ခန္တီမေတ္တာ
ခက်လက်စုံလင် မြက်သစ်ပင်သည်
ပင်စည်ကိုင်းခက် ဘ၀ပျက်အောင်
ထက်မြက်စူးရှ ငါးမန်းလွှနှင့်
အသွားဝင်းလက် ဓါးထက်ထက်နှင့်
ခုတ်လှဲကြလည်း မလဲမချင်း
သူ့နယ်တွင်းလူ နေမပူရေး
ရေးရိပ်ပေး၏။ ။
မွှေးကြိုင်မဆုံး နံ့သာတုံးသည်
အသုံးလိုလူ ခုတ်ဖြတ်ယူကြ
မီးရှို့ကြလည်း မကျွမ်းမချင်း
အားမာန်တင်းပြီး မီးရှို့သူကို
မေတ္တာပို့သို့ သင်းချိုပြန့်မွှေး
ရနံ့ပေး၏။ ။
သူတော်ကောင်းသည်
တည်ကြည်ဖြောင့်မတ်
စိတ်ထားမြတ်၏။ ။
မိမိကိုယ်ပင် ရန်သူထင်ကာ
ရန်လိုလာလည်း
မေတ္တာ ကွန်ယက်
တခဲနက်ပင်
ဖြန့်ကျက်ချည်နှောင်
ကောင်းကျိုးဆောင်သည်
ခန္တီ--မေတ္တာ
အတုယူစရာ။ ။
ရေးသူမသိ
ပင်စည်ကိုင်းခက် ဘ၀ပျက်အောင်
ထက်မြက်စူးရှ ငါးမန်းလွှနှင့်
အသွားဝင်းလက် ဓါးထက်ထက်နှင့်
ခုတ်လှဲကြလည်း မလဲမချင်း
သူ့နယ်တွင်းလူ နေမပူရေး
ရေးရိပ်ပေး၏။ ။
မွှေးကြိုင်မဆုံး နံ့သာတုံးသည်
အသုံးလိုလူ ခုတ်ဖြတ်ယူကြ
မီးရှို့ကြလည်း မကျွမ်းမချင်း
အားမာန်တင်းပြီး မီးရှို့သူကို
မေတ္တာပို့သို့ သင်းချိုပြန့်မွှေး
ရနံ့ပေး၏။ ။
သူတော်ကောင်းသည်
တည်ကြည်ဖြောင့်မတ်
စိတ်ထားမြတ်၏။ ။
မိမိကိုယ်ပင် ရန်သူထင်ကာ
ရန်လိုလာလည်း
မေတ္တာ ကွန်ယက်
တခဲနက်ပင်
ဖြန့်ကျက်ချည်နှောင်
ကောင်းကျိုးဆောင်သည်
ခန္တီ--မေတ္တာ
အတုယူစရာ။ ။
ရေးသူမသိ
0 Response to "ခန္တီမေတ္တာ"
Post a Comment