာပဲ့

လာရောက်လည်ပတ်ကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ...