“အနတ္တလက္ခဏသုတ်တော်အကြောင်း”
====================
လောဘစသော ကိလေသာတို့သည် အာရုံ (၆)ပါးတို့ကို စွဲလမ်းတတ်ကြ၏။
ပုထုဇဉ်ပုဂ္ဂိုလ်တို့၌ ကိလေသာတရားတို့ ထူပြောများပြားလျက် ရှိကြသည်။
အစွဲတရားပြင်းထန်ကြသည်၊ မိမိကိုယ်ခန္ဓာကို အသက်၊ လိပ်ပြာ၊ ၀ိညာဉ်ကောင်ဟု
စွဲလမ်းသော အတ္တစွဲသည် အခွာရ အခက်ခဲဆုံး အပြင်းထန်ဆုံးသော အစွဲဖြစ်သည်။
သတ္တ၀ါတို့ကို ဒုက္ခအပေးဆုံးလည်း ဖြစ်သည်။ ဘုရားမပွင့်မီက ဘုရားဟု
အမည်ခံနေသူများလည်း အတ္တ၀ါဒ ရှိသူချည်းသာ ဖြစ်ကြ၏။ အတ္တစွဲကို
ခွာပစ်နိုင်ဖို့မှာ သစ္စာလေးပါးတရားကို ကိုယ်တိုင် သိရှိမှသာ ဖြစ်နိုင်သည်။
0 Response to "“အနတ္တလက္ခဏသုတ်တော်အကြောင်း”"
Post a Comment