နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ....
Image and video hosting by TinyPic

အိပ်မက်ကြီးငါးပါး

မဟာသက္ကရာဇ်(၁၀၃)ခု ကဆုန်လဆန်း(၁၄)ရက်နေ့ည ဘုရားအလောင်းသိဒ္ဓတ္ထမင်းသား မြင်မက်သော အိပ်မက်ကြီးငါးပါးမှာ-
၁။ မြေပြင်ကို အိပ်ယာခင်း၍ ဟိမ၀န္တာတောင်ကြီးကို ခေါင်းအုံးပြီး သမုဒ္ဒရာကို ခြေလက်တင်ရသည်ဟု မြင်မက်ခြင်း။
၂။ ၀င်ရိုးပမာ သန္တာနီအဆင်းရှိသော မြက်သည် ချက်မှဖောက်၍ ကောင်းကင်သို့တက်သည်ဟု မြင်မက်ခြင်း။
၃။ အဆင်းမျိုးစုံငှက်တို့သည် လာလတ်၍ ခြေတော်ရင်း၌ အဖြူရောင်ငှက်တွေချည်း ဖြစ်ကုန်သည်ဟု မြင်မက်ခြင်း။
၎။ ပိုးကောင်ဖြူကလေးများ ဒူးပုဆစ်မြုပ်အောင် တက်သည်ဟု မြင်မက်ခြင်း။
၅။ မစင်တောင်ကြီးပေါ်သို့ တက်၍ စင်္ကြံကြွရာ လူးလဲခြင်းမရှိဟု မြင်မက်ခြင်း။
ထိုအိပ်မက်ငါးပါးကို မြင်မက်ရာ မုချဘုရားဖြစ်မည်ဟု အားတက်ယုံကြည်သွားလေသည်။
၁။ မြေကြီးဟိမ၀န္တာ၊ သမုဒ္ဒရာခြေလက်၊
၂။ နေဇာမြက်နှင့်၊ ၃။ လောက်တက်၊
၎။ ငှက်ဖြူ၊ နည်းတူထို့ပြင်၊
၅။ မစင်တောင်ဖျား၊ စင်္ကြံသွားက၊ ငါးပါးအိပ်မက်၊ မြင်လေမက်သည် ဆက်ဆက်ဘုရား၊ ဖြစ်မည်လား။(သုံးပုံလှေကားကျမ်း။)

0 Response to "အိပ်မက်ကြီးငါးပါး"

လာရောက်လည်ပတ်ကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ...