သမိုင်း၏တရားခံ အခန်း(၆) ရေးသားသူ-ဆရာတော် ၀ီရသူ(မစိုးရိမ်)
ကျွန်ုပ်တို့ မန္တလေးမြို့၌ ဓမ္မကထိကသင်တန်းတစ်ခုရှိလေသည်။
ရှင်ဥတ္တမကျော် လူထွက်၊ လူပျံတော်ဦးဥုတ်ကျော် ပို့ချသော သင်တန်းဖြစ်၏။
ထိုသင်တန်း၌ ဦးဥုတ်ကျော် ပို့ချနေစဉ် တစ်နေ့တွင် ရဟန်းတော်နှစ်ပါး စာရွက်လာဝေလေသည်။ ထိုစာရွက်မှာ ခရစ်ယာဉ်တို့အား မေးထားသောမေးခွန်း(၂၂)ချက် ဖြစ်လေသည်။
မေးသူက ခရစ်ယာန်ဘာသာမှ ဗုဒ္ဓဘာသာသို့ ရောက်ရှိပြီး ရဟန်းဝတ်နေသူဖြစ်ပြီး၊
အမေးခံရသူက သူ၏ဖခင် ဖြစ်လေသည်။
ထိုစာရွက်များကို သင်တန်းသား ရဟန်းတော်များအား ဝေသွားကြခြင်း ဖြစ်ပေသည်။ ဦးဥုတ်ကျော်ကလည်း ဘာမျှမသိလိုက်ရပါ။ နောက်တစ်နေ့၌ မြို့နယ်သံဃနာယကအဖွဲ့က
ဦးဥုတ်ကျော်ကို ဆင့်ခေါ်ကာ ပရိသတ်များရှေ့တွင် လက်မှတ်ထိုးခိုင်းလေသည်။
ဦးဥုတ်ကျော်က မထိုးနိုင်ပါ။တပည့်တော် ဝေတာမဟုတ်ပါ၊ ဝေသည့်ကိုယ်တော်များကို ခေါ်ပေးပါမည်ဟု လျှောက်လေသည်။
မြို့နယ်သံဃနာယကအဖွဲ့က အာဏာဖီဆန်ရကောင်းလားဟု အပြင်းအထန်ခြိမ်းခြောက်ပါသည်။ ဦးဥုတ်ကျော်ကဖမ်းလျှင်လည်းဖမ်း၊ ပိတ်လျှင်လည်း ပိတ်၊ တပည့်တော် ဖြန့်ဝေတာ မဟုတ်၍ မထိုးနိုင်ပါဟု ထပ်လျှောက်လေသည်။
ထိုအချိန်၌ လူ့အဖွဲ့အစည်း သံဃာ့အဖွဲ့အစည်း စုံညီနေရာ မြို့နယ်သံဃနာယကအဖွဲ့က ဌာနတာဝန်ခံများကို ဦးဥုတ်ကျော်ကို ဖမ်းချုပ်ဖို့ အမိန့်ပေးလေသည်။
လူ့အဖွဲ့အစည်းများကလည်း သာသနာရေးကိစ္စဖြစ်နေ၍ ဆင်ခြင်ရပေရာ အရမ်းကာရော မလုပ်ရဲကြပေ။
ထိုအချိန်မှစ၍ မြို့နယ်သံဃနာယကအဖွဲ့သည် ဦးဥုတ်ကျော်အပေါ် အညှိုးထားလေသည်။
နောက်နှစ်သင်တန်းကာလ ပြန်စဖို့ ခွင့်ပြုချက်လျှောက်သည့်အခါ သံဃနာယကအဖွဲ့က
ချမပေးတော့ပေ။
မြို့နယ်အာဏာပိုင် လူ့အဖွဲ့အစည်းများက ခွင့်ပြုမှ သူတို့ကလည်း ခွင့်ပြုမည်ဟု ညစ်ပတ်ထား
လေသည်။
ဤသို့ဖြင့် ဤအမှုသည် ကျွန်ုပ်ထံသို့ ရောက်လာရာ မြို့နယ်သံဃနာယကနှင့် သွားတွေ့ပါသည်။
ကျွန်ုပ်က သာသနာရေးကိစ္စမှာ သံဃာ့အဖွဲ့အစည်းက အဓိကဖြစ်ပါလျက်၊ လူ့အဖွဲ့အစည်းကို ပုံချတာဟာ
အဓိပ္ပါယ်မရှိကြောင်း၊ ပြောင်းပြန်ကြီး ဖြစ်နေကြောင်း လျှောက်ထားရာ ဝန်ခံလေသည်။
သို့သော် ခွင့်မပြုနိုင်ဟု အကြပ်ကိုင်လေသည်။
ဤသို့ဖြင့် မယကနှင့်ထောက်လှမ်းရေးအား အကူအညီတောင်းရာ ၄င်းတို့က မြို့နယ်
သံဃနာယကသည် အစိုးရနှင့်သံဃာထုကို တိုက်ပေးနေသည်ဟု ဆိုကာ ဖြုတ်ချမည်လုပ်လေသည်။ ထိုအခါကျမှ မြို့နယ်သံဃနာယကအဖွဲ့က ဓမ္မကထိကသင်တန်းကို ခွင့်ပြုချက်ပေးလေသည်။
ရာထူးပြုတ်မှာတော့ ကြောက်ကြ၏၊ ဓမ္မအန္တရာယ်အတွက်ကြောင့် အပါယ်ငရဲလားမှာတော့ မကြောက်ကြပေ။
"မောင်းထောင်နှင့်တောင်ငူ။ ။"
ဤနေရာ၌ ကျွန်ုပ်သည် အင်းဝရှင်ဘုရင် ဘိုးတော်ဦးဝိုင်းလက်ထက်က ပြဿနာတစ်ခုကို သတိရမိ၏။
သာသနာပိုင် မောင်းထောင်ဆရာတော်သည် တောင်ငူမင်း၏ဆရာ ဆရာတော်ဦးတေဇကို စာမရ၍ ဒဏ်ပေးလေသည်။
တောင်ငူမင်းက သူ့ဆရာကို ဒဏ်ပေးရကောင်းလားဟု မောင်းထောင်ဆရာတော်ကို အပြစ်တင်လေရာ လူနှင့်ရဟန်း အချင်းပွားကြလေသည်။
မောင်းထောင်ဆရာတော်က ထွေးခံဖြင့် တောင်ငူမင်းကို ပေါက်သည်။
တောင်ငူမင်းကလည်း ပြန်ပေါက်သည်။ မောင်းထောင်ဆရာတော်က တောင်ငူမင်းကို ခြေဖြင့်ကန်သည်၊ တောင်ငူမင်းက နပန်းပြန်လုံးသည်။
လူမင်းနှင့်ရဟန်းမင်း၊ လူအရာရှိနှင့် ရဟန်းအာဏာရှိတို့ နပန်းသတ်ပွဲမှာ နေပြည်တော်တစ်ဝှမ်းလုံး ကျော်စောသွားလေသည်။
သာသနာလောက၌ မောင်းထောင်ကလည်း ထောင်လွန်း၊ တောင်ငူကလည်း ငူလွန်း ဟု ပြောစမှတ် ဖြစ်သွားခဲ့လေသည်။
တောင်ငူမင်းက သံဃာ့ပရိသတ်ရှေ့တွင် မောင်းထောင်ဆရာတော်အား ဝန်ချတောင်းပန်ရာ၊
မောင်းထောင်ဆရာတော်ကလည်း ပြန်လည်တောင်းပန်ခဲ့ပေသည်။
မင်းပရိသတ်၊ သံဃာ့ပရိသတ်ရှေ့တွင် အပြန်အလှန် တောင်းပန်ကြရာတွင် မောင်းထောင်ဆရာတော်၏ စကားတော်မှာ မှတ်သားဖွယ်ကောင်းလှပေသည်။
"အင်းး - သာဓု၊ သာဓု၊ သာဓု။ ငါသည်းးခံ၏၊ မင်းးသားချည်းး မှားသည်မဟုတ်၊ ငါလည်း
မှားလေသည်၊ မင်းးသားလည်းး ပုထုဇဉ်၊ ငါလည်းး ပုထုထုဇုဇဉ် ဖြစ်ခဲ့၏။ ပုထုဇဉ်ဂတိကို လိုက်စားမိသည့်အတွက် ဖြစ်ကြသောကြောင့် မှားကြချေပြီ။
ပုထုဇဉ်ပင်ဖြစ်သော်လည်း ငါကသာ၍ မှားချေသည်။
မြတ်စွာဘုရား၏ အရေတော်ကို ဝတ်ဆင်မြန်းလျက် မဟာသံဃရာဇာအမည်ကို ရရှိသဖြင့် သည်းမခံနိုင်ဘဲ သာသနာပိုင် ဂုဏ်ယစ်မူးသောကြောင့် ဒေါသာဂတိသို့ လိုက်စားမိသဖြင့် ဖြစ်ရချေသည်။
သို့အတွက် မင်းးသားလည်းး ငါ့အပေါ် အမျက်မမထားလေနှင့်၊ သည်းးခံလေ"
ဤသို့ မိန့်တော်မူသောအခါ မင်းပရိသတ်၊ ရဟန်းပရိသတ်အားလုံး ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ကြ
လေသည်။ (ညိုမြ၊ ကုန်းဘောင်ရှာပုံတော်၊ စာ-၂၆၉)
သိက္ခာသမာဓိအရာ၌ မည်သို့မျှ အပြစ်ဆိုစရာမရှိသော ရှေးဆရာတော်ကြီးများသည်ပင် သာသနာပိုင်
ဂုဏ်ယစ်မူးသောကြောင့် ဒေါသဖြင့် ဆုံးဖြတ်မိကြသေးလျှင် ယခုခေတ်ဆရာတော်များကား ဆိုဖွယ်ရပင်မရှိချေ။
ပညာရှိ သတိဖြစ်ခဲ ဆိုသည့်အတိုင်း သတိလွတ်၍ မှားခြင်းမျိုးကား ခွင့်လွှတ်စရာ ဖြစ်လေသည်။ ရည်ရွယ်ချက်ရှိရှိဖြင့် တမင်တကာ ဘောင်ထဲက ညစ်ပတ်ခြင်းမျိုးကား မလုပ်ထိုက်သောအမှားမျိုး ဖြစ်လေသည်။
ထို့ကြောင့် ရာထူးကြီးကြသူများ သတိကြီးကြစေချင်ပါသည်။ အာဏာကြီးကြသူများ သတိကြီးကြစေချင်ပါသည်။
သတိမပါသော ရာထူးအာဏာကား အပြုထက် အဖျက်ဘက်၌ အစွမ်းထက်တတ်ကြပါ၏။
0 Response to "သမိုင်း၏တရားခံ အခန်း(၆) ရေးသားသူ-ဆရာတော် ၀ီရသူ(မစိုးရိမ်)"
Post a Comment