ငနဲသား
တိုက်ပွဲပေါင်းများစွာ ခင်းကျင်းရင်း ဘ၀ကို ကူးခတ်ဆန်နေတဲ့ တို့များရဲ့ကြားမှာ ဖြတ်လမ်းဆိုပြီး လျှောက်နေကြတယ်။ သိပ်တော့မထူးဆန်းတော့ပါဘူး။ သို့ပေမယ့် ဘ၀ပျက်နေတာ များလာလို့ စိတ်ကူးနဲ့ ရေးတင်လိုက်ပါတယ်။ အထူးသတိထားဖွယ်က မြန်မာနိုင်ငံရဲ့ အကျင့်စာရိတ္တဟာ အမြင့်မြတ်ဆုံးလူသားတို့ ပေါင်းစည်းထားပါတယ်။ တစ်ဖြည်းဖြည်းချင်း လျော့နည်းလာသည်ကား စီးပွားရေးပါ။ အောက်ခြေလူတန်းစားတို့ ဘ၀မှာ တစ်နေ့လုပ် တစ်နေ့စား၊ တတ်သည့်အလုပ် တကုပ်ကုပ်ဖြင့် ကြိုးစားရုန်းကန် အချိန်မှန်စားဖို့ လှုပ်ရှားကြရလေသည်။ တစ်ဖက်တစ်လှမ်းက မီးဖိုချောင် ထိန်းပါတယ် ထင်ပြီး အရင်းနှီး အနည်းငယ်မှ စတင်လို့ အစပျိုး နောက်တော့ ဇွတ်တိုးလို့ အစွန်းရောက်ခဲ့သည်လေ။ အများပြောတာက နှစ်လုံးသုံးလုံး။ တစ်နိုင်ငံလုံး ကူးစက် ရူးမတက်ဖြစ်သူတွေလည်း ဒုနဲ့ဒေး၊ တစ်ချို့ဆို အသက်တောင် ပေးနေရပြီလေ။ နှစ်လုံးသုံးလုံးမို့ တော်သေးရဲ့၊ လေးငါးလုံးဆို တွေးဝံ့မရဲ၊ အဆိုကလည်း တစ်မျိုးသာ။ (တွက်နည်းတစ်ထောင် တက်တက်ပြောင်၊ မကုန်တတ်သေး အိပ်မက်ပေး)တဲ့လေ။ ပစ္စည်းဥစ္စာကုန်မှ အိပ်ယာနိုးမယ်ဆိုရင် ဒီထက်မွဲဖို့ ဆိုတာထက် ပိုနေကြပါလိမ့်ဦးမည်။ အသိနဲ့ ယှဉ်၊ သတိ ကပ်၊ အမြဲသက်သင့်သည်ကား ဖြတ်လမ်းဆိုတဲ့ ငနဲသားပါတည်း။