န-ငရဲသား၏ ဆိုလိုရင်း ဂါထာ
နတ္ထိ အန္တော ကုတော အန္တော၊ န အန္တော ပတိဒိဿတိ။
တဒါဟိ ပကတံ ပါပံ၊ မမ တုယှဉ္စ မာရိသ။
မာရိသ- ငါနှင့်တူသော ချစ်မိတ်ဆွေ၊ မမ-သူ့သားမယား မှောက်မှားခဲ့ရာ ငါသည်လည်းကောင်း၊ တုယှဉ္စ- ငါနှင့်တစ်မူ တူခဲ့လေအင် သင်သည်လည်းကောင်း၊ တဒါဟိ- ထိုသူဋ္ဌေးသားဘ၀ ဖြစ်ကြရာ ကာလ၌သာလျှင်၊ ပါပံ- ယုတ်မာညစ်ကျု ပရဒါရ မကောင်းမှုကို၊ ပကတံ- ယုတ်မာစိတ်သွား ဖောက်ပြားများစွာ ပြုအပ်ခဲ့ပါပြီ။ အန္တော-ဒုက္ခခံစား အဆုံးအပိုင်းအခြားသည်၊ နတ္ထိ-စင်စစ်ဧကန် အမှန်မရှိချေ။ ကုတော-သေချာစုပေါင်း မည်သည့် အကြောင်းကြောင့်၊ အန္တော- ဒုက္ခခံစား အဆုံးအပိုင်းခြားသည်၊ အတ္ထိ- ဧကန်တိတိ ရှိပါမည်နည်း။ အန္တော-အကုသိုလ်ကံ စီမံဖန်ငြားခံစားရခြင်း၏ အဆုံးအပိုင်းခြားသည်၊ န ပတိဒိဿတိ- မုချမှန်စွာ မထင်ခဲ့ပါတကား............

0 Response to "န-ငရဲသား၏ ဆိုလိုရင်း ဂါထာ"
Post a Comment