နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ....
Image and video hosting by TinyPic

ဥာဏ် (၅)ပါး နှင့် ၀ိပဿနာမဂ္ဂင် အမည် (၄) မျိုး

၁။ ကမ္မဿကတဥာဏ်သည် ကောင်းတာလုပ်ရင် ကောင်းကျိုးပေးတယ်။ မကောင်းတာလုပ်ရင် မကောင်းကျိုးပေးတယ်ဟု သိသောဥာဏ်။
၂။ နာမရူပ ပရိစ္ဆေဒဥာဏ်သည် ရုပ်နာမ်တို့ကို ကွဲကွဲပြားပြား ပိုင်းပိုင်းခြားခြားသိတဲ့ ဥာဏ်။
၃။ ပစ္စယပရိဂ္ဂဟဥာဏ်သည် အကြောင်းအကျိုးသိမ်းဆည်းသိသော (၀ါ) ရုပ်နာမ် မည်ကဲ့သို့ ဖြစ်ပေါ်ကြောင်းဆိုတဲ့ အကြောင်းနှင့်အကျိုးကို သိမ်းဆည်းသိသောဥာဏ်။
၎။ ၀ိပဿနာဥာဏ်သည် အာရုံနှင့် ဒွါရ တိုက်ဆိုင်လို့ ရုပ်နာမ် ဖြစ်ပြီးပျက်သွားတာကို လောကီမဂ္ဂင် (၅) ပါး ရှုဥာဏ်တရားနှင့်စောင့်ကြည့်တဲ့ ဥာဏ်။
၅။ မဂ်ဥာဏ်သည် မဂ္ဂင် (၅) ပါးပြည့်စုံတဲ့ဥာဏ်။ ၀ိပဿနာမဂ္ဂင် (၅) ပါးနှင့် မလုပ်ပဲ သောတာပန်တည်လိမ့်မည် မဟုတ်ပါ။ 

ဝိပဿနာမဂ္ဂင်သည် အမည် (၄) မျိုး ရှိပါတယ်။
၁။ ပုဗ္ဗဘာဂမဂ် ရှေ့ ဦးမဂ်
၂။ လောကီမဂ် လောကုတ္တရာ (၈) ပါးမဂ်မဟုတ်သော
၃။ ပဉ္စင်ဂိကမဂ် ပညာမဂ္ဂင် (၂) ပါးနှင့် သမ္မာဓိမဂ္ဂင် (၃) ပါးမဂ်
၎။ ၀ိပဿနာမဂ် ဖြစ်ပျက်ကိုမြင်သောမဂ်။

0 Response to "ဥာဏ် (၅)ပါး နှင့် ၀ိပဿနာမဂ္ဂင် အမည် (၄) မျိုး"

လာရောက်လည်ပတ်ကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ...