တဏှာ
လူတွေတိုင်းဟာ ပန်းတိုင်တစ်ခုကို ဦးတည်ပြီး လျှောက်လှမ်းနေကြပါတယ်။ ထို ပန်းတိုင်က သေဆုံးခြင်း ပန်းတိုင်ပါပဲ။ မသေဆုံးရလေအောင် ကြိုးစားအားထုတ်တဲ့ ၀ိပဿနာကို အားထုတ်ကြပါတယ်။ ပါရမီအဖြစ်လောက်ပဲ ယူဆောင်သွားနိုင်ကြပေရာ အားထုတ်ဆဲ ၀ိရီယကို လျှော့ချလိုက်တော့ သွားရင်းဝေးတာက နိဗ္ဗာန်၊ သွားရင်း နီးတာက သုဿာန်ဖြစ်နေကြပေသည်။ တဏှာတရားက ဦးဆောင်တော့ သေချာတာက သုဿာန်ပဲလေ။ သေခဲ့တဲ့ ဘ၀ပေါင်းများစွာကို မေ့ရစ်ပြီး ခုထိမိုက်နေကြတာဟာ တဏှာကို ရှေ့တန်းတင်ပြီး လိုက်နာနေကြလို့ပဲဆိုတာကို လူတိုင်းနာလည်စေချင်ပါတယ်။
0 Response to "တဏှာ"
Post a Comment