လှေနဲ့တူတဲ့ ခန္ဓာ
ငါတို့ခန္ဓာ၊ လှေအိုကြီးမို့
ရေကိုဆီးလို့၊ ပိတ်စို့ကွယ်၊
ကိလေသာရေ၊ စီးဝင်ရောက်သ၍
ခရီးစဉ်ကောက်ကွေ့၊ ကြာလိမ့်မယ်၊
နိဗ္ဗာန်ကမ်းကို၊ ရောက်ရန်အရေးက
မြန်မြန်ပြေးမှ၊ ဖြစ်နိုင်တယ်၊
ရေ၀င်များလျှင်၊ ပင်မြစ်သမုဒ်မှာ
သင်နစ်မြုပ်မှာ၊ စိုးပါတယ်၊
အပါယ်ရေမြုပ်၊ ထိုလူအုပ်
ပြန်ဆုတ်၊ ခက်ပါတယ်၊
အဲဒါကြောင့် လှေကိုလည်းဖျက် ရေကိုပက်
ကမ်းတက်ကြအောင်ကွယ်။ ။
0 Response to "လှေနဲ့တူတဲ့ ခန္ဓာ"
Post a Comment