ကြီးကျယ်ခြင်းနှင့် မြင့်မြတ်ခြင်း
တစ်ခါတစ်ခါကျတော့ ကိုယ့်ပတ်ဝန်းကျင်က ဖြစ်စေချင်တာက တစ်မျိုး ကိုယ်ဖြစ်ချင်တာက တစ်မျိုး ၊ တစ်ခါတစ်ခါကျတော့လဲ ကိုယ်ကိုတိုင် လုပ်နေရပေမယ့် ကိုယ်လုပ်ချင်တဲ့ အလုပ်ကော ဟုတ်ရဲ့လားလို့ တောင် တွေးမိဘူးပါရဲ့ ......ဒါပေမယ့် ကိုယ်လုပ်တဲ့ အလုပ်ဟာ ဘယ်လိုအလုပ်မျိုးလဲဆိုတာကိုတော့ သိထားဖို့ လိုမယ်ထင်ပါတယ်......ဒါနဲ့ ပတ်သက်လို့ သိဒ္ဓတ္ထမင်းသားရဲ့ အတွေး(ကြွေးကြော်သံ)လေးက သိပ်စိတ်ဝင်စားဖို့ ကောင်းပါတယ်.....သူ့ကို ခမည်းတော် အပါအ၀င် ဆွေတော်မျိုးတော် အားလုံးက လောကမှာ အကြီးအကျယ်ဆုံးဆိုတဲ့ စကြာဝတေးမင်းဖြစ်ဖို့ ၀ိုင်းပြီးဖိအားပေးနေချိန်မှာ သိဒ္ဓတ္ထမင်းသားက-
သူ့တို့က ငါ့ကို အကြီးကျယ်ဆုံးဖြစ်စေဖို့ အနိမ့်ကျဆုံးတွေကို လုပ်စေလိုကြတယ်...
ငါက အမြင့်မြတ်ဆုံးဖြစ်စေဖို့ အကြီးကျယ်ဆုံးများကို စွန့်လွှတ်ရမယ်.......
ကြီးကျယ်မှုကိုသာ မျှော်မှန်းသူဟာ အနိမ့်ကျဆုံးကိုပင် လုပ်ရဲကြတယ်....
ကြီးကျယ်ခြင်းနှင့် မြင့်မြတ်ခြင်းတို့ရဲ့ တန်ဖိုးကို နားမလည်ကြဘူး.......
ကြီးကျယ်မှုဟာ အမြင် ခမ်းနားသလောက် အနှစ်အခိုင်အမာ မရှိတဲ့ တစ်ဘ၀ တစ်နှပ်စာသာဖြစ်တယ်...
မြင့်မြတ်မှုဟာ အမြင် မခမ်းနားပေမယ့် အနှစ်သာရ ပြည့်ဝ ခိုင်မာတယ်လို့ ဆင်ခြင်ပြီး
မြင့်မြတ်မှုအတွက် တောထွက်ခဲ့ပါသတဲ့
ဒါလေးကို နားလည်အောင်ဖတ်ပြီးရင်တော့ သူငယ်ချင်းတို့ နှလုံးသားထဲမှာ တစ်ခုခုတော့ ကျန်ရစ်မယ်လို့ မျှော်လင့်မိပါတယ်.....
ဒါကတော့ဖြင့် ဘာဖြစ်တယ်ဆိုတာ သူငယ်ချင်းတို့ ကိုယ်တိုင် ခံစားမိပါလိမ့်မယ်.........
သူငယ်ချင်းများအားလုံး ရွှင်ပြုံးနိုင်ပါစေ.......

0 Response to "ကြီးကျယ်ခြင်းနှင့် မြင့်မြတ်ခြင်း"
Post a Comment