နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ....
Image and video hosting by TinyPic

" အလောင်းတော်တို့ စိတ်ထား " - မဟာဗောဓိမြိုင်ဆရာတော်"

" အလောင်းတော်တို့ စိတ်ထား "

အလောင်းတော်တကာ သူတော်စွာတို့၏ ကိုင်စွဲသောလက်နက်နှင့်
ထားမြဲသော စိတ်ထား
တို့မှာကား -
၁ - သီလ - ကိုယ်ကျင့်တရားမပျက်ပြားခြင်း။
၂ - သစ္စာ - မှန်သည်ကိုသာ ပြုလုပ်ပြောဆိုခြင်း၊
၃ - မေတ္တာ - တစ်ဦးတည်းသောသား၌ ထားသောစိတ်ထားမျိုးကိုသာ အများ၌ထားရှိခြင်း၊
၎ - ခန္တီ - တစ်ဦးတည်းသောသား၌ ကောင်းဆိုးတို့ကို ခွင့်လွှတ်သော စိတ်ထားမျိုးကိုသာ
အများအပေါ်၌ ထားရှိခြင်းပင်။
အထက်ပါလေးမျိုးတို့တွင်-
သီလ၊ သစ္စာကား အမြဲကိုင်စွဲကြသည့် လက်နက်ပမာတည်း။
ခန္တီ-မေတ္တာကား အမြဲထားရှိသည့် နှလုံးသား၊ လွှာ-ကာ ဒိုင်းပမာတည်း။
သစ္စာထိုက်အောင် သီလမြဲမှဖြစ်၏။
သည်းခံနိုင်အောင် မေတ္တာရှိမှ ဖြစ်၏။
ထိုအားလုံးတွင် သီလသည် ဦခေါင်းတည်း။
တစ်ဖန်လည်း ရန်သူကို ခုခံရာ၌ သီလ၊ သစ္စာသည်သာ အရေးပါချေ၏။ ရန်သူ အတု၊အစစ်
ကို ခွဲကြည့်ရာ၌ ခန္တီ၊ မေတ္တာသည် အရေးပါချေ၏။ ထိုအရာအားလုံးတွင်လည်း သီလသည်သာ
ဦးခေါင်းတည်း။
အဘယ်ကြောင့်ဆိုသော် -
သီလ၌တည်၍ ဆိုသော သစ္စာသည်သာ အရာရာစူးရှစေ၏။
သီလ၌တည်၍ ထားရှိသော မေတ္တာသည်သာ အရာရာသို့ လွှမ်းခြုံနိုင်စေ၏။
သီလ၌တည်၍ ခွင့်လွှတ်သော ခန္တီသည်သာ အရာရာကိုအောင်နိုင်စေ၏။

0 Response to "" အလောင်းတော်တို့ စိတ်ထား " - မဟာဗောဓိမြိုင်ဆရာတော်""

လာရောက်လည်ပတ်ကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ...