ဗုဒ္ဓါနုဿတိ ပွားများပါ
ဘုရားသာသနာမှာ ဘုရားကြည်ညိုအောင် ဗုဒ္ဓါနုဿတိပွား၊ သတ္တ၀ါတွေ ညှာတာမှုရှိအောင် မေတ္တာပွား၊ အသားကျတော့မှ ၀ိပဿနာ ရုပ်နာမ်တို့ကို အနိစ္စရှု။(အရှင်ဇနကာဘိဝံသ၏ အဆိုအမိန့်များမှ)
ဗုဒ္ဓါနုဿတိကို နေ့စဉ်ပွားများခြင်းအားဖြင့် မြတ်ဘုရား၏ ကြည်ညိုခြင်းခံရအောင်ကြိုးစားကြပါ။ သတ္တ၀ါတွေအပေါ်မှာ အချင်းချင်း ညှာတာမှုရှိအောင် မေတ္တာကိုနေ့စဉ် ပို့သပွားများကြပါ။ ထိုနေ့စဉ် အာစိဏ္ဏကံ ကုသိုလ် ရင့်ကျက်လာသည်နှင့်အမျှ ခန္ဓာကိုယ်ကြီး၏ ဖြစ်မှု၊ပျက်မှုများကို အနိစ္စ မြင်လာအောင်၊ ဒုက္ခ မြင်လာအောင်၊ အနတ္တ မြင်လာအောင် ရှု့မှတ်ပွားများကြပါလို့ မိန့်မှာတော်မူသည့် အတိုင်း သတ္တသမုတ် အကျွန်ုပ်တို့သည်လည်း မှာခဲ့သည့် လမ်းစဉ် မကြွင်းကျန်ရလေအောင် ကြိုးပမ်းကြပါကုန်စို့။ ။

0 Response to "ဗုဒ္ဓါနုဿတိ ပွားများပါ"
Post a Comment