နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ....
Image and video hosting by TinyPic

မိမိနှင့်တူသော ချစ်စရာ

အတ္တသမံ ပေမံ နတ္ထိ - မိမိလောက်ချစ်စရာကောင်းသော အရာဝတ္ထုမည်သည်မရှိ" ဟူသည့်အတိုင်း
အရာရာတိုင်းမှာ ချစ်စရာသဘောရှိ၏။ အရာရာတိုင်းမှာ အလှရှိပါ၏။ မီးမှာလည်းမီးအလှနှင့်မီး၊ မှာလည်းရေအလှနှင့်ရေ၊ အဆိပ်မှာလည်း အဆိပ်အလှနှင့်အဆိပ်။ သို့ရာတွင် ထိုချစ်စရာ ထိုအလှကို
ဘေးလူ သူတစိမ်းအနေဖြင့် ကြည့်၍မမြင်။ မိမိကိုယ်တိုင် မီး၊ မိမိကိုယ်တိုင်ရေ၊ မိမိကိုယ်တိုင်အဆိပ်ဖြစ်ပြီး မိမိကိုယ်မိမိပြန်ကြည့်မှ မိမိ၏ချစ်စရာ၊ မိမိ၏အလှကိ...ုမြင်ရ၏။
ကြည့်တတ်သူနှင့် အကြည့်ခံဝတ္ထုတို့ မကွဲပြား၊ တစ်သားတည်းဖြစ်မှသာ အကြည့်ခံဝတ္ထုတို့၏ အလှ၊
အကြည့်ခံဝတ္ထုတို့၏ ချစ်စရာ၊ ကြင်နာစရာ၊ ကျေနပ်စရာ၊ လေးစားစရာ၊ခွင့်လွှတ်နိုင်စရာတို့ကိုမြင်
နိုင်ပါ၏။ ထို့ကြောင့် မိမိနှင့်တူသောချစ်စရာ ဟူသည်မရှိ "ဟူ၍ မြတ်စွာဘုရားကဟောကြားတော်မူခြင်း ဖြစ်ပါသည်။ (ဦရွှေအောင်-ဓမ္မပဒ)

0 Response to "မိမိနှင့်တူသော ချစ်စရာ"

လာရောက်လည်ပတ်ကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ...