ဘ၀လေးရယ်တဲ့ တိုစေလို
ဒါနက သံသရာရှည်တာလား၊ ဒါနနောက်က အသိမလိုက်လို့ သံသရာရှည်တာလား။(မိုးကုတ်ဆရာတော်ဘုရားကြီး၏ သြ၀ါဒများမှ)
တကယ်တော့ ပုထုဇဉ်လူသားတို့သည် ဒါနပြုရင် သံသရာရှည်တယ်ဆိုပြီး အယူသည်းနေကြလေရဲ့။ သံသရာတစ်ပတ်လည်စေတယ်လို့ ယူဆပြီး မပေးမလှူကြတဲ့ လူသားတို့အတွက် အမှားပါးလိုက်ခြင်း ဖြစ်ပေမည်။ အမှန်ဧကန်စင်စစ်ကတော့ဖြင့် ဒါနက သံသရာမရှည်စေပါဘူး။ ဒါနနောက်က အသိမလိုက်ခဲ့ကြလို့ သံသရာရှည်ကြတာပါပဲ။ သို့အတွက်ကြောင့် ဒါနနောက်မှ အသိလေးလိုက်ပြီးသကာလ လှူဒါန်းကြမယ်ဆိုလျှင် ဘ၀ရဲ့လက်ကျန်အချိန်တွေမှာ ကောင်းတာတွေ ခံစားစံစားပြီး ဘ၀၏ ပန်းတိုင်၊ သံသရာ၏ ကမ်းစပ်၊ နိဗ္ဗာန်၏ ကြည်းကုန်းထက်သို့ လှမ်းတက်လို့ မှီနိုင်ကြပါစေ။ ။
0 Response to "ဘ၀လေးရယ်တဲ့ တိုစေလို"
Post a Comment