ကိုယ့်ကိုယ်ကိုသာ အချစ်ဆုံး
လောကမှာ ကိုယ့်ကိုယ်ကို အချစ်ဆုံးဆိုတာ အမှန်ပဲ၊ ဘာ့ကြောင့်လဲ?၊ မိဘဆွေမျိုး သမီးခင်ပွန်းဆိုတာက ဟိုဘ၀က တော်စပ်ခဲ့ချင်မှ တော်စပ်ခဲ့မယ်၊ "ငါ" ဆိုတာကတော့ ဟိုတုန်းကလည်း "ငါ''၊ ဒီဘ၀လည်း "ငါ"၊ နောက်လာမယ့် ဘ၀တွေမှာလည်း "ငါ" ပဲမဟုတ်လား၊ ဒီတော့ ချစ်ခင်နိုင်ကောင်းပါရဲ့။(အရှင်ဇနကာဘိဝံသ၏ အဆိုအမိန့်များမှ)
သို့အတွက်ကြောင့် ဆွေမျိုးကို ဘယ်လိုမှ ခွဲခြားမရပဲ တော်စပ်နေတဲ့ မိမိတို့၏ ခန္ဓာကိုယ်ကြီးကို တကယ်ချစ်ကြရင်ဖြင့် ခန္ဓာမှပေးသော ဒုက္ခတို့ကို ချုပ်ငြိမ်းရလေအောင် ခုဘ၀ကတည်းက ပါရမီ ဖြည့်ကျင့်ကြရင်း ကျင့်ကြံကြိုးကုတ် ထုပ်ပိုးလို့ ယူကြကုန်စို့။ ။

0 Response to "ကိုယ့်ကိုယ်ကိုသာ အချစ်ဆုံး"
Post a Comment