နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ....
Image and video hosting by TinyPic

တကယ်တော့လဲ

လိုအပ်တာတွေ လိုက်စုရင်း
လမ်းလျှောက်ခဲ့တယ်...
ရခဲ့တာက မလိုအပ်တာတွေပါ။
ရခဲ့တာကို အသုံးချခဲ့တယ်...
ဖြစ်လာတာက အဆိုးဝါးဆုံးတွေပါ။
အဆိုးဝါးဆုံးကို အရသာခံကြည့်တော့
တစ်ဘ၀ရဲ့ ချိုမြိန်မှုတွေကို
ပျားရည်လိမ်းကျံပေးပြီး
ကောင်းမွန်မည့် ဟန်ဆောင်ကာရံထားတဲ့
အကုသိုလ်တရားပဲဆိုတာ
ဝင်လေရဲ့နောက်ကွယ်
ထွက်လေရဲ့ ကျောဘက်
ရှူရှိုက်မှု မပင့်သက်ခင်မှာပဲ
သိလိုက်တယ်......

1 Response to "တကယ်တော့လဲ"

  1. Anonymous says:

    လှပတဲ့ အာနာပါနကဗျာတစ်ပုဒ်ပဲ !

လာရောက်လည်ပတ်ကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ...