နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ....
Image and video hosting by TinyPic

ဒုတိယ မိဘ


အနန္တဂိုဏ်းဝင်ဆိုတာဂုဏ်ပေါင်းခပြီးကျက်သရေရှိလှတဲ့ပုဂ္ဂိုလ်များ၏နေရာပါတကား...
အနန္တဂိုဏ်းဝင်မည်ဆိုသေပုဂ္ဂိုလ်ထူးတို့များထဲတွင်မိဘဟူသော ပုဂ္ဂိုလ်များလည်းပါဝင်သည်မဟုတ်ပါလော့.....မိဘဟုဆိုလိုက်သဖြင့် မိဘတို့၏ ဂုဏ်ကျေးဇူး၊ ဂုဏ်ရည်ထူးတို့ကို သင်သူတော်တို့ အောင့်မေ့ရည်မှတ်မိကြမည် ထင်ပါသည်.........
မိဘတို့၏ ဂုဏ်ကျေးဇူးကို ဖော်ကြူးရေးသားမည်ဆိုပါလျှင် ကုန်အံ့မထင်......မိမိ၏သိနားလည်အပ်သော စကားအချို့ဖြင့်သာ တစ်စိတ်တစ်နေရာ ဖွင့်ဆိုလိုက်ပါ၏.....ရေကြည်ထလို့ မီးရှူးသန့်စင် မွေးဖွားစဉ်မှ ၀တ္တရားစခဲ့သူများ၏ စေတနာအလျှောက် မိမိတို့၏ ရင်သွေး နေထိုင်ရေးအတွက် မိုးလေဒဏ်ခံနိုင်အောင် အဆောက်အအုံ တည်ထောင်ခဲ့ပေသည်......သားသားမီးမီးတို့ နို့ချိုတိုက်ကျွေး အစာခွံ့မကျွေးခင်ကတည်းက ရင်သွေးတို့အတွက် ရှာဖွေပေးခဲ့လေသည်.......ဘ၀လမ်းကြောင်း အဆိုးအကောင်းများကို ရင်သွေးတို့၏ နှလုံးသားများထဲအထိ ရိုက်သွင်းပေးခဲ့လေသည်.........
ဘ၀၏ရပ်တည်မှု၊ ဘ၀၏တိုးတက်မှု၊ ဘ၀၏ရေရှည်ခိုင်မြဲမှု.....စသည်တွေကိုလည်း ဦးနှောက်ရေစီးကြောင်းမှာ မျောပါစေခဲ့သူများ ဖြစ်စေခဲ့လေသည်..... အနန္တများစွာ ဂုဏ်အင်္ဂါကို ပေးစွမ်းသူများသည် မိမိတို့က မည်မျှပင်များစွာ ပေးကမ်းစေကမူ ပြန်လိုချင်သော အကျိုးဆန္ဒကား ငါးချက်ကလေးပင်.........
ထိုသည်တို့ကား-သင်သူတော်တို့ သိပြီးပင် ဖြစ်ချိမ့်မည်.........
မူရင်းဆိုလိုချက်ကား အခြားမဟုတ်......ဗုဒ္ဓစာပေ ထိုက်သင့်သလောက် ရှာဖွေနိုင်ချိန်သည် ရှေ့က ဆိုသကဲ့သို့အတိုင်း ရေကြည်ထလို့ မီးရှူးစင်ချိန်နှင့် တူပေသည်.....ထိုအချိန်တွင် ၀တ္တရားစခဲ့သူများ၏ စေတနာနှင့်တူညီစွာ သားသားမီမီးတို့အတွက် မိုးလေဒဏ်ခံနိုင်စွမ်း အဆောက်အအုံများ တည်ထောင်သကဲ့သို့ ဤတက္ကသိုလ်ကြီးလည်း တည်ထောင်ခဲ့သည်မဟုတ်ပါလော........ ထို့နောက် ရင်သွေးတို့ အစာမာမစားနိုင်ခင်ကတည်းက ပစ္စည်းဥစ္စာ ရှာဖွေပေးသကဲ့သို့ ဤတက္ကသိုလ်ကြီးက သင်သူတော်တို့ မစားသုံးတတ်သေးသော စာပေကျမ်းဂန်များ ရှာဖွေပေးထားသည်မဟုတ်ပါလော........ဘ၀တိုက်ပွဲအတွက် ရင်သွေးတို့၏ နှလုံးအိမ်ထဲကို ရိုက်သွင်းပေးသကဲ့သို့ ဤတက္ကသိုလ်က ဗုဒ္ဓဓမ္မ၏ အဆုံးအမ ၊ အမွေမနှစ်ကို နှလုံးအိမ်ထဲသို့ သံမှိုစွဲစေခဲ့သည် မဟုတ်ပါလော...........
ဘ၀၏ ရပ်တည်ခိုင်မြဲမှုတွေ စီးဆင်းစေသလို ဗုဒ္ဓဓမ္မတို့၏ ရပ်တည်မှု ၊ရေရှည်ခိုင်မြဲမှုစသည်တို့ကို ဤတက္ကသိုလ်က ဦးနှောက်အတွင်း မှတ်ဉာဏ် သွင်းထားသည်မဟုတ်ပါလော.....ထိုသို့ပင် ဤတက္ကသိုလ်မှ ပေးစွမ်းမှုသည် အနန္တဂုဏ်အင်္ဂါရှင်များကဲ့သို့ မည်မျှပင်များစေကာမူ ပြန်လိုချင်သော အချက်များကား ဤကဲ့သို့ကလေးပင်...........

ငါတို့ဖြစ်ရ ၊ ဤလောက၀ယ်
ဘ၀သမိုင်း၊ မရိုင်းစေရန်
စိတ်မာန်မချ၊ မာနမပါ
တို့စွမ်းရာဖြင့်၊ တို့သာသနာ
တို့ပြည်ရွာကို၊ သာယာစေမှု
လုံ့လပြုအံ့။

ထိုကဲ့သို့ ဂုဏ်အင်္ဂါများပိုင်ရှင် မိခင်ဘခင်များနည်းတူ စေတနာတွေ မွှေးကြူစေသူများကို မိခင်ဘခင်နေရာမှာပင် ထားလိုက်ချင်သည်.....ဆရာသခင်များကို မိခင်ဘခင် အရာမှာထားလျှင် သင့်မည်ထင်သောကြောင့်ပင် သမုတ်လိုက်ချင်သည်..........ဒုတိယမိဘ လို့ပေါ့.......မိဘတို့၏ မျှော်လင့်ချက်များကို ပြည့်ဝစေသူ သားသမီးများပီပီ ဒုတိယမိဘ များ၏ မျှော်လင့်ချက်တွေကို အားသွန်ခွန်စိုက် ကြိုးပမ်းကြပါကုန်စို့........

မျှော်လင့်ချက်ဆိုတာ
နိုးကြားတက်ကြွတဲ့
လူတစ်ယောက်ရဲ့
အိပ်မက်ပါ..........
အိပ်မက်လှလှ မက်ကြပါစေ..............


ရွှေဘိုသီလာ

0 Response to "ဒုတိယ မိဘ"

လာရောက်လည်ပတ်ကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ...