မယုံစားအပ်သူများ
၁။ အပြင်ဘက်၌ပြုပြင်ထားသောအသွင်ပုံဟန်သဏ္ဍာန်ကို မြင်ရုံမျှနှင့်သူတော်ကောင်း သီလ၀န္တဟု မယုံစားရာ။
၂။ တစ်ခဏမျှ မြင်ကာမတ္တနှင့်သူတော်ကောင်း သီလ၀န္တဟုမယုံစားရာ။
၃။ သူတော်ကောင်း သီလ၀န္တတို့၏ အသုံးအဆောင်ပရိက္ခရာကို မြင်ကာမျှနှင့်သူတော်ကောင်း သီလ၀န္တဟု မယုံစားရာ။
လောက၌ သူတော်ကောင်းသီလ၀န္တ အတုတွေများစွာ ကျက်စားနေကြသည်။ ကြေးပိုက်ဆံ(၂) ပြားလောက်သာတန်သော ရွှေရောင်တင် ရွှေအိုးတုမြေအိုး ညံ့ကဲ့သို့ အမြင်ပန်းလှလှပြ၍ အတွင်းသန္တာန်၌မသန့်ရှင်းမစင်ကြယ်သောသူတော်ကောင်း သီလ၀န္တတုများသည် အခြံအရံ တပည့်သားမြေးတွေ ကာကွယ်လျက် ရှိကြသည်ဟု ညွှန်ပြတော်မူပြန်သည်။ ခေတ်စကားနှင့် ရေးရလျှင်သူတော်ကောင်းအတု၏ ပတ်ဝန်းကျင်၌အလံရှူး ဒလံ လူညာများ ၀ိုင်းရံ ကာကွယ်၍အပြစ်ကို ဖုံးဝှက်ပြီးဆွယ်နေကြသည်ဟုဆိုလိုသည်။
သီလ၀န္တပုဂ္ဂိုလ်များကိုခွဲခြား၍ ကိုးကွယ်အားထား မှီခိုပြီး နိဗ္ဗာန်တိုင်ကြပါစေ။(ပရာဘ၀သုတ် မြန်မာအဖွင့်ကျမ်း၊ အရှင်ပဏ္ဍိတထေရ် ဖွင့်ဆိုသီကုံးထားသည့်ထဲမှ ထုတ်နှုတ်တင်ပြပါသည်။)

0 Response to "မယုံစားအပ်သူများ"
Post a Comment