သမိုင်း၏တရားခံ အခန်း(၅) ရေးသားသူ-ဆရာတော် ၀ီရသူ(မစိုးရိမ်)
အချင်းချင်းပေါ် အဆိပ်ပြင်းသူ
ထိုသို့ သာသနာတော်မှာ အငြင်းပွားစေမည့် သာသနာတော်
ထိုသို့ သာသနာတော်မှာ အငြင်းပွားစေမည့် သာသနာတော်
အတွက် အကျိုးမများသည့် အဓမ္မဝါဒသမားများကို ပြတ်ပြတ်သားသား ဆုံးမအရေးယူရာ၌
အစွယ်မထက်ကြသော်လည်း ကိုယ့်အချင်းချင်းအပေါ်တော့ အဆိပ်ပြင်းတတ်ကြလေသည်။
ကျွန်ုပ်သည်ကမ္ဘာအေးသာသနာရေးဌာနသို့ သွားရောက်၍ ဝန်ခံကတိ လက်မှတ်ရေးထိုးခဲ့ဖူးလေသည်။ နောက်နောင် သာသနာရေးဌာန၏ ခွင့်ပြုချက်မရဘဲ စာအုပ်ရေးသား ထုတ်ဝေခြင်း မပြုလုပ်ပါဟု ဝန်ခံလက်မှတ်ရေးခဲ့ရခြင်း ဖြစ်၏။ လက်မှတ်မထိုးမီ ကျွန်ုပ်က
ဒုတိယစာအုပ်ကို ကျောက်သင်္ဘောဝါဒ ဝိနိစ္ဆယစာအုပ်အတိုင်း ရေးသားပါမည်၊ ဒုတိယစာအုပ်ကို ခွင့်ပြုချက်ချပေးမည့်အကြောင်း ဆရာတော်များက ကတိပြုပါမှ
လက်မှတ်ရေးထိုးနိုင်ပါမည်ဘုရားဟု လျှောက်လေသည်။
ထိုအခါ ဆရာတော်တစ်ပါး မူဝါဒ စည်းကမ်းနှင့်အညီ ရေးသားက ခွင့်ပြုမည်ဟု မိန့်ပါသည်။
ကျွန်ုပ်က ဆရာတော်တို့ မူဝါဒ၌ (တန့်ကြည်တောင်)နာမည်တိုက်ရိုက်သုံးခွင့်မပြုပါ။
တပည့်တော်စာအုပ်က နာမည်တိုက်ရိုက်သုံးမှ အဓမ္မဝါဒမှန်းသိနိုင်မည့်နေရာ၌ နာမည်တိုက်ရိုက်သုံးစွဲထားသည့် စာအုပ်ဖြစ်ပါသည်။
ထိုအခါ ဆရာတော်တစ်ပါးကသုံးလျှင်လည်း သိမ်သိမ်မွေ့မွေ့သုံးဟု မိန့်ပါသည်။
ကျွန်ုပ်လည်း ဆရာတော်ကြီးများ ကတိတည်လိမ့်မည်ဟု ယုံကြည်ကာ လက်မှတ်ရေးထိုးခဲ့ပေသည်။
ဒုတိယစာအုပ် ပရိယတ္တိရွှေချိန်ခွင်စာမူတင်သည့်အခါ ဆရာတော်ကြီးများက
ချမပေးဘဲ ကြေးများနေပေသည်။ မူဘောင်အတိုင်း ကိုင်ထားကြလေသည်။
၎င်းတို့ခွင့်ပြုချက်အတိုင်း ညင်သာစွာ သုံးစွဲထားပါလျက်နာမည်တွေပါလို့ မူဝါဒနှင့်မညီဟု ဆိုကာ ပယ်ချလိုက်ကြလေသည်။ သို့ဖြင့် ကျွန်ုပ်လည်း ကျွန်ုပ်ဘက်က အမှားအယွင်းမရှိရလေအောင်
နာမည်များကိုဖျက်၍ နာမည်များနေရာ၌ ကွက်လပ်ချန်ကာ ဒုတိယအကြိမ် ပြန်လည်တင်လျှောက်ရလေသည်။ ဒုတိယအကြိမ်၌လည်း စာမူချမပေးပေ။
ထိုအခါ သူဌေးတန်းဆရာတော်နှင့် ကသာဆရာတော်တို့က ကျမ်းစာဌာနရှိ အရာရှိများထံ သွားကာ အဆိုပြုကြလေသည်။ ကျမ်းစာဌာနရှိ လူပုဂ္ဂိုလ်များသည် ဆရာတော်နှစ်ပါးကို မလွန်ဆန်လို၍
တာဝန်ကျ အဓိပတိဆရာတော်ကြီးထံ စာမူတင်လိုက်လေသည်။
ထိုဆရာတော်ကြီးသည် သာသနာသန့်ရှင်းရေးပြဿနာ၌ ကျွန်ုပ်အား တစ်ဖက်သတ်အထင်လွဲကာ အမျက်တော်ထားသူဖြစ်သည့်အလျောက် စာမူကို ပယ်ချပြန်လေသည်။
သူဌေးတန်းဆရာတော်နှင့်ကသာဆရာတော်နှစ်ပါးလည်း
ထိုဆရာတော်ကြီးထံ ဦးညွတ်ကြပြန်လေသည်။
သို့သော် ထိုဆရာတော်ကြီးကား သာသနာကို ချစ်မြတ်နိုးသည်ထက်
ဂိုဏ်းဂဏကို ပို၍ချစ်မြတ်နိုးသူ ဖြစ်ရသည့်အလျောက် ပုဂ္ဂိုလ်ရေးရာ အာဃာတများကို စားပွဲဝိုင်းလုပ်ငန်းခွင်အတွင်းသို့ ယူခဲ့ရှာလေသည်။
ဓမ္မက္ခန္ဓာရှစ်သောင်းလေးထောင်ကို အာရုံဆောင်ထားသော်လည်း
ဦးနှောက်ထဲမှာသာ သိမ်းဆည်းထားပုံရပေသည်။ နှလုံးအိမ် နှလုံးသွေးထဲသို့ ရောက်ပုံမပေါ်ပေ။
ထို့ကြောင့် ဂုဏ်ကြီးသည့်အလျောက် အတ္တလည်းကြီး မာနလည်းကြီးရှာလေသည်။
သာသနာမျက်နှာဘုရားမျက်နှာကိုကြည့်ပြီး ဆုံးဖြတ်ရမည့် စာမူကို ဘုရားမျက်နှာ သာသနာမျက်နှာကို မကြည့်တော့ဘဲ ပုဂ္ဂိုလ်ရေးကိုကြည့်ကာပစ်ပစ်ခါခါ ပယ်ချလေသည်။
ဘုရားသားတော် အာဏာရှိဆရာတော်ကြီးက ဆရာဝန်လိုတောင် မကျင့်နိုင်ရှာပေ။
ဆရာဝန်၏ အလုပ်သည် ဆေးကုခြင်းပင် ဖြစ်သည်။ ချစ်သူပင်ဖြစ်စေ မုန်းသူပင်ဖြစ်စေ၊ မိတ်ဆွေပင်ဖြစ်စေ၊ ရန်သူပင်ဖြစ်စေ၊အကျိုးပြုသူပင်ဖြစ်စေ၊ အကျိုးဖျက်သူပင်ဖြစ်စေ၊ မည်သူပင်လာလာ ရောဂါပျောက်အောင် ဆေးကုရမည့်တာဝန်မှာဆရာဝန်၏ တာဝန်ပင် ဖြစ်လေသည်။ မုန်းသူဖြစ်၍၊ ရန်သူဖြစ်၍၊ အကျိုးဖျက်သူဖြစ်၍ ဆိုပြီး ဆန့်ကျင်ဘက်ပြုမူခွင့်မရှိပေ။
ထို့အတူပင် ဘုရားသားတော်များသည် ဘုရားမျက်နှာသာကြည့်၍ ဘုရားသာသနာအကျိုးသာရွက်ဆောင်ရမည် ဖြစ်သည်ကို ထိုဆရာတော်ကြီး လျစ်လျူရှုခဲ့ပေသည်။ အချင်းချင်းအပေါ်တော့ အဆိပ်ပြင်းပါသော ဆရာတော်ကြီးပါတကား။
(ထိုဆရာတော်ကြီးတင်မဟုတ်ပါ၊ ညွှန်ချုပ်မျိုးမြင့်ကလည်း ပယ်ခဲ့ပေသည်)
ထို့အတူပင် ဘုရားသားတော်များသည် ဘုရားမျက်နှာသာကြည့်၍ ဘုရားသာသနာအကျိုးသာရွက်ဆောင်ရမည် ဖြစ်သည်ကို ထိုဆရာတော်ကြီး လျစ်လျူရှုခဲ့ပေသည်။ အချင်းချင်းအပေါ်တော့ အဆိပ်ပြင်းပါသော ဆရာတော်ကြီးပါတကား။
(ထိုဆရာတော်ကြီးတင်မဟုတ်ပါ၊ ညွှန်ချုပ်မျိုးမြင့်ကလည်း ပယ်ခဲ့ပေသည်)
ထိုဆရာတော်ကြီးသည် သူ၏တပည့်ပင်ဖြစ်ပါစေ၊ သူ့အလိုမကျက ဤကဲ့သို့ပင် ပြုမူလေ့ရှိသည်ဟု
ကျွန်ုပ်နှင့်ဘဝတူ ကျမ်းပြုဆရာတော်တစ်ပါးက ပြောလေသည်။ ၄င်းက သူ့ဆရာ၏ဘက်လိုက်ဆုံးဖြတ်မှုများ၊
တရားမဲ့ပြုကျင့်မှုများကို မှတ်တမ်းလုပ်ထားသည်။ အသုံးလိုက ယူပါဟု ပေးလေသည်။
ကျွန်ုပ်သည် ထိုအချက်အလက်များကို ကိုင်၍ပင် မကြည့်ခဲ့ပေ။
ဓမ္မအတွက် သာသနာအတွက်မဟုတ်ဘဲ ပုဂ္ဂိုလ်ရေးရာ တိုက်ခိုက်ဖို့အတွက် ကျွန်ုပ်မှာ အစွမ်းမရှိ၊
ဓမ္မအတွက် သာသနာအတွက်မဟုတ်ဘဲ ပုဂ္ဂိုလ်ရေးရာ တိုက်ခိုက်ဖို့အတွက် ကျွန်ုပ်မှာ အစွမ်းမရှိ၊
အဆိပ်မရှိပေ။ ပုဂ္ဂိုလ်ရေးရာ၌ ကျွန်ုပ်ကား အစွယ်မထက်၊ အဆိပ်မပြင်း၊ အဆိပ်မရှိသည့် ရေမြွေတစ်ကောင်သာဖြစ်လေသည်။
ထို့ကြောင့်လည်း ကျွန်ုပ်အား လက်မှတ်ထိုးခိုင်းရာ အကြောင်းမသိဘဲ လှိမ့်ငေါက်နေသော အာဏာရှိဆရာတော်ကြီးများအပေါ် အပြစ်မယူနိုင်ခဲ့ခြင်း ဖြစ်ပါ၏။
ဤကား မဟနအဖွဲ့၏ တစ်လွဲဆံပင်ကောင်းပုံ ဖြစ်ပါသည်။
ထို့ကြောင့်လည်း ကျွန်ုပ်အား လက်မှတ်ထိုးခိုင်းရာ အကြောင်းမသိဘဲ လှိမ့်ငေါက်နေသော အာဏာရှိဆရာတော်ကြီးများအပေါ် အပြစ်မယူနိုင်ခဲ့ခြင်း ဖြစ်ပါ၏။
0 Response to "သမိုင်း၏တရားခံ အခန်း(၅) ရေးသားသူ-ဆရာတော် ၀ီရသူ(မစိုးရိမ်)"
Post a Comment