နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ....
Image and video hosting by TinyPic

အော်...ဒုက္ခ

တစ်နှစ်ရဲ့ အသက်
ခဏတာ လစ်သွားတဲ့
ပန်းလေးတွေလည်း
ညှိုးနွမ်းလို့ ယိုင်ခွေ
မှိုင်တွေတွေ အပြုံးများ
နှလုံးသားမှာ ကိုယ်စီပွား 
နောက်ဆုံးစကား မြွက်ကြားတာက
အော် ဒုက္ခ။
တုပ်ကွကွ ခြေလှမ်းများနဲ့
မရဏလမ်းကို မပန်းစတမ်း
သွားမည့် ပုထုဇဉ်
ဘယ်သို့ မည်ပုံ
လမ်းကြောင်းကို အမည်ပြောင်းပါလိမ့်နော်...
     

0 Response to "အော်...ဒုက္ခ"

လာရောက်လည်ပတ်ကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ...