အပေးသာမှ အရသာမည်။
အပေးမသာလို့ အရမသာတဲ့ လောကကြီးထဲမှာ တ၀ဲဝဲလည်လည် မျောနေကြတဲ့ အို...ပုထုဇဉ်တို့။ အေးချမ်းရာဖြစ်တဲ့ နိဗ္ဗာန်ကိုမရခင် မ၀င်ခင် မီး (၁၁) မီး မငြိမ်းခင် အရသာအောင် ကြိုးစားလို့ ဘ၀ကို ပြည့်စုံခြင်းများဖြင့် ရောပြွန်းကာ ဖြတ်သန်းချင်တယ်ဆိုရင်ဖြင့် ယခုမှစတင်ကာ အပေးသာအောင် လျှင်မြန်စွာ ကြိုးစားကြကုန်လော့။ အတိတ်ဘ၀တွေက အပေးမသာခဲ့လို့ ဒီဘ၀မှာ အရမသာပဲ အဆင်းရဲကြီး ဆင်းရဲနေကြရပေသည်။ တစ်ပေါက်ချင်း ကျလာသော ရေစက်များပမာလို နည်းနည်းခြင်း ဖြည်းဖြည်းခြင်း ကျလာသည်မှ ပြည့်လာခြင်းဖြစ်သကဲ့သို့ ကုသိုလ်တည်းဟူသော ကောင်းမှုတို့ကို တစ်နေ့လျှင် အနည်းငယ်မျှ ဖြည့်ကျင့်ခြင်းဖြင့် နိဗ္ဗာန်၏ ထောက်တည်ရာ လမ်းမတစ်လျှောက်မှာ ခင်းကျင်းဖို့ ပိုးပ၀ါဖြစ်အောင် လှေခါးထစ်များဖြစ်အောင် အသွင်ဆောင် ဖော်ကြူးမှု မဟုတ်ပဲ အခိုင်အမာ တည်ဆောက်သင့်ကြပေသည်။ ထိုသို့ဖြစ်ဖို့ရန်မှာလည်း အစောကတည်းက အပေးမသာခဲ့လို့ ယခုဘ၀မှာ ဘာမှ ပေးနိုင်ဖို့ အင်းအားလျော့နည်းကောင်း လျော့နည်းနေပေလိမ့်မည်။ သို့သော် ယခုဘ၀ အပေးသာမှသာလျှင် နောင်ဘ၀များမှာ အရသာမှာဖြစ်ချိမ့်မည်။ သို့ကြောင့် ယခုကတည်းက အပေးသာဖို့ အရေးကြီးပေသည်။ မည်သို့ပေးရမည်နည်း။ ဝေယျာဝစ္စ ဒါနမှ စ၍ အောက်ခြေသိမ်း အလုပ်မှန်သမျှကို ဦးစားပေး ဒါနပြုလျှက် ယူသင့်ပေသည်။ မည်သို့ ပေးသည်ဖြစ်ပါစေ ပေးဖို့သာအရေးကြီးသည်။ မိမိရဲ့ သမ္မာအာဇီဝကို ဗဟိုပြုပြီး ကောင်းမှုကို ဖြည့်တင်းလျက် ယခုဘ၀ အရမသာခဲ့ပေမယ့် အပေးသာဖို့ အဓိကထားကာ ကုသိုလ်များ တိုးပွားအောင် ကြိုးစားပါ။ ဒီထက်မြင့်သော အဆင့်အတန်းနှင့် ဘ၀တို့က သင့်အား စောင့်ကြိုလျှက်ပါ။ ဘယ်သောအခါမျှ မေ့ပျောက်ဖို့ မကောင်းသော အရာကို ယခုကစလို့ အပေးသာမှ အရသာမည်ဖြစ်သောကြောင့် မေ့မေ့မူးမူး မနေကြပဲ ဖြည့်တင်းကြကုန်လော့။
0 Response to "အပေးသာမှ အရသာမည်။"
Post a Comment