နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ....
Image and video hosting by TinyPic

မှန်သောစကားနှင့် ကောင်းကျိုး

ဓမ္မကာမော ဘ၀ံ ဟောတိ၊ 
ဓမ္မဒေဿီ ပရာဘဝေါ။(ပရာဘ၀သုတ်)
မှန်ကန်သောတရား လိုလားသူ ကြီးပွားချမ်းသာတတ်၏။
တရားမှန်ကို မလိုလားသူ ပျက်စီးတတ်၏။
မှန်တာကိုပြော၊ မှန်တာကိုလုပ်၊ သမာအာဇီဝကျမှ အဖိုးတန်ချမ်းသာကို ပေး၏။ အမှန်တရားက ပြောသူအားလည်း မည်သို့သော အခါမှ ဒုက္ခမပေးတတ်၊ အမျိုးမှန်အဖိုးတန်ဖို့က ပရာဘ၀သုတ်ညွှန်းသလို ကျင့်ဆောင်သင့်ပေ၏၊ တရားမှန်ကို မလိုလားသူတို့ကားမူ ပျက်စီးခြင်း နောက်ဆုံးရှိပေ၏။ သို့ကြောင့် ဘ၀၏ တစ်နည်းဆိုရသော် သံသရာ၏ ကောင်းကြောင်းများ ပေါ်ပေါက်၍ ဖြစ်စေလိုပါလျှင် မှန်သောစကားကို ဆိုတတ်ရာ၏၊ မှန်သောအလုပ်ကို လုပ်ဆောင်ရာ၏၊ မှန်ကန်သော အမူအကျင့်တွေနှင့်သာ ရင်းနှီးကျွမ်းဝင်ရာ၏။
မကောင်းသော အကုသိုလ်တို့ကိုကား မည်သည့်အခါမှ တွေးကြံခြင်း၊ ပြုလုပ်ခြင်း မပြုရာ။ ကောင်းပင်ပျိုးရင် ကောင်းကျိုးရသလို မကောင်းပင်ပျိုးမိပါက မကောင်းသော အကျိုးကိုသာ ရနိုင်ပေရာ၊ ကောင်းပင်ပျိုးကာ ကောင်းကျိုးများရအောင် ကြိုးစားကြရင်း မှန်သောသစ္စာတည်၍ ကောင်းကျိုးတို့ကို ရင်ဝယ်ပိုက်ထွေးနိုင်ကြပါစေကုန်သတည်း။  ။

0 Response to "မှန်သောစကားနှင့် ကောင်းကျိုး"

လာရောက်လည်ပတ်ကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ...