နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ....
Image and video hosting by TinyPic

ညီတော်အာနန္ဒာလောင်း ပန်းထိမ်သည်ဘဝ

ညီတော် အာနန္ဒာလောင်းသည် ပန်းထိမ်သည် ဘ၀ဖြစ်စဉ်က သူတစ်ပါး၏ သားသမီးကို ဖျက်ဆီးခဲ့၍ အောက်ပါအတိုင်း ၀ဋ်ဆင်းရဲ၌ ကျင်လည်ခဲ့ရ၏။
၁။ ပထမဘ၀-ပန်းထိမ်သည်ဖြစ်သည်၊ သူ့သားသမီးဖျက်ဆီးသောကြောင့်တည်း။
၂။ ဒုတိယဘ၀-ကံတစ်ပါးထောက်ပံ့၍ သူဌေးသားဖြစ်သည်။
၃။ တတိယဘ၀-ကာမေသုမိစ္ဆာစာရကြောင့် ရောရုဝ ငရဲ၌ခံရ၏။
၎။ စတုတ္ထဘ၀-ဆိတ်ထီးကြီးဖြစ်၊လေးလံသော ၀န်ကိုရုန်းရ၊ဝှေးစေ့အထုတ်ခံရသည်။
၅။ ပဉ္စမဘ၀-မျောက်ဖြစ်၊ဖခင်မျောက်ကြီးက ဝှေးစေ့ကို ကိုက်သတ်ခံရသည်။
၆။ ဆဋ္ဌဘ၀-နွားထီးကြီးဖြစ်၊ဝှေးစေ့အထုခံရသည်။
၇။ သတ္တမဘ၀-သူကြီးအိမ်၌ နပုံးပဏ္ဍုက်ဖြစ်သည်။
၈။ အဋ္ဌမဘ၀မှ ဒွါဒသမဘ၀အထိ-
   (သိကြားမင်းမိဖုရားလေးကြိမ်၊ဇ၀နနတ်၏မိဖုရားတစ်ကြိမ်၊နတ်မိဖုရားငါးကြိမ်ဖြစ်၏။)
၉။ တေရသမဘ၀-မိတ္ထီလာပြည် အင်္ဂတိမင်းကြီး၏ သမီး ရုစာဒေ၀ီဖြစ်သည်။
၁၀။ စုဒ္ဒသမဘ၀-တာဝတိံသာ၌နတ်သားဖြစ်သည်၊ ထိုအခါမှ ကာမေသုမိစ္ဆာစာရ အကျိုးဆက်  လွတ်ကင်းရသည်။(နာရဒဇာတ်တော်ကြီး)
ဆောင်ပုဒ်
ပန်ထိမ်ခေါ်ရေး၊သူဋ္ဌေးသားနောက်၊ရောရုရောက်၍၊
ဆိတ်၊မျောက်၊နွားစစ်၊နပုံးဖြစ်လတ်၊နတ်မိဖုရား၊
ငါးကြိမ်ဖြစ်ခါ၊ရုစာနတ်သား၊ ဆယ့်လေးပါးသည်၊ညီဘွားအာနန် ဖြစ်ရချက်၊(သံဝေဂ၀တ္ထုဒီပနီမှ)
အထက်ပါအချက်အလက်များကို ထောက်၍ ကာမေသုမိစ္ဆာစာရကံ၏ စက်ဆုပ်ဖွယ်ကောင်းပုံကို သံဝေဂယူပြီး မပြုမိအောင် ရှောင်ကြဉ်ကြရာသတည်း။

0 Response to "ညီတော်အာနန္ဒာလောင်း ပန်းထိမ်သည်ဘ၀"

လာရောက်လည်ပတ်ကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ...