သူတော်ကောင်းနှင့် ပေါင်းသင်းရကျိုး
ဗုဒ္ဓမြတ်စွာ သက်တော်ထင်ရှား ရှိတော်မူစဉ် သိဝနတ်သားက-
၁။ သူတော်ကောင်းနှင့် ပေါင်းသင်းရမည်။ သူတော်ကောင်းနှင့် ပေါင်းသင်းမှ သူတော်ကောင်း သဘောတရားကို သိ၍ သူတော်ကောင်းဖြစ်နိုင်သည်။
၂။ သူတော်ကောင်းနှင့် ပေါင်းသင်းမှ ပညာကောင်းအလိမ္မာကောင်းကို ရနိုင်သည်။
၃။ သူတော်ကောင်းနှင့် ပေါင်းသင်းမှ စိုးရိမ်ပူပန်နေကြသော လူတွေထဲမှာ စိုးရိမ်ပူပန်မရှိနေရသည်။
၎။ သူတော်ကောင်းနှင့် ပေါင်းသင်းမှ ဆွေမျိုးတို့၏ အလယ်၌ တင့်တယ်သည်။
၅။ သူတော်ကောင်းနှင့် ပေါင်းသင်းမှ ကောင်းရာဘ၀သို့ ရောက်နိုင်သည်။
၆။ သူတော်ကောင်းနှင့် ပေါင်းသင်းမှ ချမ်းသာတည်မြဲသည်ဟု လျှောက်ထားဖူးသည်။
ဗုဒ္ဓမြတ်စွာက ဆက်လက်၍-
၇။ သူတော်ကောင်းနှင့် ပေါင်းသင်းမှ သူတော်ကောင်းတရားကို သိ၍ ဆင်းရဲဒုက္ခဟူသမျှမှ လွတ်မြောက်သည်ဟု နိဂုံးချုပ်၍ မိန့်ကြားတော်မူခဲ့လေပြီ။(သံ-၁။ ၅၅-၅၆။)

0 Response to "သူတော်ကောင်းနှင့် ပေါင်းသင်းရကျိုး"
Post a Comment