နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ....
Image and video hosting by TinyPic

ဗုဒ္ဓဘာသာသည် ဘာသာကြီးလေးခု၌ ဘာကြောင့် ကိုးကွယ်သူနည်းနေသနည်း

ဗုဒ္ဓဘာသာသည် ဘာသာကြီးလေးခု၌ ဘာကြောင့် ကိုးကွယ်သူနည်းနေသနည်း
လူများမှီတင်းနေထိုင်ရာ ဒီလောကကြီးမှာ လူဦးရေသည် ၂၀၁၁။ အောက်တိုဘာလ (၃၁)ရက်နေ့တွင် သန်းပေါင်း (၇)ထောင်ပြည့်ပြီဟု ကမ္ဘာ့လူဦးရေ စစ်တမ်းအရသိရပေသည်။ ထိုလူ များ ကိုးကွယ်မှုသည် များစွာရှိသည့်အနက် အဓိက ဘာသာကြီး လေးခုမှာ---
၁။ ခရစ်ယာန်ဘာသာ ၂။ မွတ်စလင်ဘာသာ ၃။ ဟိန္ဒူဘာသာ ၄။ ဗုဒ္ဓဘာသာတို့ ဖြစ်ကြလေသည်။ လောကလူသားများသည် မိမိတို့ယုံကြည်ရာကို ကိုးကွယ်ဆည်းကပ်နေကြ၏။ ယင်း၌ လူသား ဆိုသည်မှာ ကုသလာကုသလံ မနတိ ဇာနာတီတိ မနုေဿာ - ကုသိုလ် အကုသိုလ် (ကောင်းကျိုး ဆိုးကျိုး)ကို သိတတ်သူသာ လူမည်ရာ၏။ မကောင်းတာကို မကောင်းမှန်းသိလျက် မျက်စိမှိတ်ယုံကြည်သော် လူသားခေါ်နိုင်စရာမဖြစ်နိုင်။ သူတစ်ပါးအသက်သတ်ခြင်းသည် ကုသိုလ် လား၊ အကျိုးရှိသလား၊ ကောင်းကျိုးရသလား၊ ကုသိုလ်ပါ၊ အကျိုးရှိပါတယ်၊ ကောင်းကျိုးရပါတယ်ဟု မျက်စိမှိတ်ယုံကြည်နေယင် လူသားခေါ်နိုင်စရာမဖြစ်နိုင်ချေ။ ထိုကဲ့သို့ယုံကြည်သောသူသည် မင်းတို့ သူ့ကို သတ်မနေကြနဲ့ ငါ့ကိုသတ်ပြီး မင်းတို့ကုသိုလ်ယူကြလို့..ထိုသူပြောရဲ အသတ်ခံရဲမလား၊ သက်ရှိ သတ္တ၀ါတိုင်းသည် သူ့အသက်သူတော့ နှမြောတတ်ကြသည်ချည်းပင်၊ မစင်တွင်းမှလောက် တောင်မှ သူ့နေရာမှာ ပျော်ရွှင်နေ၍ သေရမည်ကို ကြောက်တတ်၏။ သို့သော် ဒီဘ၀သေလျှင် နောက်ဘ၀လူပြန်ဖြစ်မည်ဟုပြောဟောခံရ၍ ဘာသာရေးမှိုင်းထိကာ မိမိအသက်ကိုအသေခံပြီး လုပ်ကြံမှုပြုသော သူများလည်းရှိတတ်ပါသည်။ ယင်းသို့ဖြစ်လျှင် ထိုပြောဟောသူကိုယ်တိုင်က ဘာ့ကြောင့်သူကိုယ်တိုင် အသေမခံပဲ သူများကို အသေခံစေသနည်း၊ စဉ်းစားစရာပင်။
ယနေ့ ဘာသာရေးစစ်တမ်းကောက်ယူချက်အရ ကမ္ဘာတွင် ခရစ်ယာန်ဘာသာဝင်ပေါင်း သည် သန်းပေါင်း နှစ်ထောင်ကျော်ခန့်။ မွတ်စလင်ဘာသာဝင်ပေါင်းသည် သန်းပေါင်း တစ်ထောင့်ငါးရာကျော်ခန့် ရှိသည်ဟုဆိုသော်လည်း ၂၀၁၂ စစ်တမ်းအရ သန်းပေါင်း နှစ်ထောင် ကျော်ခန့်။ ဟိန္ဒူဘာသာဝင်ပေါင်း သန်းပေါင်း တစ်ထောင်ကျော်ခန့်။ ဗုဒ္ဓဘာသာဝင်ပေါင်း သန်းပေါင်း သုံးရာ့ ငါးဆယ်ကျော်ခန့်ဟု ခန့်မှန်းသိရှိရပေသည်။ ကျန်လူများသည် မိမိတို့အားသန်ရာ ယုံကြည်ရာကို ကိုးကွယ်ကြ၍ မည်သည့်ဘာသာကိုမျှ မကိုးကွယ်ကြသော ဘာသာမဲ့များလည်း ရှိကြလေသည်။
 ယင်း ဘာသာကြီးလေးခုတွင် ဗုဒ္ဓဘာသာသည် အဘယ့်ကြောင့် လူကြိုက် နည်းနေရသနည်း။ ဤမေးခွန်းကို မေးလာသည့်အခါ..
သဉ္ဖိည်းဆရာကြီးတစ်ယောက်ပြောသလို.. “လောကမှာ လူမိုက်နဲ့လူလိမ္မာ ဘယ်ကများလဲ” ဟု တရားစစ်တရားမှန်ကို လိုက်ရှာနေကြသော ကောလိတနှင့် ဥပတိဿတို့ကိုမေးခဲ့ရာ- “လူမိုက်က များပါတယ်”ဟု ဖြေဆိုသည်ရှိသော်.. ကောင်းကျိုးဆိုးကျိုးကို ကောင်းစွာဝေဘန်တတ်သည့် လူလိမ္မာ တွေ။ ကြောင်းကျိုးကို ဝေဘန်နိုင်တဲ့ ပညာရှိတွေကတော့ ဂေါတမထံ သွားကြလိမ့်မယ်၊ ဂေါတမကို ကိုးကွယ်ကြလိမ့်မယ်၊ လူမိုက်တွေ ကောင်းကျိုးဆိုးကျိုးကို မခွဲခြမ်း မဝေဘန်တတ်တဲ့ ပညာ မတတ် လူတန်းစားတွေကတော့ ငါ့ဆီလာကြလိမ့်မယ်ဟုပြောသလို။ ဤ၌ ပညာတတ်ဆိုရာမှာ လောကီပညာ လောကုတ္တရာပညာဟုနှစ်မျိုးရှိလေသည်။ ထိုတွင် လောကမှလွတ်မြောက်ရာ အတတ်ပညာ မဟုတ် တာမှန်သမျှ လောကီပညာဖြစ်၍၊ လောကမှထွက်မြောက်ရာ အတတ်ပညာကိုတော့ လောကုတ္တရာ ပညာဟု ဆိုပေသည်။ တစ်နည်းအားဖြင့်ဆိုရသော် ရုပ်နာမ်တို့၏ သဘောလက္ခဏာကို အသေးစိပ် သိတတ်သောပညာကို လောကုတ္တရာပညာဟု ဆိုပေသည်။ ဘွဲ့တွေ ဒီဂရီတွေ ဘယ် လောက်ပဲရရ၊ ကွန်ပျူတာပညာ လောကဓာတ်ပညာ သိပ္ပံပညာစသော ပညာတွေ ဘယ်လောက်ပဲ ကျွမ်းကျင် ကျွမ်း ကျင် လောကမှ လွတ်မြောက်ရာ ပညာလမ်းစဉ်ကို အနည်းငယ်မျှ မတတ်၊ မသိဘူးဆိုယင် ပညာ တတ်ဟု မခေါ်ဆိုနိုင်ကြောင်း ထင်ရှားပေသည်။
လောကလူသားအများစုသည် ကာမကိုသာ လိုက်ရှာနေတတ်ကြသည်။ ကာမဂုဏ်တို့၌ မွေ့လျော်ကြသည်၊ ကာမဂုဏ်တို့၌ ၀မ်းမြောက်တတ်ကြသည်။ ကာမကို အားပေးကြသည်။ ကာမ အမှောင်တွင်းသို့ဇွတ်တိုး၍နေကြသည် ကာမနှင့်ဖြားယောင်းခံနေကြရသည် ထိုကာမဖြင့်မြှူဆွယ်လာ သည်ရှိသော အမြှုဆွယ်ခံရသောသူသည် မိမိအတွင်းကာမ၏ခိုင်းစေမှုကြောင့် အလွယ်တကူပါသွား တတ်ကြလေသည်။ ယင်းတဒင်္ဂသာယာမှုကာမ၏နောက်ကွယ်တွင် ဆိုးကျိုးများ မည်မျှရောက်လာ မည်ကို မမြင်နိုင်ကြပေ။  စိတ်သည် မကောင်းတာမှာ ပျော်တတ်သည့်သဘောရှိသည်မဟုတ်ပါလော။ ထို့ကြောင့် ကာမကို အလွန်အကျွံအားပေးသော ဘယ်ဝါဒ ဘယ်ဘာသာမဆို လူကြိုက်များပေ လိမ့်မည်။ (မှတ်ချက်) ကာမကို အားမပေးသောဝါဒ အားမပေးသောဘာသကို ငြီးငွေ့ဘွယ်ဘာသာဟု ထင်ကောင်း ထင်ပေမည်၊ အဘယ့်ကြောင့်ဆိုသော် ထိုသူများသည် ယင်းကာမကို တကယ်ချမ်းသာ စစ်လို့ ထင်နေသောကြောင့်ပေတည်း။
ကာမကိုအားနည်းစေသောဝါဒရှိသူတို့ကိုလည်း ရန်သူသဖွယ် ဆက်ဆံလာကြပေလိမ့်မည်။ ကာမ (သို့မဟုတ်) လောဘ-တဏှာသည် ပူလောင်တတ်သော သဘောရှိပေသည်။ မိမိလိုချင်သလို ဖြစ်မလာသည့်အခါ ယင်းပူ လောင်မှုကို အားပေးမှုနှင့်အတူ ကပ်ပါလာတတ်သော အခြားသူအား သတ်ဖြတ် နှိပ်စက် ညှင်းဆဲမှု ဒေါသ အဃာတများ။ သတ်ဖြတ်သင့် မသင့်၊ နှိပ်စက်သင့် မသင့်၊ ညှင်းဆဲသင့် မသင့်ဟူသော အကောင်းအဆိုး ဤနှစ်မျိုးကို ဝေဘန်ခွဲခြား နိုင်စွမ်းလည်း မရှိနိုင်သော မောဟသဘောတရားတည်းဟူသော ပူလောင်မှုတို့ကိုလည်း မီးလောင်ရာလေပင့်ပေးသလို အား ပေးရာ ရောက်တော့သည်။ ထို့ကြောင့် ကာမကိုအားပေးသောဝါဒကို အားပေးသူ ထောက်ခံသူများ များလာလေလေ ကမ္ဘာလောကကြီးတွင် ယင်းကာမဂုဏ်တရားတို့နှင့်အတူ ကောင်းကျိုး ဆိုးကျိုး တို့ကို ခွဲခြမ်းနိုင်စွမ်းသော ပညာအားနဲမှုများကြောင့် မိမိတို့နှင့်ဝါဒမတူ ဘာသာမတူသူ လူသားများ အားလည်းကောင်း၊ မိမိတို့နှင့်ဝါဒမတူ ဘာသာမတူသည့် နိုင်ငံများအားလည်းကောင်း စစ်ကြေ ညာခြင်း၊ တိုက်ခိုက်ခြင်းများဖြစ်ကာ မနာလိုမုန်းတီးမှု၊ သတ်ဖြတ်မှု ညှင်းဆဲမှုတို့သည် တစ်နေ့ တခြား တိုးပွားလာကာ နောက်ဆုံးတွင် မိမိတို့အခြင်းခြင်းပင် လောဘ ဒေါသ မောဟ မီးများ အခြေခံ မှုကြောင့် အဝေ မတည့်မှုတွေဖြစ်လျက် မိမိလူမျိုးအခြင်းခြင်း နိုင်ငံအခြင်းခြင်း သတ်ဖြတ်မှုတွေ အောက်တွင် ပြားပြားဝပ်လျက် အမှန်တရားများ ဆိတ်သုဉ်းကာ လောကကြီး မီးလောင်ပြာကျ ပျက်စီး ရမည်မှာ အသေအခြာပင်။ မည်သို့ပင်ဆိုစေ လောကကြီး မြန်မြန်မပျက်စီးအောင် အမှန်တရားများ ထွန်းကာလာအောင်တော့ အမှန်သိသူဟောထားသော အမှန်တရားကို အမှန်သိသူများက ပြောဟော ဆုံးမ၍ မိမိနိုင်ငံ မိမိလူမျိုး မိမိဘာသာကို ကာကွယ်စောင့်ရှောက်ဖို့ရန်ကိုတော့ ဇွဲမလျော့တန်း ကြိုးစားကာကွယ်နေရမည်မှာ သမိုင်းပေးတာဝန်တစ်ရပ်သာတည်း။
မြတ်ဗုဒ္ဓ ဘုရားဖြစ်ခါစ စဉ်းစားခန်းလေးတစ်ခု … 
အဓိဂတော ခေါ မျာယံ ဓမ္မော ဂမ္ဘီရော ဒုဒ္ဒသော ဓုရနုဗောဓော သန္တော မဏီတော အတက္ကာဝစရော ပဏ္ဍိတဝေဒနိယော... ငါ လေးသင်္ချေနှင့်ကမ္ဘာတစ်သိန်း ပါရမီဖြည့်ပြီး ခက်ခက်ခဲခဲ ရထားတဲ့တရားတွေဟာ သိပ်နက်နဲလွန်းတယ်၊ မြင်ဖို့ရန် ခဲယင်းတယ်၊ ထိုးထွင်းသိဘို့လဲခက်တယ်၊ ငြိမ်းချမ်းတယ်၊ မွန်မြတ်တယ်၊ ကြံဆ၍သိနိုင်ခဲတယ်၊ ပညာရှိသူတွေသာ သိနိုင်တယ် လက်ခံနိုင်စွမ်းရှိ တယ် (အကောင်းအဆိုး အကြောင်းအကျိုးကို မသိသူ ပညာမဲ့လူတန်းစားများ လက်မခံနိုင်)။ ဒါ့ကြောင့် ခုငါမြင်နေရတဲ့ လူသားတွေဟာ.. ကာမဂုဏ်တို့၌ မွေ့လျော်ကြသည်၊ ကာမဂုဏ်တို့၌ ၀မ်းမြောက်တတ်ကြသည်။ ကာမအမှောင်တွင်းသို့ ဇွတ်တိုး၍နေကြသည်၊ ကာမ၏အလိုသို့ လိုက် နေကြသည်။ ထိုလူသားတွေမှာ မြင်မြင်သမျှသင်္ခါရစသည်တို့၏အကြောင်းဖြစ်သည့် မသိမှု အ၀ိဇ္ဖာ အစရှိသောအကျိုးတရား။ မသိမှု အ၀ိဇ္ဖာအစရှိသော အကြောင်းတရားကိုစွဲ၍ဖြစ်သော မြင်မြင်သမျှ သင်္ခါရအစရှိသောအကျိုးတရားသည် တကယ်ရှိပေသည်။ ဤတရားတွေဟာ မြင်ဖို့သိပ်ခက်တယ်။ ယင်းသင်္ခါရသဘောတရားတို့၏ငြိမ်းရာ၊ တဏှာရာဂမီးလောင်မှုတို့ကိုညှိမ်းသတ်ရာ၊ ချုပ်ရာ၊ ကင်းရာ နိဗ္ဗာန်သည် တကယ်ရှိပေသည်။ ယင်းအရာကို သိဖို့ မြင်ဖို့ လက်ခံနိုင်ဖို့ရာလည်း ခက်ခဲတယ်။ အကယ်၍ ဤခက်ခဲတဲ့တရားတွေကို ငါ လူသားတွေကို ဟောမယ်ဆိုယင် လူသားတွေမသိနိုင် မမြင်နိုင်ဘူး။ အဲဒီတော့ ငါ မဟောတော့ဘူး ဟောယင် ငါပဲပင်ပန်းယုံပဲရှိမယ်လို့ အကြံအစီဖြစ်လေ ၏။ ထိုမြတ်ဘုရား၏အကြံအစီကို  ဗြဟ္မာကြီးတစ် ယောက်က သိသွားသောအခါ.. မဖြစ်ချေဘူး မြတ်ဗုဒ္ဓ တရားမဟောတော့ဘူးဆိုယင် ရာဂ ဒေါသ မောဟစသော တစ်ဆဲ့တစ်ပါးသောမီးများလောင် ကျွမ်းနေကြသော သောကစသောစိုးရိမ်ခြင်းမျှားတွေ အစူးခံနေရရှာကြကုန်သော ဇာတိ ဇရာတို့ သည်နှိပ်စက်ခံနေကြရသော လူသားများနှင့်တကွ လောကကြီးသည် ပျက်စီးတော့မှာပဲလို့ အကြံဖြစ် ပြီး မြတ်ဘုရားထံသို့သွားကာ.. ဤသို့ လျှောက်ထားလေ တော့သည်။ မြတ်စွာဘုရား လူသားတွေကို တရားဟောတော်မူပါ၊ လောဘစသော ကိလေသာ မီးတွေလောင်ကျွမ်းနေကြသူတွေ ရှိသော်ငြား လည်း ပညာမျက်စိရှိသော အကောင်းအဆိုး အကြောင်း အကျိုးကို ခွဲခြမ်းဝေဘန်နိုင်သော ကိလေသာ မြူအညစ်ကြေးနည်းပါးသော လူသားတွေလည်း ရှိပါသေးသည်ဘုရား။ အကယ်၍ မြတ်ဘုရားရဲ့ တရားကို မနာရဘူးဆိုရင် သတ္တ၀ါတွေသည် လောက အမှန်တရားကို မသိကုန်ပဲ အမှန်တရားမှ ဆုတ်ယုတ်ကုန်ပါလိမ့်မည်။ မြတ်ဘုရား၏တရားကို လက်ခံနိုင်စွမ်းရှိကုန်သော လူများလည်း ရှိပါသေးသည်။ ထို့ကြောင့် တရားမဟောပဲ နေတော်မမူပါနဲ့ဘုရား။ ဟောကြားတော်မူပါဟု တောင်း ပန်လျှောက်ကြားလေ၏။ ထိုအခါမှ မြတ်ဘုရားက ဥာဏ်မျက်စိဖြင့် လူသားများကိုကြည့်တော်မူ၍ သူ့တရားကို လက်ခံနိုင်စွမ်းရှိသူများ ရှိကြောင်းကို မြင်ရလျက် ထိုဗြဟ္မာအား… အိုဗြဟ္မာ ငါသည် နိဗ္ဗာန်၏ တံခါးသဘွယ်ဖြစ်သော သူမြတ်တို့ရဲ့လမ်းစဉ်ကို ဖွင့်ပေးတော့မည်၊ ကြားနိုင်စွမ်း လက်ခံနိုင်စွမ်းရှိသောလူသားတို့သည် မိမိ၏ ယုံကြည်မှုသဒ္ဓါတရားကို ဖွင့်ထားကြပေတော့ဟုဆိုကာ တရားဦးကို စတင်ဟောကြားရန် အားထုတ်တော်မူလေသည်။
အချုပ်အာဖြင့်ဆိုရသော်ကား.. အထက်ပါ ခေါင်းစဉ်၏အဖြေကို ဖြေရသော် .. လောကတွင် အဖိုးတန်လွန်းသော ရွှေငွေကျောက်သံပတ္တမြားစသောရတနာတို့ကို လူတိုင်းလိုချင်နှစ်သက်ကြသည်၊ သို့သော် လူတိုင်း ရအောင် မယူနိုင်ကြပေ။ ရရှိသော်လည်း အကျိုးရှိရှိ အသုံးမချတတ်ခြင်း ကာမ ဂုဏ်ကို အားပေးသောနေရာတွင် အသုံးချခြင်းစသော အလွဲအသုံးချမှုများအသုံးချနေသော် ထိုသူ သည် ယင်းအဖိုးတန် ရွှေငွေကျောက်သံ ပတ္တမြားတို့နှင့် မထိုက်တန်ဟုဆိုရပေမည်။ ထို့အတူ ဗုဒ္ဓ၀ါဒသည်လည်း ယင်းရွှေငွေစသော အဖိုးတန်ရတနာတို့ထက် အဆ ရာထောင်မက အဖိုးတန်လွန်း သောကြောင့် လူတိုင်းနှင့်မထိုက်တန်ပေ။ ပဏ္ဍိတဝေဒနိယော… ပညာရှိသူတော်ကောင်းများသာ သုံး ဆောင်နိုင် ခံစားနိုင်သောကြောင့်လည်းကောင်း၊ ကြောင်းကျိုးမှန်ကိုဆင်ခြင်တတ်သော ပညာရှိတို့နှင့် သာလျှင် ထိုက်တန်သောကြောင့်လည်းကောင်း၊ လောကတွင် လူ့ဗာလ၊ လူ့အန္ဓများ များပြားလာနေ သောကြောင့်လည်းကောင်း အကောင်းလွန်နေသော၊ နက်နဲခက်ခဲသော၊ ငြိမ်းချမ်းသော၊ သိမ်မွေ့ သော ဗုဒ္ဓ၀ါဒကို လက်ခံယုံကြည်သော ဗုဒ္ဓဘာသာကို ကိုးကွယ်မှုနည်းနေသည်ဟု ဆိုရမည်သာ။
(မှတ်ချက်) ကိုးကားစရာတွေ မြောက်များစွာရှိသော်လည်း အနည်းငယ်မျှကိုသာ ကိုးကား ဖော်ပြအပ်ပါသည်။



 

Country
Percent
Thailand
95.00%
Cambodia
90
Myanmar
88
Bhutan
75
Sri Lanka
70
Tibet
65
Laos
60
Vietnam
55
Japan
50
Macau
45
Taiwan
43

Country
Number of Buddhists
China
102 000 000
Japan
 8 965 000
Thailand
55 480 000
Vietnam
49 690 000
Myanmar
41 610 000
Sri Lanka
12 540 000
South Korea
10 920 000
Taiwan
9 150 000
Cambodia
9 130 000
India
7 000 000
(All Statistics on this page sourced from www.adherents.com)
 
Christian Population is increasing
at 1.3 %
Christian
population in 2012
is 2 Billion
Muslim Population is increasing
at 1.84 %
Muslim
population in 2012
is 2.1 Billion

Dr. Sasana
4/8/2012

0 Response to "ဗုဒ္ဓဘာသာသည် ဘာသာကြီးလေးခု၌ ဘာကြောင့် ကိုးကွယ်သူနည်းနေသနည်း"

လာရောက်လည်ပတ်ကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ...