မိန်းမလိုက်စားခြင်း၏ အပြစ်များ
လူကြီးမိဘများ သဘောတူ၍ လက်ထပ်ထိမ်းမြားပေး၍ ပေါင်းသင်းဆက်ဆံသော မိန်းမ၊ သို့မဟုတ် ကိုယ်တိုင် သဘောကျ ရွေးချယ်၍ လက်ထပ်ပေါင်းသင်းသော မိန်းမ၊ ယင်းသို့သော တရားဝင် ဇနီးမိန်းမတို့နှင့် တရားသဖြင့် ဆက်ဆံပေါင်းသင်းနေချိန်၌ပင် လက်ရှိမယားနှင့် တင်းတိမ်ရောင့်ရဲခြင်းမရှိ၊ အသစ်သစ်သော မိန်းမတို့ကို ရှာဖွေယူငင်ခြင်းဖြင့် မိန်းမလိုက်စား အပျော်အပါးများလျှင်-
၁။ မိမိ၏ လက်ရှိဥစ္စာပစ္စည်းလည်း ဆုတ်ယုတ်ကုန်ခမ်း၏။
၂။ ရောဂါဝေဒနာ စွဲကပ်ခြင်းကြောင့်လည်း ကျန်းမာရေးပျက်ပြား၏။
၃။ အဂမနီယ- မသွားလာ အလွန်ကျူးထိုက်သော မိန်းမတို့၌ သွားလာလွန်ကျူးမိသောကြောင့်လည်း မိစ္ဆာစာရကံ ထိုက်ပြန်၏။
၎။ လူတို့တွင် မိန်းမ လိုက်စားလေ့ရှိသောသူသည် အထူးသဖြင့် လူကြီးလူကောင်း ဂုဏ်အင်္ဂါ ယုတ်လျော့တတ်၍ ရှင်လူတို့၏ အထင်အမြင် အယုံအကြည် ခံယူရခြင်းမှ ဆုံးရှုံးတတ်၏။
(ပရာဘ၀သုတ်)

0 Response to "မိန်းမလိုက်စားခြင်း၏ အပြစ်များ"
Post a Comment