ချစ်စရာဟာ ဒုက္ခ
လောကမှာ အချစ်ဆုံးအရာဟာ ဒုက္ခအပေးဆုံး၊ ချစ်စရာ တစ်ခုသာရှိရင် ဒုက္ခတစ်ခု၊ ချစ်စရာ များရင် ဒုက္ခလည်းများ၊ ချစ်စရာမရှိရင် ဒုက္ခမရှိတော့ဟူ၍မှတ်။(အရှင်ဇနကာဘိဝံသ၏ အဆိုအမိန့်များမှ)
တကယ်တော့ အချစ်ဆုံးပါလို့ ယူဆလိုက်တာနဲ့ တစ်ပြိုက်နက် မိမိကိုယ် ကြီးစိုးကာ လွှမ်းမိုးသွားလေပြီ။ လွှမ်းမိုးသွားပြီးနောက် အကျိုးဆက်ကား ချုပ်တည်းခံရပြီး အရာအားလုံးဟာ မိမိစိတ်အတိုင်း ဖြစ်ပေါ်ခွင့်မရှိတော့။ ထိုမှစ၍ ဒုက္ခကား စတင်လာလေပြီ။ ကြီးမှန်းမသိ ကြီးထွား၍ လာနေလေပြီ။ တစ်ခုထက်မက ချစ်စရာတွေများလာလျှင်ကား ဒုက္ခများစုဝေးကာ ၀ိုင်းအုံ၍ တိုက်ခိုက်ကြပေလိမ့်မည်။ သို့ကြောင့် ချစ်စရာတွေကို နည်းနိုင်သမျှ နည်းအောင် ချုပ်တည်း ထိန်ချန်ကြကုန်လော့။ ။

0 Response to "ချစ်စရာဟာ ဒုက္ခ"
Post a Comment