နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ....
Image and video hosting by TinyPic

မကန်တော့၍ မျောက်ဖြစ်

တစ်နေ့သ၌ ဂိဇ္ဈိကုဋ်တောင်မှအဆင်း ချောက်တစ်ခုတွေ့၍ ခုန်ကူးမိသော ရှင်မဟာကစ္စည်းမထေရ်ကို ၀ဿကာရပုဏ္ဏားကြီးက မျောက်နှင့်တူသည်ဟု ကဲ့ရဲ့ပြစ်မှားလေ၏။ မြတ်စွာဘုရားက ကန်တော့လျှင်ကောင်းမည်၊ မကန်တော့လျှင် မျောက်ဖြစ်မည် ဟုဗျာဒိတ်စကား မိန့်ကြားတော် မူသော်လည်း မာနဓါတ်ခံဖြင့် မကန်တော့ပဲနေ၍   သေသည့်အခါ ဝေဠုဝန်ဥယျာဉ်၌ မြင်းမြီးဆွဲမျောက်ကြီး ဖြစ်လေ၏။ ၀ဿကာရ ဟုအသံပြုလိုက်လျှင် ခေါ်သူ၏အနားသို့ရောက်လာတတ်၏။ အကြောင်းသိလူများက အော်... ကျွန်ုပ်တို့အမတ်ချုပ်ကြီးက ဒီမှာရောက်နေတာကိုး ဟုပြောသောအခါ လူ့ဘ၀တုန်းကအဖြစ်အပျက်ကို သတိရပြီး ရှက်လှချေရဲ့ဆိုကာ သူ၏မျက်ခွက်ကို လက်ဖြင့် ဖုံးအုပ်ထားသောဟူ၏။ (မ၊ဋ္ဌ၊၄၊နှာ၊၄၉) 
အထက်ပါဝတ္ထုကိုထောက်၍ မမှားသင့်သော၊ မပြစ်မှားထိုက်သော ပုဂ္ဂိုလ်များကို ကိုယ်၊ နှုတ်၊ စိတ် သုံးပါးလုံးဖြင့် မပြစ်မှားမိစေရန် အထူးရှောင်ကြဉ် စောင့်စည်းအပ်ပေသတည်း။

0 Response to "မကန်တော့၍ မျောက်ဖြစ်"

လာရောက်လည်ပတ်ကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ...