နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ....
Image and video hosting by TinyPic

သမိုင်း၏တရားခံ အခန်း(၁၃) ရေးသားတင်ပြသူ-ဆရာတော် ၀ီရသူ(မစိုးရိမ်)

သမိုင်း၏တရားခံ ။ ။ ဤသလျှင် မဟာနယကဆရာတော်များသည် သာသနာတော်သန့်ရှင်းရေးကို
ဦစားပေး ဆောင်ရွက်မှုမရှိဘဲ လျစ်လျူရှုထားခြင်း၊ ၄င်းအဖွဲ့၌ပင် မသန့်ရှင်းသူများ ပါဝင်နေခြင်း၊ အဖွဲ့ဝင်များကို ရွေးချယ်ရာ၌ သံဃာ့ဆန္ဒကို မခံယူခြင်း၊ ဓမ္မဝိနယမဏ္ဍိုင်ကို အလေးမထားခြင်း၊ အကျင့်ပျက်ခြစားမှုများ မတရား ဆုံးဖြတ်မှုများ ပြည့်လျှံနေခြင်း၊ အဓမ္မကို အကာအကွယ်ပေးထားခြင်း၊ သံဃာထုအပေါ် အာဏာကို အလွဲသုံးစွဲ အနိုင်ကျင့်နေခြင်း၊ ဒီမိုကရေစီ စနစ်ကိုကို မကျင့်သုံးဘဲ အာဏာရှင်စနစ်ကို ကျင့်သုံးနေခြင်း၊ ရဟန်းပျို အုပ်ချုပ်ရေး စနစ်ကို သံဃာထု၏ လေးစားမှုကို မခံယူရခြင်း၊ ဘွဲ့တံဆိပ်သာသနာထူထောင်ပြီး ဘုရားသာသနာကို ဖျက်ဆီးနေခြင်း၊ စာပေစိစစ်ရေးကို ဘောင်ခတ်ပြီး ဓမ္မကို မျက်ကွယ်ပြုထားခြင်း၊ သံဃာထုဘေးကင်းလုံခြုံအောင် အကာ
အကွယ်မပေးနိုင်ခြင်း၊ သာသနာအကျိုးကို မသယ်ပိုးဘဲ ကိုယ်ကျိုးရှာနေခြင်း၊ ပထမပြန် စာမေးပွဲများကို တိုင်းစစ်ပြည်နယ်စစ် ခွဲထုတ်၍ ပရိယတ္တိသာသနာကို ဖျက်ဆီးနေခြင်း၊ ဓမ္မဘက်မှာ မရပ်တည်ဘဲ အဓမ္မဘက်မှာ ရပ်တည်နေခြင်း၊ ၄င်းတို့၏ လက်ရုံးတပည့်ကြီးများက တိုင်းသူပြည်သားတွေကို အနိုင်ကျင့်နေခြင်း . . . . .ဤသို့သောအကြောင်းတရားများကြောင့် သာသနာတော်ပျက်စီးယိုယွင်းရခြင်းဖြစ်လေသည်။ မြန်မာသက္ကရာဇ် ၁၂၄၀ ပြည့်နှစ်တွင် ယောမင်းကြီးဦးဖိုးလှိုင်သည် ရာဇဓမ္မသင်္ဂဟကျမ်းကို ပြုစုခဲ့၏။
ထိုကျမ်း၌ မြန်မာ့အခြေခံ အုပ်ချုပ်ရေးစည်းမျဉ်းကို အပြည့်အစုံ တင်ပြထား၏။ ဦးဖိုးလှိုင်ကား ယနေ့ခေတ် လူပေါင်း (၁၀ဝ၀)ကျော် ပါဝင်၍ ဆယ်စုနှစ် နှစ်ခုနီးပါးမှ ရေးဆွဲရသော အခြေခံဥပဒေကို တစ်ယောက်တည်း ရေးဆွဲခဲ့သော မြန်မာနိုင်ငံ၏ ပထမဦးဆုံး ဒီမိုကရေစီဖခင်ကြီး ဖြစ်လေ၏။ သက်ဦးဆံပိုင်ဘုရင်စနစ်ကို စာပေအနုပညာဖြင့် တော်လှန်ခဲ့သော ဒီမိုကရေစီတော်လှန်ရေးသမားကြီး ဖြစ်၏။ သူပြုစုသော ဒီမိုကရေစီမှာ ပုံတူ ကူးယူထားသည့် မူပွားဒီမိုကရေစီမဟုတ်၊ နိုင်ငံ၊ လူမျိုး၊ ဘာသာယဉ်ကျေးမှုတို့နှင့် အံဝင်ခွင်ကျအောင် စီစဉ်ထားသော ယိုးဒယားပတ်ပျိုးသာ ဖြစ်၏။ သက်ဦးဆံပိုင်ဦးဖိုးလှိုင်အနေဖြင့် သက်ဦးဆံပိုင်ရှင်ဘုရင်နှင့် မင်းမျိုးမင်းနွယ် အန္တရာယ်ကင်းရေး၊ ပြည်သူလူထု လူ့အခွင့်အရေး အပြည့်အဝ ဖော်ဆောင်ရေး၊ နိုင်ငံတော်ကြီးဖွံ့ဖြိုးတိုးတက်ရေး
တို့ကို ရှေ့ရှုဦးတည်၍ တင်ပြခြင်းဖြစ်၏။ အေဒီ(၁၇)ရာစုတွင် အင်္ဂလန်ပြည် ခေတ်ဟောင်းတော်လှန်ရေး ပါလီမန်ခေါင်းဆောင် Cyomwell(ကရွမ်းဝဲ)က ပထမချားလ်ဘုရင်ကို သေဒဏ်ပေးကာ ခေါင်းဖြတ်သတ်ခဲ့၏။
အေဒီ(၁၈)ရာစုတွင် ဖြစ်ပွားသော ပြင်သစ်အရေးတော်ပုံကြီးကြောင့် သက်ဦးဆံပိုင် Louis 14(လူဝီဘုရင်၁၄) နှင့် မိဖုရားကို ပြည်သူ့လွှတ်တော်က စက်တိုင်တင်၍ ခေါင်းဖြတ်သတ်ခဲ့၏။
ဒီမိုကရေစီခေတ်ရေစီးကြောင်းသည် ကမ္ဘာတလွှားသို့ စီးဆင်းနေပေရာ မြန်မာပြည်၌ သက်ဦးဆံပိုင်ဘုရင်စနစ် တော်လှန်ရေးပေါ်ပေါက်ခဲ့သော် ထိုဘုရင်များကဲ့သို့ အန္တရာယ်မဖြစ်စေရန်အလို့ငှာ မင်းမျိုးမင်းနွယ်ကိုကာကွယ်လိုသော စေတနာကောင်းဖြင့် တင်ပြခြင်းဖြစ်၏။ တိုင်းပြည်နှင့်လူမျိုးအတွက်မှာမူ အထူးပြောစရာမလိုချေ။ ဦးဖိုးလှိုင်ကို အပြည့်အဝ ထောက်ခံအားပေးခဲ့သူမှာ ကင်းဝန်မင်းကြီးဦးကောင်း ဖြစ်၏။ ထိုစနစ်ကို စုဖုရားလတ် အမျက်တော်ရှ၍ ပယ်ချလိုက်၏။ ၁၂၄၀ ခုနှစ်၌ တင်သွင်းရာ မလိုက်နာခဲ့သဖြင့် ၁၂၄၇ ခုနှစ်၌ မင်းနှင့် တိုင်းပြည်တစ်ခုလုံး ကျွန်ဘဝရောက်ခဲ့ရ၏။
(ညိုမြ၊ ကုန်းဘောင်ရှာပုံတော်၊ ၄၉၆ -၇)
ကျွန်ုပ်သည် ကျွန်ုပ်တို့၏ အနာဂတ်သာသနာအတွက် ဤစာတမ်းကို ပြုစုပါသည်။ အတ္တကြီး၍
အမြင်ကျဉ်းလျှင် စုဖုရားလတ်လို ပယ်ချနိုင်ပါသည်။ အတ္တပါးလွှာ၍ အမြင်ကြီးအမြင်ကျယ်ပါမူ အပြုသဘောနှင့် ဝေဖန်အကြံပြု၍ အနာဂတ်သာသနာ၏ အခြေခံအုဋ်မြစ်ကို စနစ်တကျ ခိုင်မာအောင် လုပ်သင့်ပါသည်။
အကယ်၍ ရောဂါပေါင်းစုံ ဝင်ရောက်နေသည့် ဂိလာနသာသနာကို အချိန်မီမကုစားပါလျှင် သမိုင်း၏တရားခံသည် စုဖုရားလတ်ပင်ဖြစ်ပေမည်။ သမိုင်း၏ လက်ညှိုးထိုး ကျိန်ဆဲမှုကို ခံရပါလိမ့်မည်။ သာသနာကြီး နာတာရှည် ရောဂါဆိုးကြီးဖြင့် ပျက်စီးရပါလိမ့်မည်။ ဤသို့ဆိုလျှင် သမိုင်း၏တရားခံအစစ်သည် သင်ကိုယ်တိုင်ပင် ဖြစ်ပေလိမ့်မည်။
မှတ်ချက် ။ ။ မဟာနာယကအဖွဲ့၌ မင်းကွန်းဆရာတော်၊ မကွေးဆရာတော်၊ မစိုးရိမ်
ဆရာတော်ကဲ့သို့သိက္ခာ၊ သမာဓိနှင့်ပြည့်စုံပြီး သာသနာအကျိုးကို တကယ်သယ်ပိုးသည့် ဘုရားသားတော် အစစ်ကြီးများကို မရည်ညွှန်းပါ။
ကျွန်ုပ်သည် ဤစာတမ်းကို မော်စကိုမြို့မှာ ရေးသားပါသည်။ ဤစာမူထွက်ရှိလာသောအခါ၌ စနစ်
မပြောင်းသေးလျှင် တစ်ခေါက်ဂျောင်းရပေဦးမည်။ ထိုအခါ မော်စကိုသို့ ဒုတိယမို့ ခြေဦးလှည့်ခွင့်ပေးတော်မူသော ဆရာကြီးများကို ကျေးဇူးတင်ရပေဦးမည်။

0 Response to "သမိုင်း၏တရားခံ အခန်း(၁၃) ရေးသားတင်ပြသူ-ဆရာတော် ၀ီရသူ(မစိုးရိမ်)"

လာရောက်လည်ပတ်ကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ...