နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ....
Image and video hosting by TinyPic

လူ့ဘ၀ရဲ့ တန်ဖိုး

လူ့ဘ၀တန်ဖိုးဟာ ကုသိုလ်ပါရမီနဲ့ စိတ်ကောင်းနှလုံးကောင်းပဲရှိတယ်၊ ဂုဏ်လာဘ်ခြွေရံ ကျော်ဇောမှုကတော့ ပျက်ခဲ့တာချည်းပဲ။(အရှင်ဇနကာဘိဝံသ၏ အဆိုအမိန့်များမှ)
လူ့ရယ်ဖြစ်လာရင် စိတ်ကောင်းရှိဖို့က အဓိကပဲ။ နှလုံးကောင်းရှိဖို့က အဓိကပဲလေ။ စိတ်ကောင်းရှိနေသော သူဟာ လူ့ဘ၀ရဲ့ တန်ဖိုးအမြင့်ဆုံးနေရာမှာ တည်နေတယ်။ ကုသိုလ်ပါရမီကိုလည်း စိတ်ကောင်းထား နှလုံးကောင်းထားပြီး ပြုလုပ်ရပါမယ်။ ဒါမှ အကျိုးပေးသန်ပါတယ်။ စိတ်ကောင်းနှလုံးကောင်း ရှိပြီး မိမိပြုလုပ်တဲ့ ကုသိုလ်ဟာ တစ်ခုခုက ခိုင်းလို့၊ ဟိုးအရင်က အစွဲကြောင့် ဒီဘ၀မှာ ပြုလုပ်တယ် စသည်ဖြင့်ပေါ့လေ။ ပြုလုပ်မယ်ဆိုရင် စေတနာအရင်းခံဟာ ညံ့ဖျင်းကောင်း ညံ့ဖျင်းလာနိုင်တယ်။ ဒါကြောင့် မိမိပြုလုပ်တဲ့ ကုသိုလ်အပေါ်ကို စိတ်ကောင်းစေတနာကောင်း နှလုံးကောင်းထားပြီး ဖြူစင်သန့်ရှင်းစွာ ကုသိုလ်ပါရမီကို ယူဖို့ မှာကြားထားတာပါ။ ဂုဏ်လာဘ်ခြွေရံ ကျော်ဇောမှုတွေကတော့ လောဘကို ကိုယ်စားပြုနေသည့်အတွက် ဖြူစင်တယ်ဆိုတာ မည်သူမျှ မဆိုနိုင်။ လောဘဖက်လာပြီ ဆိုမှဖြင့် လောဘသည် ပါဝင်သောအုပ်စုကား အကုသိုလ်တရားထဲမှာပင်၊ သို့ကြောင့် လောဘနှင့် ပြုလုပ်မိသော မိမိကုသိုလ်ဟာ အကုသိုလ်ဘက် ယိမ်းယိုင်သွားသောကြောင့် ကုသိုလ်ပါရမီသည် လုံးဝ မဖြစ်နိုင်ပေရာ။ အချုပ်အားဖြင့်ဆိုသော်- မိမိကုသိုလ်ကို ဖြူစင်စွာ လှူဒါန်းဖို့၊ စိတ်ကောင်းနှလုံးကောင်းရှိဖို့သည် အင်မတန်မှ အရေးကြီးကြောင်းကို ဖော်ပြနေကြောင့် ကုသိုလ်ပါရမီကို ဖြူစင်စွာ ထုပ်ပိုးယူငင်နိုင်ကြပါစေ။

0 Response to "လူ့ဘ၀ရဲ့ တန်ဖိုး"

လာရောက်လည်ပတ်ကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ...