သောရေယျသူဌေးသား၏ ကန်တော့ရခြင်းကြောင့် ရသောအကျိုး
ကလေးနှစ်ယောက်ဖခင် သောရေယျသူဌေးသားသည် ရှင်မဟာကစ္စည်းမထေရ်၏ လှပသော ရုပ်ဆင်းအင်္ဂါကို မြင်၍ ငါ၏မိန်းမဖြစ်လျှင် ကောင်းလေစွ ဟု မနောကံဖြင့် ပြစ်မှားမိ၏။ ထိုခဏ၌ ယောင်္ကျား အသွင်ပျောက်၍ မိန်မအသွင် ပေါ်လာလေ၏။ ရှက်သောကြောင့် နောက်သို့ပြန်မသွားဘဲ ခြေဦးတည့်ရာသို့ ထွက်သွားရာ တက္ကသိုလ်ပြည်မှ သူဌေးသားတစ်ဦးနှင့် အိမ်ထောင်ကျလေ၏။ မိခင်ဘ၀ဖြင့် ကလေးနှစ်ယောက်ရပြန်၏။ နှစ်ကာလကြာသော် ဇာတိမြို့မှရောက်လာသော ကုန်သည်မိတ်ဆွေ၏ အကြံ ပေးချက်အရ ရှင်မဟာကစ္စည်းထံသွားရောက် ကန်တော့ရာ ယောင်္ကျားဇာတိပြန်ပေါ်လာလေ၏။ ဤကား ကန်တော့ရခြင်း၏ ရရှိအပ်သော အကျိုးပေတည်း။(ဓမ္မပဒ၊ဋ္ဌ၊ပ၊၂၁၇)
0 Response to "သောရေယျသူဌေးသား၏ ကန်တော့ရခြင်းကြောင့် ရသောအကျိုး"
Post a Comment