မိဘ
သန္ဓေ၀မ်းမှ၊ ကျွတ်လာရသည့်၊ ကလေးအရွယ်၊
သားသူငယ်ကို၊ ရင်ဝယ်ပိုက်ထွေး၊ မှက်ခြင်ဘေးမှ၊
ပိုးမွေးသလို၊ ကြင်နာပိုပြီး၊ ရှေ့ကိုမြော်ဆဲ၊
သားရွှေခဲတွက်၊ သူဘဲ ပူပန်ခဲ့ရသည်။
အရွယ်မြောက်၍၊ လူတန်းစေ့သော်၊ ချစ်ငွေ့မူးမူး၊
သားရွှေဦးအား၊ ထူးကဲစေချင်၊ ပညာသင်၍၊
မြော်မြင်စုံမက်၊ နိုင်ငံတွက်ကို၊ ဖြည့်စွက်ပိုကဲ၊
သားရွှေခဲတွက်၊ သူဘဲ ပူပန်ခဲ့ရသည်။
ပညာပြည့်စုံ၊ ကြင်ယာစုံ၍၊ လူ့ဘုံလယ်တွင်၊
မာန်သွေးဝင်လျက်၊ အစဉ်ရပ်နိုင်၊ အင်အားပြိုင်ပြီး၊
ကြံ့ခိုင်ဘ၀၊ မြင်တွေ့ရလည်း၊ စိတ်မချဆဲ၊
သားရွှေခဲတွက်၊ သူဘဲ ပူပန်ခဲ့ရသည်။
သြော်....သူ့စိတ်ထဲမှ၊ ဖြစ်လာရသည့်၊ သောကကြိုးမျှင်၊
သံယောဇဉ်ကား၊ သွင်သွင်စီးမြဲ၊ သေထိဆဲတိုင်၊ သူဘဲ ပူပင်သွားခဲ့၏။ ။
မောင်မြတ်ခေါင်
0 Response to "မိဘ"
Post a Comment