နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ....
Image and video hosting by TinyPic

မပြောရက်သူများကို ကျေးဇူးဆပ်သူများ


မပြောရက်သူများကို ကျေးဇူးဆပ်သူများ
ပထမဦးစွာ မပြောရက်သူများကို ဖော်ကြရအောင် သူတို့ကဘယ်သူတွေ ဖြစ်နိုင်လဲ။ စဉ်းစားရင် ပေါ်မယ်ထင်ပါတယ်။ မိမိတို့ ဦးစွာ ပေါက်ဖွားခဲ့တဲ့ နေရာဟာ ဘယ်နေရာပါလဲ။ မပြောရက်တဲ့ စကားကကော ဘာတွေပါလဲ။
ဒီနေရာမှာ မိဘကို ယူလိုက်ပါတယ်။ ဒါဆို မပြောရက်သူများကို သိလောက်ပြီ ထင်ပါတယ်။ ကျေးဇူးဆပ်သူများကို ဖော်ကြရအောင် သူတို့ဘယ်သူတွေလဲ။ ဒီနေရာမှာလည်း သားသမီးတွေကို ယူလိုက်ပါတယ်။ သူတို့က ဘာကြောင့်ကျေးဇူးဆပ်မည်နည်း။ သားသမီးများ၏ ကျေးဇူးရှင်သည် မိဘများပင် မဟုတ်ပါလား။ ဘယ်လို ကျေးဇူးများတယ်လို့ ဒီနေရာမှာ မပြောပြတော့ပါဘူး။ အားလုံးလိုလို သိပြီးသားပင် ဖြစ်ပါချိမ့်မည်။ သူတို့ရဲ့ မပြောရက်တဲ့ စကားကိုပဲ ပြောချင်ပါတယ်။ ဘာတွေလဲဆိုတာ ဖော်ပြချင်ပါတယ်။
ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ၊
မွေခံထိုက်စေ၊ လှူမျှဝေ၍၊
စောင့်လေမျိုးနွယ်၊ ၀တ်ငါးသွယ်၊
ကျင့်ဖွယ်သားတို့သမီးတို့တာ။
ဒါလေးကိုလူတိုင်း ဟိုး..ငယ်ငယ်ကလေးကတည်းက ရပြီးဖြစ်ပါလိမ့်မယ်။ သို့သော် သေချာသတိထားပြီး မကြည့်ဖြစ်ကြဘူး။ သိပ်အဓိပ္ပါယ်ရှိတဲ့ မိဘတို့ရဲ့ တောင်းဆိုချက်လေးလို့ သိသူနည်းနေမယ် ထင်ပါတယ်။ သေချာကြည့်စေချင်ပါတယ်။အရမ်းတန်းဖိုးရှိတဲ့ စကားလုံးလေးတွေနဲ့ ဖွဲ့စည်းထားတာပါ။ သူတို့ရဲ့ လိုအပ်ချက်က ငါးချက်လေးရယ်ပါ။ ရိုးရိုးရှင်းရှင်းလေးပဲ တွေးကြစို့ရဲ့။ သူတို့တစ်တွေ အသက်တွေကြီးလာပြီဆိုရင် သူတို့မှာ အိုခြင်းဒုက္ခက လွှမ်းမိုးမယ်ဆိုတာ သိတယ်။ ဒါကြောင့် သူတို့က ပထမဦးဆုံး အနေနဲ့ ဘာတောင်းဆိုသလဲဆိုရင် ငါတို့ကလေတဲ့ မင်းတို့ကို ဟိုး..ငယ်ငယ်ကလေးကတည်းက ကျွေးမွေးခဲ့တာတွေကို သတိရပြီး ငါတို့ အသက်ကြီးလို့ မစွမ်းနိုင်တော့ဘူးဆိုရင်ဖြင့် တဖန်ပြန်လည်ပြီး ကျွေးမွေးပေးပါလို့ တောင်းဆိုထားတာပါ။ ဒီတစ်ချက်နဲ့ ကိုက်ညီနေပြီလား။ ပြန်စဉ်းစားလိုက်ပါဦး။ နောက်တစ်ချက်ဆီကို ထက်သွားလိုက်ကြရအောင်..ဆောင်ရွက်စီမံ တဲ့ ဘာတွေဆောင်ရွက်စီမံမလဲ။ သူတို့ရဲ့ လုပ်ဆောင်ထားခဲ့တဲ့ လုပ်ငန်းအရပ်ရပ်တွေပါ။ အစိုးရနဲ့ ပတ်သက်တာဆို အခွန်ငွေတွေကအစပေါ့။ သူတို့အိုမင်းမစွမ်းဖြစ်နေချိန်မှာ သူတို့ကိုယ်စား လုပ်ဆောင်ပေးပါစေ ဆိုတဲ့ တောင်းဆိုချက်လေးပေါ့။ သိပ်ကောင်းတဲ့ အချက်လေးပါပဲ။ ဒါလေးကော ကိုက်ညီနေပြီလား။ နောက်တစ်ချက်လှမ်းကြဦးစို့။ နောက်တစ်ချက်က ဘာလဲဆိုရင် မွေခံထိုက်စေ တဲ့။ ဒါတော့ သားသမီးတိုင်း နားလည်ထားပြီးသား ဖြစ်နေပါလိမ့်မယ်။ ဒီနေရာမှာ သိပ်ထူးဆန်းနေမယ်ထင်တယ်။ ဘာကြောင့်လည်း တွေးကြည့်ရအောင် အမွေဆိုတာဟာ ထိုက်တဲ့ ပုဂ္ဂိုလ်မှသာလျှင် ရတတ်ကြတယ်။ အမွေထိုက်အောင် ဘယ်လိုလုပ်ကြမလဲ။ ဒါလေးလည်း အရေးကြီးပါတယ်။ လောကမှာ ရှိပါတယ်။ ငါတို့ဖြင့် အမွေလည်း မရလိုက်ပါလား လို့ ဆိုသူတွေ လောကမှာ အများကြီးပါ။ ဘာကြောင့်လဲ စဉ်းစားကြမယ်။ သူတို့မှာ မိဘတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ မေ့နေတတ်ကြတယ်။ ကိုယ်က အိမ်ထောင်ကျပြီ ဆိုကြပါစို့။ အိမ်ထောင်ကျပြီ ဆိုလျှင်ပဲ မိမိရဲ့ အိမ်ထောင်အတွက် ကြိုးစားနေချိန်တွေမှာ မိဘကိုမေ့နေတတ်ကြတယ်မဟုတ်လား။ မိမိမှာအဆင်ပြေနေလျှင် ပိုဆိုးပါလိမ့်မယ်။ မပြေလျှင်တော့ဖြင့် မိမိ၏ မိဘတွေဆီကို အနည်းနှင့်အများ ပြန်စားတတ်ကြသေးတယ်။ မိမိက တကယ်ဆို မိဘတွေကို ပြန်ကြည့်ရမည့်အလှည့်မဟုတ်ပါလား။ မိဘက ပြန်ကြည့်နေရမယ်ဆိုရင် စဉ်းစားကြည့်စမ်းပါ။ ဒါပေမယ့် မိဘကတော့ဖြင့် မပေးမကျွေးမှာမဟုတ်ပါဘူး။ ပေးမှာကျွေးမှာပါပဲ။ မိမိမှာ မယားအတွက် သားသမီးအတွက် ဆိုပြီးရှာထားတဲ့ ပစ္စည်းတွေကို မိဘအတွက် ရည်စူးဖို့လေးတောင်မရှိဘူးဆိုရင်ဖြင့် တစ်နည်းဆိုရသော် မပေးမကျွေးဘူးဆိုရင်ဖြင့် တရားပါ့မလား။ မကျွေးသင့်ပေးဘူးလား။ မပေးသင့်ပေဘူးလား။ ဒါတော့ သေချာစဉ်းစားသင့်ပါတယ်။
နောက်တစ်ချက်ကတော့ဖြင့် ဆောင်ရွက်စီမံတဲ့၊ မိဘတို့လက်ထက်က ကျန်ရှိခဲ့တဲ့ စီမံစရာဆောင်ရွက်စရာ ကိစ္စအ၀၀ကို ပုခုံးလွှဲပြောင်း ထမ်းဆောင်စေချင်ကြသည်။ မင်းစိုးရာဇာတို့မှ အစ အောက်ဆုံး သေးငယ်တဲ့ ကိစ္စထိ ပြုမူဆောင်ရွက်စေချင်ကြသည်။ မွေခံထိုက်စေ ဆိုသော နောက်ဆုံးမျှော်လင့်ချက်ကား-မိဘတို့၏ ပိုင်ဆိုင်သော ဗုဒ္ဓအမွေ၊ဓမ္မအမွေ၊သံဃာ့အမွေ၊လောကအမွေတို့ကို ဆက်လက် ထိန်းသိမ်းကာ လောကီ၊လောကုတ်နှစ်လီတိုးပွား အကျိုးများအောင် မိမိတို့ပိုင်ဆိုင်ထားသမျှ ပစ္စည်းဥစ္စာများကို ထိုက်ထန်သည့်အားလျော်စွာ ပေးကမ်းပြီး အမွေဆက်ခံစေကြသည်။
အချုပ်ဆိုရသော် မိဘတို့လိုလားတောင့်တသော အချက်များကို မိမိတို့သားသမီးများက တတ်နိုင်သလောက် ထမ်းဆောင် သယ်ပိုးကြရင်း မိဘကျေးဇူးကို အကျေဆပ်နိုင်ကြသော အမျိုးကောင်းသား၊သမီးများဖြစ်ကြပါစေ။

0 Response to "မပြောရက်သူများကို ကျေးဇူးဆပ်သူများ"

လာရောက်လည်ပတ်ကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ...