နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ....
Image and video hosting by TinyPic

မြန်မာများ ဆင်းရဲရခြင်းအကြောင်း

မြန်မာများ အလှူဒါနပြုပါလျှက် ဆင်းရဲရခြင်းအကြောင်းကို အချုပ်ဆိုရသော် ဗုဒ္ဓ၏စကားကို နားမထောင်ကြသောကြောင့် ကြီးပွားသင့်သလောက် မကြီးပွားကြခြင်းပင်ဖြစ်၏။
အကျယ်ချဲ့လျှင်
၁။ ဗုဒ္ဓက ဒါနပြုလျှင် လောကကောင်းစားရေးကို ကြည့်ပြီး လိုအပ်သောနေရာတွင် လှူခိုင်း၏၊ ဗုဒ္ဓဘာသာအများစုက ငါကောင်းစားရေးကို ရှေ့တန်းတင်ပြီး မလိုအပ်သော နေရာတွင် ပို၍ လှူတတ်ကြ၏။
၂။ ဗုဒ္ဓက စီးပွားရှာလျှင် သမ္ပဒါတရားလေးပါးနှင့် ပြည့်စုံရမည်ဟု ညွှန်ပြ၏၊ ဗုဒ္ဓဘာသာဝင်အများစုကား တစ်ပါးမျှမပြည့်စုံကြ။
၃။ ဗုဒ္ဓကဘာသာရေးအပေါ်ထားသော မေတ္တာစေတနာမျိုး စီးပွားရေးအပေါ်မှာ ထားခိုင်း၏၊ ဗုဒ္ဓဘာသာအများစုက မလိုက်နာကြ။
၎။ ဗုဒ္ဓက ကြီးပွားတိုးတက်ရန် မိမိကိုယ်ကို မပျက်စီးအောင် ထိန်းသိမ်းသော အတ္တသမ္မာပဏိဓိ မင်္ဂလာနှင့် ပြည့်စုံရန် ညွှန်ပြ၏၊ အများစုက မလိုက်နာကြ။
၅။ ဗုဒ္ဓဟောကြားသော ရောင့်ရဲခြင်းအစစ်ကို မကျင့်သုံးကြပဲ အကုသိုလ်တွင် ပါဝင်သော ကောသဇ္ဇ ခေါ် ပျင်းရိခြင်းကို ရောင်ရဲခြင်း ဟု မှားယွင်းကျင့်သုံးမိနေကြ၏။
၆။ ဗုဒ္ဓက ကြီးပွားတိုးတက်လိုသူများသည် အချိန်မှန်သမျှထဲမှ ကုသိုလ်၊ ပညာ၊ ဥစ္စာ တစ်မျိုးမျိုးရအောင် ယူရမည်ဟု ညွှန်ပြ၏၊ အများစုက အချိန်မှန်သမျှထဲမှ အကုသိုလ်၊ မောဟ မွဲပြာကျဆေး တို့ကိုသာ ထုတ်ယူနေကြ၏။
၇။ နိုင်ငံတကာ ဗဟုသုတမရှိခြင်း။
၈။ စာပေ ဗဟုသုတမရှိခြင်း။
၉။ ကိုယ့်ထက်သာလျှင် မနာလိုခြင်း။
၁၀။ ခေါင်းဆောင်စိတ်နည်းပါးခြင်း။
၁၁။ မိမိကိုယ်ကို အားကိုးလိုစိတ်နည်းပါးခြင်း။
မေတ္တာရှင်အရှင်ဇ၀န မှရေးသားထားသောစားသားများကို ပြန်လည်တင်ပြခြင်းဖြစ်ပါသည်။

0 Response to "မြန်မာများ ဆင်းရဲရခြင်းအကြောင်း"

လာရောက်လည်ပတ်ကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ...