မယားစာနှင့် အများစာ
လောကမှာ ပညာဘယ်လောက် တတ်တတ်၊ ဥစ္စာဘယ်လောက်ပေါပေါ၊ ရာထူးဌာနန္တရ ဘယ်လောက်ကြီးကြီး၊ သားမယားကျွေးဖို့ချည်းပါပဲ။(အရှင်ဇနကာဘိဝံသ၏ အဆိုအမိန့်များမှ)
လောကမှာက အိမ်ရာတည်ထောင် လူ့တို့ဘောင်ဆိုတော့ ရလာသမျှ ရှိနေသမျှတွေဟာ သားသမီးများအတွက်ဖြစ်ကြပြီး လောကုတ်မှာတော့ ပညာတွေ၊ ဥစ္စာတွေ၊ ရာထူးတွေ အားလုံးဟာ အများအတွက်ချည်းဖြစ်ပါတယ်။ တကယ်တမ်းအားပေးကြမယ်ဆိုလျှင်ဖြင့် အများအတွက်ကောင်းစားမည့် လောကုတ်ချမ်းသာကို ရရှိကြဖို့ရာ အားပေးသင့်ကြောင်း ဆရာတော်ဘုရားကြီးမှ တိုက်တွန်းသည့် အဆိုအမိန့်ဖြစ်ပေသည်။သို့အတွက်ကြောင့် လောကီလူသားများဖြစ်ကြသော မိမိတို့သည်လည်းပဲ အများချမ်းသာကို ရွေးချယ်ကာ ရွက်ဆောင်နိုင်သော ပုဂ္ဂိုလ်ထူးများ ဖြစ်ကြလေအောင် ကြိုးစားကြကုန်လော့။

0 Response to "မယားစာနှင့် အများစာ"
Post a Comment