နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ....
Image and video hosting by TinyPic

အိုဘယ့်ငါ

ငါသည် ဘယ်လိုငါ ဖြစ်ထိုက်သနည်း၊ ငါသည် ငါအကြည်ညိုခံရသော ငါဖြစ်ထိုက်သည်၊ သူတစ်ပါးကို ညာဝါးလို့ရသည်၊ ငါ့ကိုငါ ညာဝါးလို့ မရ၊ မည်သူမဆို မိမိကိုယ်ကို မိမိကြည်ညိုခံရသောသူဖြစ်အောင် ကြိုးစားရမယ်။(အရှင်ဇနကာဘိဝံသ၏ အဆိုအမိန့်များမှ)
ငါသည် ကြီးကျယ်မြင့်မြတ်သော ငါဖြစ်သင့်တယ်။ ငါ့ကိုယ်ငါလည်း ကြည်ညိုအောင် နေရမယ်။ သူတစ်ပါးကို ညာဝါးဖို့ စိတ်ကူးမိတိုင်း မိမိကိုယ်မိမိ အရင်ညာမိသွားပြီဆိုတာကို မမေ့နဲ့။ တကယ်တမ်းကျတော့ ကိုယ်ကိုကိုယ်ညာမိတာက ပိုဆိုးလူဆိုးတွေထဲမှာ ထိပ်ဆုံးမှပါနေတယ်။ နောက်ဆုံး လူတိုင်းကိုယ်စီမှာ မိမိကိုယ်တိုင် မိမိကို ကြည်ညိုအောင် နေရမယ်။ သို့မှသာ ဘ၀ရဲ့အောင်မြင်မှုပေါင်းဟာ လှမ်းလင့်လို ကြိုဆိုနေပေလိမ့်မည်။

0 Response to "အိုဘယ့်ငါ"

လာရောက်လည်ပတ်ကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ...