မိဘဂုဏ်ရည် (၁၂)ပါး
အတိဇာတေဟိ နာမတ္တေ၊ ၀န္ဒေ မေ မာတရော ဒုဝေ။
အာပေါဒါစ ဂုဏာသယေ-(၁)တွင်းပဘေးဒဏ်၊ ရန်မာန်ကင်းပျောက်၊ သားသမီးတို့၏ စီးပွားခြင်းသို့ရောက်အောင် စောင့်ရှောက်တတ်သော ''အာပေါဒက'' ဟူသောဂုဏ်။
(၂)နှလုံးသွေးစစ်၊ နို့ချိုနှစ်ကို သောက်ဖို့စေလျက်၊ ယုယပိုက်ထွေး ကျွေးမွေးတတ်သော "ပေါသက"ဟူသောဂုဏ်။
(၃)ရှု့ဘွယ်လုံးစုံ အာရုံဟူသမျှကို ပြုပေးတတ်သော "ဒေဿတာရ"ဟူသောဂုဏ် အလုံးစုံတို့နှင့် ကုံ
ကုံပြည့်လျှံ အမှန်စင်စစ် တည်ရာလည်းဖြစ်တော်ကုန်ထသော ၊
ဗြဟ္မာဒယော ဂုဏာသယေ- (၄)သန္ဓေတည်စ ထိုကာလမှ စ၍မခြား သားသမီးများတို့၌ ပွားစီးဗြဟ္မစိုရ်
ကြည်ညိုပိုက်ကျုံး နှလုံးမူတတ်သည်ဖြစ်၍ "ဗြဟ္မာ"ဟူသောဂုဏ် ၊
(၅)အကျိုးများအောင် တိုးပွားစောင့်ကြပ် မ စတတ်သော အိမ်ဦးနတ်နှင့် တူသည်ဖြစ်၍ "ပုဗ္ဗဒေဝတာ"ဟူသောဂုဏ် ၊
(၆) ဆရာတို့ထံ မအပ်နှံသေး ငယ်ရွယ်သေး၍ ရှေ့ဦးရှေ့ဖျား သင်ကြားပြုပြင် သွန်သင်ပြသသည်ဖြစ်၍ "ပုဗ္ဗာစရိယ"ဟူသောဂုဏ် ၊
(၇)ခရီးဝေးစွာ ဆောင်ယူလာပြီး သားသမီးတို့၏ ပစ္စည်းအလှူကို ခံယူသိမ်းပိုက် ထိုက်သည်ဖြစ်၍ "အာဟုနေယျ"ဟူသောဂုဏ် အလုံးစုံတို့နှင့် ကုံလုံပြည့်လျှံ အမှန်စင်စစ် တည်ရာလည်းဖြစ်ကုန်
ထသော ၊
သုဟဒါဒိ ဂုဏာသယော -(၈) သားကိုရရန် တောင်းဆုပန်၍ သည်းရန်မျက်ဖြေ သားသက်ဝေ၌ အရေထူပါးအကြောများနှင့် ရိုး,သားထွင်းဖောက် ခြင်ဆီရောက်သည်ထိ ချစ်ခြင်းရှိထသော "သုဟဒ"ဟူသောဂုဏ်၊
(၉)ကိုးလဆယ်လ စသည်တစ်မူ ကြည်ဖြူနှစ်သက် ဆောင်ရွက်မကွာ ကြင်နာသနား သတိုးသားကို ဖွားမြင်ပေတတ်သော "ဇနေတ္တိ''ဟူသောဂုဏ် ၊
(၁၀)ကိုယ်စိတ်မချမ်း ငိုမြည်တမ်းက ရွှင်လန်းစိမ့်ရေး နို့ချိုကျွေးလျက် တေးသီးချင်းတို့ဖြင့် သာညင်းကျုးငြိမ့် နှစ်သိမ့်စေတတ်သော ''တောသယန္တိ'' ဟူသောဂုဏ် ၊
(၁၁)နေပူ လေပူ ညှင်းပန်းဟူက ကြည်ဖြူလန်းဆန်း မြတ်နိုးတနာ သားသည်းခြာကို ကောင်းစွာစောင့်မ ယုယလေးမြတ် မွေးပေးတတ်သော ''ပေါသေန္တ''ဟူသောဂုဏ် ၊
(၁၂) မိရိုးဖလာ ရတနာရွှေငွေ လယ်ယာမြေကိုအမွေခံနှင့် စံရစ်စရာ ဖြစ်စိမ့်ငှာဟု ကောင်းစွာသိုမှီး သိမ်းဆည်း စောင့် ရှောက်တတ်သော ''ဂေါပယန္တိ''ဟူသောဂုဏ် အလုံးစုံတို့နှင့် ကုံလုံပြည့်လျှံ အမှန်စင်စစ် တည်ရာလည်း ဖြစ်ကုန်ထသော ၊
အတိဇာတေဟိ - အမိ,အဖ နှစ်ပါးတို့က ညွတ်တွားရိုကျိုး လက်အုပ်မိုး၍ ရှိခိုးထိုက်သည့် ဂုဏ်ထူးရှိ၍
အတိဇာတမည်ရထင်ရှား သားရဟန်းများတို့သည် ၊
အနာမတ္တေ- သဒ္ဓါမြတ်လေး ဆွမ်းဦးပေး၍ လုပ်ကျွေးခြင်းငှာအပ်ကုန်သော ၊
မေ (မမ) - အကျွနု၏ ၊
ဒုဝေ မာတရော - ကျေးဇူးကြီးမား မိဖနှစ်ပါးတို့ကို၊
ဝန္ဒေ(ဝန္ဒာမိ)- ကိုယ်နူတ်နှလုံး သုံးပါးပျောင်းပျော့ မာန်ကိုလျှော့၍ ကန်တော့မြတ်နိုး လက်စုံမိုး၍
ရှိခိုးပါ၏ ။
0 Response to "မိဘဂုဏ်ရည် (၁၂)ပါး"
Post a Comment