သီတဂူဆရာတော်၏ သြ၀ါဒ တစ်စိတ်တစ်ဒေသ
ကောင်းတာလုပ်သူနှင့် မကောင်းတာလုပ်သူ ကွာခြားချက်မှာ-သီတဂူဆရာတော်မှမိန့်ကြားသည့် သြ၀ါဒ အပိုင်းအစမှ ထုတ်ကြည့်သော် ပင်လယ်ရေဟာ စီးဆင်းနေတယ်၊ အဲဒီရေဟာ ဘာနဲ့တူလဲဆိုရင် သာသနာနဲ့တူတယ်၊ ပင်လယ်ရေကြမ်းပြင်ထက်မှာ စီးဆင်းလို့ ပါသွားတဲ့ အဖိုးတန်း ကျောက်မျက်များနဲ့ ရွှေ စသည် အဖိုးတန် ပစ္စည်းတို့ကား ဘာနဲ့တူလဲဆိုရင် ကောင်းတာလုပ်သူ သူတော်ကောင်းနဲ့ တူတယ်၊ ပင်လယ်ရေပြင် အပေါ်ယံမှာ ပေါ်လော ပါသွားတဲ့ အရာဝတ္ထု အမှိုက်သရိုက်နဲ့ အညစ်အကြေးတို့ကား ဘာနဲ့တူလဲဆိုရင် မကောင်းတာလုပ်သူ မသူတော်နဲ့တူတယ်၊ သူတော်ကောင်းလို့ အမည်တပ်၍ ခံထားရတဲ့ ပုဂ္ဂိုလ်များဟာ ကောင်းတာလုပ်တာများနေပေမယ့် ထင်ပေါ်ဖို့ဆို အလွန်ခဲယဉ်းစွာ ကြိုးစားနေရပေသည်။ ဒါကြောင့် ပင်လယ်ရေကြမ်းပြင်ပေါ်က အဖိုးတန်တွေနဲ့တူတယ်။လူသိလည်း နည်းကြတယ်။ မသူတော်ပါလို့ ယူဆခံထားရတဲ့ သူများကတော့ မကောင်းတာကို မိမိကိုယ်တိုင်က ကောင်းတယ်ထင်မှတ်ပြီး အကြွင်းမဲ့ ပြုလုပ်ကြတော့ ထင်ပေါ်ကျော်ကြားကြတယ်။ လူသိများကြတယ်။ ရေပေါ်မှာ ပေါ်လောပေါ်နေတဲ့ အမှိုက်သရိုက် အညစ်အကြေးနဲ့တူတယ်လို့ မိန့်တော်မူပါတယ်။ သူတော်ပဲဖြစ်စေ၊ မသူတော်ပဲ ဖြစ်စေ ကောင်းတာလုပ်တာဟာ ထင်ရှားဖို့၊ ကျော်ကြားဖို့ မဆိုထားဘိ လူတွေက ဂရုပြုမိဖို့ ခဲယဉ်းပါတယ်။ မကောင်းတာလုပ်တာကတော့ ခုလုပ်ခုသိတယ်ဗျာ၊ ဒါကြောင့် မကောင်းတာကို မလုပ်မိဖို့ အလွန်အရေးကြီးတယ်၊ လုပ်မိသွားရင်လည်း ပယ်ဖျက်ဖို့ဆိုတာ ပိုပြီး ခဲယဉ်တာပေါ့။ ဒါကြောင့် မိမိတို့က ပင်လယ်ရေကြမ်းပြင်ပေါ်က အဖိုးတန်ကျောက်မျက်၊ ရွှေ စသည်တို့လို လူသူမသိရင် နေပါစေ၊ ကောင်းတာတွေကို အမြဲတမ်းပြုလုပ်ကြပါလို့ သြဒါဒ ပေးတော်မူပါတယ်။
0 Response to "သီတဂူဆရာတော်၏ သြ၀ါဒ တစ်စိတ်တစ်ဒေသ"
Post a Comment