သမိုင်း၏တရားခံ အခန်း(၃) ရေးသားသူ-ဆရာတော် ၀ီရသူ(မစိုးရိမ်)
မဏ္ဍိုင်ဗဟိုလဲပြိုနေ
မဟနအဖွဲ့၏ အဓိကလုပ်ဆောင်ရမည့် လုပ်ငန်းကြီးတစ်ခုမှာ ဝိနိစ္ဆယ(တရားဆုံးဖြတ်မှု)
မဏ္ဍိုင်သည် တရားရင်ဆိုင်သည့် ကျောင်းပြဿနာ၊ မာတုဂါမပြဿနာ စသည့် အာပတ္တာဓိကရုဏ်းအမှု/ဓမ္မ/အဓမ္မ၊ ဝိနယ/အဝိနယ စသည်ဖြင့် အငြင်းပွားမှု ဝိဝါဒါဓိကရုဏ်း အမှုတို့ကို ဆုံးဖြတ်ရလေသည်။
ထိုသို့သောအမှုများ၌ ဆိုင်ရာအဖွဲ့အစည်းများက လုပ်ပိုင်ခွင့်ကို အခွင့်ကောင်းယူပြီး လာဘ်စာခြင်း၊ အဂတိလိုက်ခြင်း၊မတရားဆုံးဖြတ်ခြင်းများ ပြုလုပ်လာကြသဖြင့် သံဃာ့အဖွဲ့အစည်းသည်
သံဃာထု၏ ငြိုငြင်မှုကို ခံနေရသောအဖွဲ့အစည်းကြီး ဖြစ်နေပေသည်။
ထိုသို့သောအမှုများ၌ ဆိုင်ရာအဖွဲ့အစည်းများက လုပ်ပိုင်ခွင့်ကို အခွင့်ကောင်းယူပြီး လာဘ်စာခြင်း၊ အဂတိလိုက်ခြင်း၊မတရားဆုံးဖြတ်ခြင်းများ ပြုလုပ်လာကြသဖြင့် သံဃာ့အဖွဲ့အစည်းသည်
သံဃာထု၏ ငြိုငြင်မှုကို ခံနေရသောအဖွဲ့အစည်းကြီး ဖြစ်နေပေသည်။
ကျောင်းလုသည့်ပြဿနာ၊ အရှုပ်အရှင်းဖြေရှင်းသည့်ပြဿနာတို့၌ သူ့ဒကာ၊
ကိုယ့်ဒကာ၊ သူ့ဆရာ၊ ကိုယ့်ဆရာ၊ သူ့အဖွဲ့၊ ကိုယ့်အဖွဲ့ စသည်ဖြင့် သူနိုင်ကိုယ်နိုင်အာဏာပြိုင်ကြလေသည်။
အောက်ခြေအဆင့် အဖွဲ့အစည်းများပိုင် မဆိုထားနှင့် အထက်ဗဟိုမဟနအဖွဲ့မှာပင် ထိုသို့လာဘ်စား၍ မတရားဆုံးဖြတ်မှုများ၊ အနိုင်ကျင့်၍ မတရားဆုံးဖြတ်မှုများ ရှိလေသည်။
လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုကျော်က မဟနအဖွဲ့ကျောင်းပြဿနာတစ်ခု၌ ငွေသုံးသိန်းလာဘ်စား၍ မတရားဆုံးဖြတ်ခဲ့မှန်း မင်းကွန်းဆရာတော်ကြီး သိသွားသည့်အခါ
စိတ်ထိခိုက်ကြေကွဲကာ နိုင်ငံတော်အခမ်းအနားမှာပင် သုံးသိန်းကြီးများတောင်ဟု
ဝမ်းနည်းကြေကွဲစွာ မိန့်တော်မူရှာလေသည်။
ဤကဲ့သို့ တရားဆုံးဖြတ်သည့် ဝိနိစ္ဆရုံးတော်ရောက်သည့်အမှုများ၌ မည်သို့ပင် မတရားဆုံးဖြတ်ပါစေ၊
ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၊ ဂိုဏ်းဂဏတစ်စုတစ်ဖွဲ့လောက်သာ ထိခိုက်နစ်နာပေသည်။
သာသနာတော်တစ်ရပ်လုံးကို မထိခိုက်ပါ။
သာသနာ၏အသက်၊ သွေးကြောကို မထိခိုက်ပါ။ သံဃာ့အဖွဲ့အစည်းနာမည်ပျက်ခြင်း၊ သံဃာထု၏ ယုံကြည်လးစားမှု ကျဆင်းခြင်း၊ အမှုရှုံးသူ နစ်နာခြင်းလောက်သာ အပြစ်အနာအဆာ ရှိခဲ့လေသည်။
ယခုမူ အာဏာ(သို့မဟုတ်) လုပ်ပိုင်ခွင့်ကို အခွင့်ကောင်းယူပြီး ဓမ္မဝိနယမဏ္ဍိုင်ကို လိုအပ်သလို
အလွဲသုံးစားလုပ်လာနေကြသည်ကို တွေ့ရလေသည်။
ဓမ္မဝိနယမဏ္ဍိုင်သည် သာသနာတော်၏ အသက်ဖြစ်သည်။
ဓမ္မဝိနယမဏ္ဍိုင်သည် သာသနာတော်၏ သွေးကြောဖြစ်သည်။
ဓမ္မဝိနယမဏ္ဍိုင် မယိမ်းမယိုင် မြဲခိုင်နေမှ သာသနာ အသက်ရှင်သည်၊ သွေးလည်ပတ်မှု ရနိုင်သည်။
ဓမ္မမရှိလျှင် သာသနာမရှိ၊ ဝိနယမရှိလျှင် သာသနာမရှိ၊ ဓမ္မဝိနယရှိမှ သာသနာရှိနိုင်သည်။
ထို့ကြောင့် ဘုရားသားတော်ဟု မိမိကိုယ်ကို ခံယူထားသူများ၊ သာသနာ့ဝန်ထမ်း၊ ရဟန်း
သံဃာဟု မိမိကိုယ်ကို သတ်မှတ်ထားသူများသည် ဓမ္မဝိနယကို အသက်နှင့်လဲ၍ ကာကွယ်ရပေမည်။
ဓမ္မဝိနယမဏ္ဍိုင်မယိမ်းယိုင်အောင် အသက်နှင့်ခန္ဓာကို အရင်းတည်၍ ဓမ္မဝိနယဘက်မှ ဆံချည်တစ်ပင် မြူတစ်မှုန်မျှပဲ့ပါမသွားရလေအောင် မားမားမတ်မတ်ရပ်တည်ရမည် ဖြစ်လေသည်။
ဓမ္မဝိနယမဏ္ဍိုင်မယိမ်းယိုင်အောင် အသက်နှင့်ခန္ဓာကို အရင်းတည်၍ ဓမ္မဝိနယဘက်မှ ဆံချည်တစ်ပင် မြူတစ်မှုန်မျှပဲ့ပါမသွားရလေအောင် မားမားမတ်မတ်ရပ်တည်ရမည် ဖြစ်လေသည်။
ထိုသို့ သာသနာ့တော်အတွက်အရေးအကြီးဆုံး အခြေခံအကျဆုံး၊ ပဓာနလုပ်ငန်းကြီးကိုပင်
တရားမဖက် အမှားစွက်ကာ ဖျက်ဆီးလာနေကြပေပြီ။
တရားမဖက် အမှားစွက်ကာ ဖျက်ဆီးလာနေကြပေပြီ။
အမြီးမှခေါင်းအထိ အမြစ်မှအဖျားထိ နည်းနည်းလေးမျှ အထိအပါးမခံရမည်ကို ကောင်လုံးကြော်စားနေကြပေပြီ။ အမြစ်ပါချိုင်နေကြပေပြီ။
သာသနာကို အမြစ်ပါမကျန် တွန်းလှန်ဖျက်ဆီးနေသည့် သာသနာဖျက်အဖွဲ့ အစည်းကြီးဖြစ်မှန်းမသိ ဖြစ်လာနေကြပြီ ဖြစ်ပါ၏။
သာသနာတော်မျက်နှာ ဘုရားမျက်နှာကို လုံးဝမထောက်ထားတော့သည့် သစ္စာဖောက်အဖွဲ့အစည်းကြီး တဖြည်းဖြည်းကြီးထွားလာပြီ ဖြစ်ပါ၏။
0 Response to "သမိုင်း၏တရားခံ အခန်း(၃) ရေးသားသူ-ဆရာတော် ၀ီရသူ(မစိုးရိမ်)"
Post a Comment