နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ....
Image and video hosting by TinyPic

သင်္ဂါယနာ ၆ တန် သာသနာခရီး နှင့် ထေရ၀ါဒဗုဒ္ဓသာသနာ

***************************************

မြတ်စွာဘုရားသည် ခရစ်မပေါ်မီ ၅၈၉ ခုနှစ် (BC-589) တွင်ပွင့်ပေါ်တော်မူခဲ့သည်။ ထိုအချိန်မှစပြီး ၄၅ ၀ါပတ်လုံး မနားမနေ သတ္တ၀ါတို့၏အကျိုးစီးပွားအတွက်၊ လောကအကျိုးစီးပွားအတွက် လုံ့လ၀ိရိယကြီးစွာဖြင့် တရားဒေသနာတော်တို့ကို ဟောကြားတော်မူခဲ့သည်။ သာသနာ ဟူသည်မှာ ၎င်းတရားဒေသနာတော်တို့ ပင်ဖြစ်သည်။ ထိုတရားဒေသနာတော်တို့ တည်ရှိနေသမျှ သာသနာတည်ရှိနေမည်ဖြစ်သည်။ ထိုတရား ဒေသနာတော်တို့ ထွန်းလင်းတောက်ပနေသမျှ သာသနာထွန်းလင်းတောက်ပနေမည်ဖြစ်သည်။ ထိုတရား ဒေသနာတော်တို့ ကွယ်ပျောက်လျှင် သာသနာကွယ်ပျောက်မည်ဖြစ်သည်။ သာသနာကွယ်ပျောက်ခြင်းသည် လောကကြီးတစ်ခုလုံးမှောင်အတိကျခြင်းပင်ဖြစ်သည်။

ထို့ကြောင့် မြတ်စွာဘုရား၏ သားတော် ရဟန်းသံဃာ အဆက်ဆက်တို့သည် ထိုတရားဒေသနာတော်များ မညစ်နွမ်း၊ မကွယ်ပျောက်စေရန်၊ အစဉ်တိုးပြီးထွန်းလင်းတောက်ပနေစေရန်အတွက် ကြိုးစားပြီး စောင့်ရှောက် ကာကွယ်၊ ဆောင်ရွက်တော်မူခဲ့ကြသည်။

သို့သော် ခေတ်အဆက်ဆက်မှာပင်သာသနာတော်အတွက် ဆန့်ကျင်ဘက် အန္တရာယ်များ ပေါ်ပေါက် လာတတ်သည်။ ထိုသို့သောအခါမျိုးတွင် အကျင့်သီလနှင့် ပြည့်စုံသော သာသနာတော်ထမ်း သံဃာတော်အရှင် သူမြတ်အပေါင်းတို့သည် ကြောင့်ကြမဲ့မနေကြပဲ သာသနာ့ အန္တရာယ်များ ကွယ်ပျောက်ပြီး၊ စစ်မှန်သော သာသနာတော်အဓွန့်ရှည် တည်တံ့ပြန့်ပွားစေရန် အတွက် သင်္ဂါယနာ အသီးသီးကိုတင်ခဲ့ကြသည်။

ဘုရားရှင်သည် ခရစ်တော်မပေါ်မီ ၅၄၄ ခု (BC-544) တွင်ပရိနိဗ္ဗာန်စံဝင်တော်မူခဲ့သည်။ ထိုနှစ်မှစပြီး သာသနာ တော်နှစ် (၁) အဖြစ်စတင်ရေတွက်ခဲ့ကြရာ ယခုအခါတွင် သာသနာတော်နှစ်သည် (၂၅၅၇) သို့ရောက်ရှိနေပြီ ဖြစ်သည်။ ထိုသာသနာခရီးရှည်ကြီး အတွင်းဝယ် ထေရ၀ါဒ သင်္ဂါယနာ (၆) ကြိမ်တင်ခဲ့ပြီးဖြစ်သည်။

သင်္ဂါယနာ ဆိုသည်မှာ ဘုရားရှင်၏တရားဒေသနာတော်များဖြစ်သည် သုတ်၊ ၀ိနည်း၊ အဘိဓမါ တို့ကို အမှားအယွင်းမရှိအောင် စုပေါင်းအတည်ပြု ရွတ်ဆိုခြင်းဖြစ်သည်။ ထိုသို့ သင်္ဂါယနာတင်ရာတွင် မြတ်စွာဘုရားဟောကြားတော်မူခဲ့သော တရားဒေသနာများကို တစ်စုံတစ်ရာ ဖြည့်စွက်ခြင်း၊ ပယ်နှုတ်ခြင်း၊ မူအသစ်ပြင်ဆင်ခြင်း အလျှင်းမရှိပေ။ ၎င်းကိုပင် ထေစဉ်ဝါဆက် လက်ခံကျင့်သုံးခဲ့သော စစ်မှန်သည့် ဗုဒ္ဓဘာသာ ထေရ၀ါဒ ဗုဒ္ဓသာသနာဟုခေါ်ပါသည်။

ပထမသင်္ဂါယနာ
**********

သာသနာတော်နှစ် (၁)၊ မြတ်စွာဘုရားပရိနိဗ္ဗာန်ပြုပြီးနောက် (၃) လကြာသောအချိန်တွင် ရာဇဂြိုလ်ပြည်၊ ဝေဘာရတောင်၊ သတ္တပဏ္ဏိတလိုဏ်ဂူ မဏ္ဍပ်တော်တွင် ပထမသင်္ဂါယနာတင်ခဲ့သည်။ သုဘဒ္ဒအမည်ရှိသော တောထွက်ရဟန်းကြီးက သာသနာအတွက် အန္တရာယ်ရှိသော စကားများဖြင့် ထိပါးပုတ်ခတ်ပြောဆိုလာ သဖြင့် အရှင်မဟာက္တရာယ်ရှိသော စကားများဖြင့် ထိပါးပုတ်ခတ်ပြောဆိုလာ သဖြင့် အရှင်မဟာက္တရာယ်ရှိသော စကားများဖြင့် ထိပါးပုတ်ခတ်ပြောဆိုလာ သဖြင့် အရှင်မဟာကသပကိုယ်တော်ကြီး ဦးဆောင်ပြီး၊ အရှင်ဥပါလိ၊ အရှင်အာနန္ဒာ အမှူးပြုသော ရဟန္တာ မထေရ်ကြီး အပါး ၅၀၀ တို့က သင်္ဂါယနာတင်တော်မူခဲ့ကြသည်။ အချိန်ကာလအားဖြင့် (၇) လကြာမြင့်သည်။ ထိုသင်္ဂါယနာသည် နှုတ်တက်ရွက်ဆိုသော သင်္ဂါယနာဖြစ်သည်။

ဒုတိယသင်္ဂါယနာ
***********

သာသနာတော်နှစ် (၁၀၀) တွင် ဝေသာလီပြည် ၀ါဠုကာရာမကျောင်းတိုက်တွင် ဒုတိယ သင်္ဂါယနာတင်ခဲ့သည်။ ဝေသာလီပြည် ၀ဇ္ဇီတိုင်းသား ရဟန်းများက ၀ိနည်းတော်နှင့် မလျှော်ညီသော အကျင့် (အဓမ၀တ္ထု) ၁၀ ပါးကို ဟောပြောပြုကျင့်နေကြသောသာသနာ့ အန္တရာယ်ပေါ်ပေါက်သဖြင့် သင်္ဂါယနာတင်ရခြင်းဖြစ်သည်။ အရှင်ယသ၊ အရှင်သဗ္ဗကာမီ၊ အရှင်ရေ၀တ အမှူးပြုသော ရဟန္တာ မထေရ်ကြီး အပါး (၇၀၀) တို့ဖြင့် အချိန်ကာလ (၈) လကြာ နှုတ်တက်ရွတ်ဆို သင်္ဂါယနာတင်ခဲ့ကြသည်။

တတိယသင်္ဂါယနာ
************

သာသနာတော်နှစ် (၂၃၅) တွင် ပါဋလိပုတ်ပြည်၊ အသောကာရုံကျောင်းတိုက်တွင် တတိယသင်္ဂါယနာ တင်ခဲ့သည်။ ရဟန်းတုများဖြစ်သည် တိတ္ထိ (၆) သောင်းက ရဟန်းကောင်းအသွင်ဆောင်ကာ သာသနာတွင်း မိစ္ဆာဝါဒ များကိုသွတ်သွင်းလာခဲ့သဖြင့် သာသနာတော်သန့်စင်ရေးအတွက် သင်္ဂါယနာတင်ခဲ့ခြင်းဖြစ်သည်။ ရှင်မဟာ မောဂ္ဂလိပုတ္တတိသ၊ အရှင်မဇ္ဇုန္တိက၊ အရှင်မဟာဒေ၀ အမှူးပြုသော ရဟန္တာမထေရ်ကြီး အပါး (၁၀၀၀) တို့က သီရိဓမာသောကမင်းကြီး၏ အထောက်အပံ့ဖြင့် အချိန်ကာလ (၉)လတိုင်တိုင် နှုတ်တက်ရွက်ဆို သင်္ဂါယနာ တင်ခဲ့ကြသည်။
ထိုတတိယသင်္ဂါယနာအပြီးတွင် ကိုးတိုင်းကိုးဌာနသို့ သာသနာပြုအဖွဲ့များစေလွှတ်တော်မူခဲ့ကြသည်။ ယခု မြန်မာနိုင်ငံအပါအ၀င် အရှေ့တောင်အာရှရှိထေရ၀ါဒဗုဒ္ဓသာသနာမှာ သုဝဏ္ဏဘူမိသို့ ကြွရောက်သာသနာပြု တော်မူခဲ့ကြသည့် အရှင်သောဏမထေရ်နှင့် အရှင်ဥတ္တရ မထေရ်တို့ အမှူးပြုသော ရဟန္တာအရှင်မြတ် ၅ ပါးသာသနာပြုအဖွဲ့မှ ပြန့်ပွားခဲ့ခြင်းဖြစ်သည်။ (ထို ၉ တိုင်း ၉ ဌာန သာသနာပြုအဖွဲ့များ သွားရောက်ပုံကို သီးခြားဖော်ပြပါမည်။)

စတုတ္တသင်္ဂါယနာ
************

သာသနာတော်နှစ် (၄၅၀) တွင် သီရိလင်္ကာနိုင်ငံ မလယဇနပုဒ်၊ အာလောကလိုဏ်ဂူတွင် စတုတ္တသင်္ဂါယနာ တင်ခဲ့သည်။ သီဟိုဠ်တွင် သူပုန်ဘေး၊ ငတ်မွတ်ခေါင်းပါးဘေးကြီးကို ၁၂ နှစ်တိုင်တိုင်ကြုံတွေ့ခဲ့သဖြင့် ရဟန်းတော်များ သာသနာကိုကောင်းစွာမစောင့်ရှောက်နိုင်ခဲ့ပေ။ ငတ်မွတ်မှုဘေးကြောင့် ပူလောင်သော ၀မ်းဗိုက်ပေါ်တွင် အေးအောင် သဲတင်ကာ ပိဋကတ်တော်များ မေ့ပျောက်မှုမရှိစေရန် အာဂုဏ်ရွတ်ဆို စောင့်ထိန်း ခဲ့ကြရသည်။ ထို့ကြောင့် ပိဋကတ်တော်များ မပျောက်ပျက်ရလေအောင်၊ နောင်အလားတူဘေးမျိုး ဆိုက်လာပါက သတိ၊ သမာဓိ၊ ပညာ ဆုတ်ယုတ်ပြီး နှုတ်တက်မဆောင်နိုင်ဖြစ်မည်အရေးကို ကာကွယ်နိုင်အောင် စတုတ္တသင်္ဂါယနာတင်တော်မူခဲ့သည်။ အရှင်ဓမရကခိတ အမှူးပြုသော ရဟန္တာ မထေရ်ကြီး အပါး (၅၀၀) တို့က အချိန်ကာလ (၁) နှစ်ကြာလေသည်။ ထိုသင်္ဂါယနာတွင် ပိဋကတ်တော်များကို ပေထက်အက်ခရာတင်ခဲ့ကြသည်။

ပဉ္ဇမ သင်္ဂါယနာ
***********

သာသနာတော်နှစ် (၂၄၁၅)၊ မြန်မာသကရာဇ် ၁၂၃၂၊ ခရစ်နှစ် ၁၈၇၁၊ တွင် မြန်မာနိုင်ငံ မန္တလေးမြို့၊ ရတနာပုံနေပြည်တော်တွင် ပဉ္ဇမသင်္ဂါယနာတင်ခဲ့ကြသည်။ မန္တလေးမြို့၊ ဒက်ခိဏာရာမ ဘုရားကြီးတိုက်ဆရာတော် တိပိဋကဓရ၊ မဟာဓမရာဇာဓိရာဇာဂုရု ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တ ဇာဂရာဘိဝံသ မဟာထေရ်အမှူးပြုသော သံဃာတော်အပါး (၂၄၀၀) တို့က (၅ လနှင့် ၃ ရက်) ကြာသင်္ဂါယနာတင်ခဲ့ကြသည်။ ပိဋကတ်တော်များကို ပေ၊ ပုရပိုက်များပေါ်တွင် ရေးသားထားခြင်းဖြင့် ကြာရှည်မခံခြင်း၊ မူအမျိုးမျိုး ကွဲပြားနေခြင်း စသောအန္တရာယ်များ ကင်းပျောက်စေရန် ကျောက်ထက်အက်ခရာတင်ခဲ့ကြသည်။ မန္တလေးတောင်ခြေရှိ လောကမာရဇိန် (ကုသိုလ်တော်) ဘုရားဝင်းအတွင်းတွင် စကျင်ကျောက်ဖြူ (၇၂၉) ချပ်ပေါ်တွင် ပိဋကတ်တော်များရေးထွင်းခဲ့ရာ (၇ နှစ်၊ ၆ လ၊ ၁၄ ရက်) ကြာလေသည်။

ဆဌသင်္ဂါယနာ
**********

သာသနာတော်နှစ် (၂၄၉၈)၊ မြန်မာနှစ် (၁၃၁၆)၊ ခရစ်နှစ် (၁၉၅၄)၊ ကဆုန်လပြည့်နေ့တွင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူတော်ကြီးတွငှ်ဆဌမသင်္ဂါယနာတင်ခဲ့ကြသည်။ သူ့ကျွန်ဘ၀တွင် နှစ်ပေါင်း ၁၀၀ ကျော်နေခဲ့ရသဖြင့် သာသနာတော်ညှိုးနွမ်းမှုကို ပြန်လည်တောက်ပစေရန်၊ သန့်ရှင်းစင်ကြယ်စေရန်အတွက် သင်္ဂါယနာတင်ခဲ့ခြင်းဖြစ်သည်။ ညောင်ရမ်းဆရာတော် အဘိဓဇမဟာရဠဂုရု ဘဒ္ဒန္တ ရေ၀တ၊ မဟာစည်ဆရာတော် အဂ္ဂမဟာမဏ္ဍိတ ဘဒ္ဒန္တ သောဘဏ (ပုစ္ဆက မေးမြန်းသူ)၊ မင်းကွန်းဆရာတော် တိပိဋကဓရ ဓမဘဏ္ဍာဂါရိက ဘဒ္ဒန္တ ၀ိစိတ္တသာရာဘိဝံသ (၀ိသဇ္ဇက ဖြေကြားသူ) အမှူးပြုသော ထေရ၀ါဒ (၅) နိုင်ငံမှ ရဟန်းသံဃာတော် (၂၅၀၀) တို့က သင်္ဂါယနာ တင်တော်မူခဲ့ကြသည်။ ထိုသင်္ဂါယနာတွင် ပါဠိတော်များကိုသာမက အဌကထာကျမ်းများ၊ ဋီကာကျမ်းများကိုပါ သင်္ဂါယနာတင်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ခေတ်အဆက်ဆက် သာသနာစောင့်မထေရ်ကြီးတို့သည် တရားဒေသနာများကို ဘုရားရှင်၏ နှုတ်ခပါဌ်တော်လာ အတိုင်း အပို၊ အလို အဖြည့်အစွက်မရှိ (၆) ကြိမ်တိုင်တိုင် သင်္ဂါယနာတင်အတည်ပြုခဲ့ကြသည်။ ယင်းသို့ သင်္ဂါယနာတင်ခဲ့သော ပိဋကတ် (၃) ပုံ၊ နိကာယ်အားဖြင့် (၅) ရပ်ကို ထေရ၀ါဒ ဗုဒ္ဓသာသနာ ဟုခေါ်ပါသည်။

0 Response to "သင်္ဂါယနာ ၆ တန် သာသနာခရီး နှင့် ထေရ၀ါဒဗုဒ္ဓသာသနာ"

လာရောက်လည်ပတ်ကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ...