နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ....
Image and video hosting by TinyPic

ချမ်းသာချင်ရင် သီလဆင်ပါ

တစ်ဖြေးဖြေးနဲ့ နောက်ဘ၀ရွှေ့ကြဖို့ နီးလာပြီ၊ နောက်ဘ၀အတွက် ဒါနထက် သီလက ဘ၀ကောင်းပို့နိုင် တယ်၊ ဒါန မများသော်လည်း သီလများနေရင် နောက်ဘ၀မှာ မဆင်းရဲနိုင်ပါဘူး၊ သီလကို အထူးဂရုစိုက်ပါ၊ ငါးပါးသီလထက် အာဇီဝဋ္ဌမကသီလက သာတယ်၊ အဲဒီ သီလကို သူတော်ကောင်းတိုင်း နေ့စဉ် ထိန်းရတယ်။(အရှင်ဇနကာဘိဝံသ၏ အဆိုအမိန့်များမှ)
ဆရာတော်က သီလသာ အဓိက ဖြစ်တယ်ဆိုတာ မိန့်မှာတော်မူသည့်အတိုင်း သီလကို အဓိကထားပြီး ဆင်းရဲသားတို့ ကြိုးစားကာ သီလကို စောင့်နိုင်သမျှ စောင့်နိုင်အောင် ကြိုးစားကြကုန်လော့။ ခုခေတ်ဖြစ်နေသော ကာလကား- လူချမ်းသာတို့ အများစု ပျက်စီးနေကြသော ကာလနှင့် ဆင်းရဲသားတို့က ငွေကိုကြည့်ပြီး ပျက်ဆီးရသော ကာလဖြစ်သည့်အလျောက် မိမိတို့ကပဲ သီလကိုစောင့်ပြီး နောင်ဘ၀ကောင်းစားဖို့ကို ရည်မျှော်ကိုးကြကုန်လော့။  ။

0 Response to "ချမ်းသာချင်ရင် သီလဆင်ပါ"

လာရောက်လည်ပတ်ကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ...