နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ....
Image and video hosting by TinyPic

သမိုင်း၏တရားခံ အခန်း(၁) ရေးသားတင်ပြသူ-ဆရာတော် ၀ီရသူ(မစိုးရိမ်)

မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးလောကတွင် သံဃာ့အဖွဲ့အစည်းနှင့် လူ့အဖွဲ့အစည်းဟူ၍ အဖွဲ့အစည်းနှစ်ရပ်ရှိလေသည်။ သာသနာ့ဝန်ထမ်း ရဟန်းသံဃာများကို သံဃာ့အဖွဲ့အစည်းက အုပ်ချုပ်၍၊ ပြည်သူလူထုကို လူ့အဖွဲ့အစည်းက အုပ်ချုပ်လေသည်။ သံဃာအစိုးရနှင့် လူအစိုးရဟူ၍ မှတ်ထင်မိ၏။ ရှေးအခါက သာသနာတော်ကို ဦးဆောင်နိုင်သော ဆရာတော်များကို သာသနာပိုင်အဖြစ်တင်မြှောက်ကြ၏။ ထိုသာသနာပိုင်က ရဟန်းသံဃာများကို အုပ်ချုပ်ခဲ့လေသည်။ ထို့နောက် ဆိုရှယ်လစ်ခေတ်တွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကို ဖွဲ့စည်း၍ ရပ်ကွက်ကျေးရွာ၊ မြို့နယ်၊ တိုင်း ဗဟိုသံဃာအဖွဲ့အစည်းအဆင့်ဆင့်က ဆင့်ကဲစနစ်ဖြင့် အုပ်ချုပ်လေသည်။ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကို သာသနာတော် သန့်ရှင်းတည်တန့်ရေး၊ ထွန်းကားပြန့်ပွားရေးအတွက် ရည်ရွယ်ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပေသည်။ သမ္မတကြီးဦးနေဝင်းကလည်း ဓမ္မစက်နှင့်မရလျှင် အာဏာစက်ဖြင့်ဆုံးမရန် များစွာအကူအညီ ပေးခဲ့လေသည်။ ဆိုရှယ်လစ်ခေတ်နောက်ပိုင်း ယခုကာလအထိ သံဃမဟာနာယက၏ ရပ်တည်နေပုံကို အကဲခတ်ကြည့်စေချင်ပေသည်။
သမီးနှင့်အုန်းသီး။ ။ နိုင်ငံတော်သံဃမဟာနယက (မဟန)အဖွဲ့အစည်းသည် သာသနာတော်သန့်ရှင်း
တည်တန့်ရေး၊ သာသနာတော်ထွန်းကားပြန့်ပွားရေးအတွက် ဖွဲ့စည်းထားသော သံဃာ့အစိုးရတစ်ရပ်ဖြစ်ရာ
ထိုအစိုးရသည် သာသနာတော်သန့်ရှင်းရေးအတွက် ဘယ်လောက်လုပ်သည်။ ဘယ်လောက်လိုသည်ကို သိရှိထိုက်ပေသည်။ ထိုမဟနအဖွဲ့တွင်းများ၌ပင်ရဟန်းသီလလုံးဝပျက်စီးနေသောမဟာယာနအချိုးချိုးနေသော
ထေရ်ကြီးဝါကြီးများ ပါဝင်နေပေသည်။ ရွေးချယ်ရာ၌ ကိုယ်ကျင့်သိက္ခာကို အဓိကထား၍ မရွေးချယ်ခြင်း၊ ဆိုင်ရာဆိုင်ရာ နီးစပ်ရာကို ရွေးကောက်တင်မြှောက်ခြင်းတို့ကြောင့် ပါရာဇိကချိုး(ဂျိုး)များ ပါဝင်နေခြင်း ဖြစ်ပေသည်။
အချို့ဆိုလျှင်စာလည်းမချ၊သံဃာလည်းမမွေး၊သာသနာအတွက်နှမ်းတစ်စေ့မျှပင်မလုပ်ဘဲ
သာသနာတော်ကိုဂုတ်ပေါ်ခွစီး၊ အမြီးကိုနှင်တန်ဖြင့် တို့ကာ ကိုယ်လိုရာကို မောင်းနှင်ခိုင်းစားနေကြပေသည်။သမီးနှင့်အုန်းသီး
မထိလျှင် ပြီးတာဘဲ၊ မင်းတို့ဘာသာ ကျန်တာဘာလုပ်လုပ်ဆိုသည့်လူမိုက်အားပေး(အောင်းကောင်)ကြီးများ
လည်း ရှိလေသည်။ ထိုအောင်ကောင်ကြီး၏ ထိုဩဝါဒကြောင့်ထိုကျောင်းတိုက်၌ပျက်စီးသောရဟန်းငယ်များ
တိုးပွားလာလေသည်။ ထိုကျောင်းတိုက်သည်လည်း သာသနာအတွက် ဘာမှကျေးဇူးမပြုနိုင်သည့်အပြင်
သာသနာ့အမှိုက်ပုံကြီးပင် ဖြစ်၍နေပေသည်။ မဟနအဖွဲ့၌ ထိုသို့သော အောင်းကောင်ကြီးများများစွာရှိလေ
သည်။ အမြင်မတော်အောင်မြက်ဖြင့်ဖုံးလွှမ်းထားသော်လည်းအနံ့ကိုတားမြစ်ခြင်းငှာမတက်ကောင်း၍
မစင်နံ့ထွက်နေသောအောင်းကောင်ကြီးများဖြစ်၏။တစ်ချို့ဆိုလျှင်ကမ္ဘာအေးသာသနာရေးဌာန အဆောက်အဦးထဲမှာပင် ကိုယ့်အခန်းကိုယ်နေ နှစ်ပါးသွားနေသည်များ ရှိကြ၏။ ထိုသို့သောအောင်းကောင်ကြီးများ ပေါများနေခြင်းကြောင့် ဥက္ကဌဆရာတော်ကြီး၏လစ်လပ်သောနေရာတွင် အစားထိုးစရာမရှိ၍ အတွင်းရေးမှူးချုပ် မကွေးဆရာတော်ကြီးကို ဥက္ကဌခန့်လိုက်ရလေသည်။
ထို့ကြောင့် သာသနာတော်ကို အမှန်တကယ် သန့်ရှင်းစေလိုသော ရဟန်းသူတော်ကောင်း လူသူတော်
ကောင်းတို့သည်မဟနအဖွဲ့ကိုပင်စတင်သန့်ရှင်းပစ်ရပေမည်။ခေါင်ကမိုးလုံဖို့
အဓိကဖြစ်သောကြောင့်တည်း။
မသန့်ရှင်းသောခေါင်းဆောင်များသည် နောက်လိုက်များကို သန့်ရှင်းအောင် အဘယ်သို့လုပ်နိုင်ပါမည်နည်း။
စိတ်ဝင်စားမှုပင် ရှိပါဦးမည်လော။ ရွပ်ရွပ်ချွန်ချွန် လုပ်ဆောင်ဝံ့ပါမည်လော။
ရေးသားတင်ပြသူ-ဆရာတော်ဝီရသူ(မစိုးရိမ်)

0 Response to "သမိုင်း၏တရားခံ အခန်း(၁) ရေးသားတင်ပြသူ-ဆရာတော် ၀ီရသူ(မစိုးရိမ်)"

လာရောက်လည်ပတ်ကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ...