နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ....
Image and video hosting by TinyPic

သ-ငရဲသား၏ ဆိုလိုရင်း ဂါထာ

သဋ္ဌိဝဿ သဟဿာနိ၊ ပရိပုဏ္ဏာနိ သဗ္ဗသော။
နိရယေ ပစ္စမာနာနံ၊ ကဒါ အန္တော ဘ၀ိဿတိ။

နိရယေ-ဟိန်းသံ ဟည်းသံ ဒီးဒီးညံမျှ မီးလျှံမစဲ ပါယ်ငရဲ၌၊ ပစ္စမာနာနံ- အကုသိုလ်ကံ စီမံဖန်ချက် ကျက်ကြရကုန်သော ငါတို့အား၊ သဗ္ဗသော- ဥဿုံမကြွင်း အလုံးစုံသော အခြင်းအရာအားဖြင့်၊ သဋ္ဌိဝဿ သဟဿာနိ- ရေတွက်စုပေါင်း အနှစ်ခြောက်သောင်းတို့သည်၊ ပရိပုဏ္ဏာနိ- မြုပ်တုံ ပေါ်တုံ ပြည့်ခဲ့ကြကုန်ပြီ။ ကဒါ-အဘယ်ချိန်သမယ အဘယ်ကာလ၌၊ အန္တော- ရေတွက်မှတ်သားအဆုံးအပိုင်းခြားသည်၊ ဘ၀ိဿတိ- ဧကန်စင်စစ် ဖြစ်လတံ့နည်း။

0 Response to "သ-ငရဲသား၏ ဆိုလိုရင်း ဂါထာ"

လာရောက်လည်ပတ်ကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ...