နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ....
Image and video hosting by TinyPic

ပေးဆပ်အချိန် ပြန်ရစေ


ပေးဆပ်အချိန် ပြန်ရစေ
ရခဲခြင်းများစွာကို သိကြမည်ထင်ပါသည်။ထိုအထဲမှ အလွန်တရာ ရခဲတယ်ဆိုတာလည်း ရှိပေသည်။သို့ရာတွင်မူ ယခုလို ရခဲခြင်းများစွာထဲမှ ရခဲခြင်းတစ်ခုကို တင်ပြရသော်။ လူ့အဖြစ်မှသည် စရပေမည်။ ပထမ လူ့ဘ၀ကား ရာထူး၊ ဂုဏ်သိန်၊ စည်းစိမ်၊ သုခ အ၀၀တွေကိုခွဲခြမ်းစိတ်ဖြာ ဝေဖန်ကြည့်သော် ယခု ပူဇော် ဖူးမြော်ခွင့်ကို ပန်ဆင်သော ပုဂ္ဂိုလ်ထူးကိုပင် ဖွင့်လှစ်ပြရပေမည်။ အဘယ့်ကြောင့်ဆိုသော် ဘ၀အဆက်ဆက်က ဆည်းပူးခဲ့တဲ့ ပါရမီအရှိန်အဟုန်နှင့် နောက်နောင်ဘ၀များစွာထိ အကျိုးဆက်တို့ ပါလာသောကြောင့်ပေတည်း။ မည်သို့ ပုံပမာ ပြရမည်နည်း ဟူမူကား- အတိတ်ဘ၀များစွာက ပိဋကတ်စာပေကို မလေ့လာ မဆည်းပူးခဲ့ဘူးဟု ဆိုခဲ့လျှင် ယခုကဲ့သို့ စံပြနေရာ ယူနိုင်ရန် အသာထား သုခတရားတွေ ခေါင်းပါးတဲ့ ဘ၀များစွာ အပါယ်လားလို့မြုပ်ဝင် မြင်တောင်မြင်နိုင်အံ့မထင်။ ကုသိုလ်ပါရမီကို အစွမ်းကုန် ကြိုးကုတ် အားထုတ်လို့ ဆက်ငင် ယခုလို ဇာတ်စဉ်ပေါ်တက် ကြေငြာမောင်းခတ်နိုင်ခဲ့သော ဆရာတော်လေးအဖြစ် ဂုဏ်ယူလို့ဝံ့ကြွား ထာဝရပန်ဆင်နိုင်ခဲ့သူပေတည်း။
နဟိဓမ္မောအဓမ္မောစ၊ဥဘောသမ၀ိဘာဂိနော။
အဓမ္မောနိရယံနေတိ၊ဓမ္မောပါပေတိသုဂတိ။
ဓမ္မောစ - ကုသိုလ်ဟုဆိုအပ်သော ဓမ္မသည်လည်းကောင်း ၊ အဓမ္မောစ - အကုသိုလ်ဟုဆိုအပ်သော အဓမ္မသည်လည်းကောင်း၊ ဥဘောသမ ၀ိဘာဂိနော - ထိုကုသိုလ် အကုသိုလ် ဟုဆိုအပ်သောဓမ္မ အဓမ္မတို့သည် တူမျှသောအဖို့ ရှိကြပါကုန်၏။ အဓမ္မော- အကုသိုလ်ဟုဆိုအပ်သော အဓမ္မသည် ၊ နိရယံ - ငရဲသို့ ၊ နေတိ- ဆောင်တတ်ပါပေ၏။ ဓမ္မော- ကုသိုလ်ဟုဆိုအပ်သော ဓမ္မတို့သည်၊ သုဂတိံ- သုဂတိဘ၀သို့ ၊ ပါပေတိ- ရောက်ရလေတော့သတည်း။
ကုသိုလ်နှင့် အကုသိုလ်ဆိုတာ ရှိတယ်။ ကုသိုလ်ကိုပြုလုပ်ခဲ့လျှင် ကုသိုလ်တရား၏ အကျိုးကို ခံစားရမယ်။ အကုသိုလ်ကို ပြုလုပ်ခဲ့လျှင် အကုသိုလ်တရား၏ အကျိုးကို ခံစားရမယ်။ ဘယ်အထိခံစားရလိမ့်မလဲဆိုလျှင် ကုသိုလ်အကျိုးဟာ သုဂတိဘ၀ထိ အကျိုးပေးပါတယ်။ အကုသိုလ်အကျိုးဟာ ပါယ်ငရဲထိ အကျိုးပေးပါတယ်။ ဤနေရာတွင် ဆိုလိုသည်ကား- ဘ၀ါဘ၀က ဆည်းပူးလာမှ အကျိုးပေးသန်လာခဲ့တဲ့၊ ဘ၀ါဘ၀က ဖြည့်ကျင့်လာမှ  ရင့်ကျက်လာခဲ့တဲ့ ယခုလို ပူဇော်ခံပုဂ္ဂိုလ်ကဲ့သို့ ဖြည်းဖြည်းချင်း ဆည်းပူး၊ ဖြည့်ကျင့်လာခဲ့လို့ အလွန်တရာ ရခဲတဲ့ လူ့ဘ၀ကိုလည်း ရခဲ့ပြီ၊ အလွန်တရာ ရခဲ့တဲ့ ရဟန်းဘ၀ကိုလည်း ရခဲ့ပြီ၊ အလွန်တရာ ကြားခဲ့တဲ့ မြတ်ဘုရား၏တရားတော်တွေကိုလည်း သင်ယူဆည်းပူး ရင်ထဲတွင် ဆွတ်ခူးခဲ့ပြီတည်း။
ရင်ထဲတွင် ဘုရားတည်ပြီး သာသနာတစ်ခွင်ဝယ် ကျင်လည်နေဦးတောင်မှ အထက်တန်းကျတဲ့ ရဟန်းဘ၀မှ ဂုဏ်ထူးပိုင်ဆိုင် အံ့ထူးခိုင်ခဲ့တဲ့ ဆရာတော်သည် ဓမ္မကို ပါရမီအဖြစ် အသွင်ကူးပြောင်းကာ ဖန်ဆင်းနိုင်ခဲ့သူပေတည်း။ ရှောင်ရှားရမည့်တရားကိုလည်း စာပေသင်ရင်းခံစား နှလုံးသားမှ ပယ်ထုတ် အဝေးကို လွင့်စင်စေခဲ့သူပေတည်း။ မလျှော့တဲ့ ဇွဲ၊ အားထုတ်တဲ့ လုံ့လ၊ တင်းထားတဲ့ ၀ီရိယ တွေနဲ့ယှဉ်လို့ လိုချင်တဲ့ပန်းတိုင်ကို ဓမ္မနှင့် အဓမ္မ ခွဲခြား ယုံကြည်သော သဒ္ဓါတရားတွေပေါင်းစုလို့ ကြိုးစားအားထုတ်ခဲ့တဲ့ ပုံစံကို အားကျသင့်ပေသည်။ မည်သို့ပင် ဆိုစေ။ မြတ်ဘုရား၏ ဒေသနာတော်တွေကို ကျင့်သုံး၊ ပရဟိတကို အစွမ်း အားကုန်သွန်နေတဲ့ သီတဂူဆရာတော်၏ သြ၀ါဒအတိုင်းဆိုရသော်-
ဘုန်းကံကြီးမား မြတ်ဘုရားသာသနာတော်ကို ဘုန်းကံကြီးမားသောသူများ မှီခိုခွင့်ရတယ်။
ဘုန်းကံကြီးမား မြတ်ဘုရားသာသနာတော်ကို  ဘုန်းကံရှားပါးသူများ မှီခိုခွင့်မရဘူး။
ဘုန်းကံကြီးမား မြတ်ဘုရားသာသနာတော်ကို ဘုန်းကံကြီးမာသူတို့ ထောက်ပံ့ခွင့်ရတယ်။
ဘုန်းကံကြီးမား မြတ်ဘုရားသာသနာတော်ကို ဘုန်းကံရှားပါးသူတို့ ထောက်ပံ့ခွင့်မရဘူး။
ယခု ဘုန်းကံကြီးမား မြတ်ဘုရားသာသနာတော်မှာ မှီခိုခွင့်ရသူ၊ ထောက်ပံ့ခွင့်ရသူ ဖြစ်သော ပူဇော်ခံပုဂ္ဂိုလ်သည် အလွန်တရာမှ ဘုန်းကံကြီးမားသူပေတည်း။ ဘုန်းကံကြီးမားသည့်အလျောက် သာသနာ့အကျိုး၊ တိုင်းပြည်အကျိုးကို ဆောင်ရွက်နိုင်မည်ကိုကား မြေကြီးလက်ခတ်မလွဲပင်။ ထောက်ပံ့ခွင့်ရသူနေရာအားဖြင့်ကြည့်သော်ကား- ယခုလို အောက်အခြေခံသင်ရိုးမှစကာ ကြိုးစားသင်ယူကာ အဆင့်မြင့်သော သာသနဓဇဓမ္မာစရိယ အထိ အောင်မြင်ခဲ့သောကြောင့် ဘုန်းကံကြီးမား မြတ်ဘုရားသာသနာတော်ကို ဘုန်းကံကြီးမား ပါရမီတွေကို တိုးပွားရင်း ရိုးသားခဲ့သူကို ချီးမြှင့်ထောက်ပံ့ခွင့်ရပေသည်။ ထောက်ပံ့သူ၊ ထောက်ပံ့ခံရသူ ထိုသူနှစ်ယောက်မှာ အကျိုးတရားတို့သည် တုနှိုင်းစရာ ရှိအံ့မထင်။
အတိတ်က ပါခဲ့တဲ့ ပါရမီကို အရိုးခံနှလုံးသားနဲ့ ငယ်စဉ်က စာပေသင်ယူစဉ်မှာ ပျံ့လွင့်ဖို့ အချိန်တွေကို စာပေပေါ်မှာ သိမ်ငယ်သွားရလေအောင် သတိကို မောင်းတင်ခဲ့တယ်။ ဆော့ကစားချင်တဲ့ စိတ်ဓါတ်တွေကို စာပေပေါ်မှာ တိန်ဝင်သွားအောင် စိတ်အစဉ်ကိုထိန်းချုပ် သိမ်းထားတဲ့အထုပ်ကြီးတစ်ထုပ်လိုထုတ်ပိုး ယခုအချိန်ထိ မပုပ်သိုးသေးပါဘူး။ သို့ပေမယ့် ထိန်းချုပ်အံဝင် ခုတော့ ညိမ်စင်းစင်း သံစဉ်တစ်ပုဒ်ဖြစ်နေပေမယ့် ၀ီရိယကို ဇွတ်တိုးကာ ကြိုးစားခဲ့တယ်။ ခလုတ်နှင့် ခရောင်းကြမ်းတွေ လက်လှမ်းလို့ ကာဆီးနေပေမယ့် မိမိသင်လာသမျှ သိထားသမျှ ဦးနှောက်နဲ့ ဆုံးဖြတ် သင့်တင့်လျှောက်ပတ်တဲ့ နှလုံးသွင်း လုံ့လကို အာရုံစိုက်ခဲ့တယ်။ အင်မတန်ခက်ခဲနက်နဲတဲ့ စာပေကျမ်းဂန်တွေကို အင်မတန်ခက်ခဲနက်နဲတဲ့ ဆင်းရဲခြင်းတွေနဲ့ ဖြတ်ကျော်ကာ သည်းခံရတဲ့ဘ၀မျိုးစုံကို ဓါတ်ခံအားကောင်းခဲ့တဲ့ အပြုံးများနဲ့ အောင်နိုင်သူကို ထောက်ပံ့ပူဇော်ရသည်ကြောင့် သင်တို့အပေါ်ဝယ် ဤဇမ္ဗူထင်ရှား အကျိုးတရားများစွာက အကိုးအကားမခြားပဲ တိုးပွားမည်မှာ မလွဲပေ။
သဘာဝပေးတာက သံပုရာသီးပါ။ သံပုရာရည်ကို သောက်ချင်တယ်ဆိုရင် အရည်ညှစ်သောက်ရသလို ဘ၀ကပေးတာက အကြောင်းရာတွေပါ။ အကျိုးကို လိုချင်တယ်ဆိုရင် အရည်ညှစ်တတ်အောင် ကြိုးစားအားထုတ်ရပေမည်။ ယခုမူ ပေးလိုက်သော ပညာရေးအကြောင်းတရားတွေကို သညာရေးအကျိုးတရားနဲ့ နာခံလို့ ပရဟိတ အမျိုးပွားရလေအောင် ဆရာ၊ ဒကာ ညီညွတ်စွာဖြင့် ဖလှယ်နိုင်ကြရပေမည်။ ကိုင်းက ကျွန်းကိုမမှီလျှင် သဘာဝမကျသလို ကျွန်းက ကိုင်းကိုမှီလျှင်လည်း သဘာဝကျမည်မဟုတ်ပေ။ သို့ကြောင့် ပေးဆပ်ခဲ့ရတဲ့ အချိန်တွေကို ပြန်ရချင်တယ်ဆိုလျှင်တော့ ပရဟိတအကျိုးကို ဦးထိပ်မှာတင်ကာ စွမ်းသလောက် အားထုတ်ပါက ပြန်ရနိုင်ပေသည်။
ဓမ္မကို အသိနဲ့ ယှဉ်၊ ဘုန်းကံကြီးမားလို့ မှီခိုအားထားခွင့်တွေနှင့် ထောက်ပံ့ခွင့် အကျိုးတရားတွေကို ကုန်ခမ်းသွားခဲ့တဲ့ အချိန်နေရာမှာအစားထိုးကာ အများအကျိုးကို တက်အားအမျိုးမျိုးတွေနှင့် သာသာနာပြုနိုင်ပါစေ။ ပေးဆပ်ခဲ့ရတဲ့ ဆင်းရဲခြင်းအပြည့်ရှိသော အချိန်တွေကို ပြန်ရပါစေ ဟု ဆန္ဒပြုရင်း
အရှင်သီလာစာရ(ရွှေဘိုသီလာ)

သဲကန္တာရထဲက အိုအေစစ်

"သဲကန္တာရထဲက အိုအေစစ်"

ဘုရားရှင်ကိုယ်တော်မြတ်ကြီး


တည်ထောင်ထားတဲ့ သာသနာတော်က


ပူလောင်နေတဲ့ ကမ္ဘာကြီးအလယ်မှာ

အေးမြငြိမ်းချမ်းတဲ့ ကမ္ဘာလေးတစ်ခုပဲ။

ပူပြင်းတဲ့ သဲကန္တာရကြီးအတွင်းက

အေးမြတဲ့ ရေအိုင်ကလေးလိုပဲ

ရှားရှားပါးပါး တွေ့ကြရတာ။


(အရှင်ဇနကာဘိဝံသဆရာတော်ကြီး)


မင်းနန်(မော်ကျွန်း)
ဆရာတော်ကြီးများ၏ သြဝါဒတော်များ - မှ ကောက်နှုတ်ပါသည်။

ဘုန်းကံကြီးမာသူ

အ၀တ်သင်္ကန်း လှူဒါန်းရခြင်းအကျိုး (၈) ပါး

အရှင်ပိလိန္ဒ၀စ္ဆမထေရ်သည် အ၀တ်သင်္ကန်းလှူခြင်းကြောင့် အကျိုး(၈) ပါး ရရှိပုံကို ဤသို့မိန့်တော်မူ၏။ ငါသည် မြတ်စွာဘုရားအားလည်းကောင်း၊ အမြတ်ဆုံးဖြစ်သော ဂိုဏ်း၊ သံဃာအားလည်းကောင်း အ၀တ်သင်္ကန်းတို့ကို ပေးလှူခဲ့ရသောကြောင့် ငါအား အကျိုးတရား(၈) ပါးတို့ကို ခံစားရတယ်။
ယင်းအကျိုးတရား (၈) ပါးမှာ
၁။ ရွှေအဆင်းနှင့် တူသော အဆင်းရှိခြင်း။
၂။ မြူအညစ်အကြေးကင်းခြင်း။
၃။ ပြိုးပြိုးပြက်ပြက် အရောင်ထွက်ခြင်း။
၎။ တန်ခိုးသြဇာကြီးခြင်း။
၅။ ခန္ဓာကိုယ်ပြေပြစ်ခြင်း။
၆။ အဖြူ၊ အ၀ါ၊ အနီ အ၀တ်တို့ကို ရခြင်း။
၇။ ပိုးအထည်၊ ကမ္ဗလာအထည်တို့ကို ရခြင်း။
၈။ ခေါမချည်၊ ၀ါချည်တို့ကို ရခြင်းတို့ ဖြစ်ပါသည် ဟု မိန့်တော်မူခဲ့ပါသည်။

ပဉ္စက္ခန္ဓာ

အပြင်လေ ၀ါယော၊ ကိုယ်ကိုတိုးထိ
အေးသဘောသိ၊ ဖောက်ပြန်မှုရုပ်(ရူပက္ခန္ဓာ)
ထိုအသိ အမိယူ၊ သိမှုစိတ်(၀ိညာဏက္ခန္ဓာ)
သိမှုအေးဟု၊ ခံစားမှုဝေဒနာ(ဝေဒနာက္ခန္ဓာ)
ထိုဟာအေးဟု၊ မှတ်သိမှု သညာ(သညာက္ခန္ဓာ)
အေးသဘောဆက်ကြည့်၊ တိုက်တွန်းဘိသင်္ခါရ(သင်္ခါရက္ခန္ဓာ)
အေးသဘောရုပ်၊ ငါမဟုတ် သူမဟုတ်၊ သဏ္ဍာန်ရေမြုပ်ပမာ။
အေးသိမှုစိတ်၊ ငါမရှိ၊ သူမရှိ၊ လိမ်ညာ မျက်လှည့်ပမာ။
အေးမှုခံစား၊ ငါမပါ၊ သူမပါ၊ တခဏတာ ရေပွက်ပမာ။
အေးဟုမှတ်သိ၊ ငါမရှိ၊ သူမရှိ၊ တံလျှပ်အမှတ်မှား ပုံပမာ။
အေးသဘော ဆက်ကာကြည့်၊ ငါမရှိ၊ သူမရှိ၊ မမြဲမခိုင် ငှက်ပျောတုံးပမာ။
ခန္ဓာငါးခု အရှုခန္ဓာ၊ ရှုကြည့်မှတ်စဉ်၊ လက္ခဏာတင် ဒိဌိနှင့် ၀ိစိကိစ္ဆာစင်။
သီတဂူဆရာတော်၏ မွေးနေ့၌ ရေးသားပူဇော်သူ-မခင်ဝင့်ဝင့်ထွန်း

သံဝေဂ တေးထပ် (အချုပ်တန်းဆရာဖေ)


နန်းသပြေပင်ညွန့်၊ စမ်းရေကွန့်ရိပ်ပျံ၊ ပန်းဟေဝန့်ဗိမာန် ‘မှာ’၊ အဓိဋ္ဌာန်တင်မြန်း၊ ပင်လုံးကျွတ်ပွင့်ဝေဖြာ ‘တယ်’၊ ဧကစာသုံးတဲ့သင်္ခမ်း။ ။
မြတ်နွယ်ညွန့်တည်ရာ ‘မှာ’၊ လည်လကျာ်ခွေမြန်း၊ စည်မျက်နှာ မြေကြငှန်း ‘ငယ်သို့’၊ ချွေမြန်းလို့ဆိတ်သာ၊ တင်စလွယ် ဆင်ခြယ်သ ‘ပါလို့’၊ အဋ္ဌမဂ်သုံးဆောက်တည်ကာ။ ။
တကိုယ်တည်းဆိတ်ငြိမ်ရာ ‘ဝယ်’၊ နိဗ္ဗိန္ဒာကြည်ဇော ‘နှင့်’၊ သည်တောဝမြိုင်ဝေဘူ၊ ပန်းစုံကကြူ၊ ကမ္မဋ္ဌာန်းရ အုဌ်ဂူ ‘မှာ’၊ ရုက္ခမူ ပျော်ဆုံးပ လေး။ ။ (အချုပ်တန်းဆရာဖေ) http://dokira.spi-blog.com/ ဆိုက်မှတဆင့် ကူးယူဖော်ပြလိုက်ရပါသည်။

မိဘမေတ္တာ

ချစ်သော"မေမေ"

အေးစက်စက် ဆောင်းညတွေကို
နွေးထွေးမှုတွေနဲ့ ပြည့်စုံစေဖို့
ကြင်နာခြင်း စောင်တစ်ထည်
လွှမ်းခြုံပေးနိုင်တဲ့ "သူ"....

ထခက်ခက် နံနက်တွေကို
လန်းဆန်းမှုတွေနဲ့ နိုးထစေဖို့
ကြည်နူးခြင်း စိတ်တစ်စုံ
မျှဝေပေးနိုင်တဲ့ "သူ"....

စိတ်ရှုပ်ရှုပ် အလုပ်ချိန်တွေကို
ကြိုးစားမှုတွေနဲ့ ဖြတ်ကျော်စေနိုင်ဖို့
အားပေးခြင်း စကားစုံ
ပြောဆိုပေးနိုင်တဲ့ "သူ"...

ကိုယ်လိုသော မေတ္တာတွေ
ကိုယ်လိုသော ချစ်ခြင်းတွေ
ကိုယ်လိုသော အားအင်တွေ
ပေးစွမ်းနိုင်တဲ့ "သူ"....

"သူ" ဆိုတာ
ချစ်မ၀ ရှုမငြီးနိုင်တဲ့
ကျွန်တော်တို့ချစ်သော "မေမေ" ပါပဲ....

မိဘကျေးဇူးဆိုတာ ဆပ်မကုန်အောင် များပြားလှပါတယ်... ကျွန်တော်တို့ ဒီနေ့လို လူတစ်ယောက်ဖြစ်လာဖို့ မွေးဖွားပေးခဲ့တာနဲ့တင် မိဘကျေးဇူးကြီးမားလှပါပြီ... လူတိုင်းလူတိုင်း မိဘကျေးဇူးဆပ်နိုင်တဲ့ သားသမီးအလိမ္မာတွေ ဖြစ်ကြပါစေ....By SNP

ဆုချွေ

သံသရာတစ်ခွင်မှာ ရလာတဲ့ခန္ဓာ
သင် ကြံဖန်နေတာလား။
တစ်နေ့တာရဲ့ ရလာဒ်
ဟိုးအရင်က ထက်သာအောင်
ကုသိုလ်တွေကို ခုံမင်
တကယ်ကော ကြင်နာတတ်ပြီလား။
ရှောင်ရှားရမည့် တရား
ထာဝရဘုရားပါလို့ ယုံမှားသံသယ
ရင်ထဲက ချထားပြီးပြီလား။
ဘ၀တစ်ခု၏ နိဂုံးမှာ
အလှပဆုံးဖြစ်အောင်
အိမ်ပြန်ချိန်ကို ဆေးချယ်လို့ 
ပုံသွင်းနိုင်ကြပါစေ။  ။

အဝေးရန်သူ

နောက်တစ်ခုက အဝေးရန်သူဖြစ်တယ်။ အဝေးရန်သူဆိုတာ သိသာမြင်သာလို့ အဝေးရန်သူလို့ခေါ်တာ၊ ကရုဏာနဲ့ သဘာဝချင်း မတူတဲ့ ရက်စက်မှု ၀ိဟိံသာ တရားဖြစ်တယ်။ ကရုဏာက ကြင်နာတယ်၊ ၀ိဟိံသာက ရက်စက်တယ်။ ရက်စက်မှုနှင့် ကြင်နာမှုဆိုတာဟာ သဘာဝချင်း တူရဲ့လား။ မတူဘူးနော်။ သဘာဝချင်းမတူပဲ ကွဲပြားခြားနားသည့် အတွက်ကြောင့် အဲဒါကို ကရုဏာ ရဲ့ အဝေးရန်သူ(သို့)အဝေးဆန့်ကျင်ဘက်တရားလို့ ပြောရမယ်။
အေး၊ ဒါကြောင့်မို့ ကရုဏာပွားပြီဆိုရင် အနီးကပ်ရန်သူကို သတိထားပြီး အဝေးရန်သူဖြစ်တဲ့ ၀ိဟိံသာ တရားကို ပျောက်ကွယ်အောင် လုပ်ရမယ်။ ဒါမှ သန့်စင်တဲ့၊ မွန်မြတ်တဲ့၊ သဘာဝတရားဖြစ်တဲ့ ကရုဏာ ဖြစ်လာနိုင်မယ်။ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်က သတ္တ၀ါတွေကို ကြည့်လိုက်တဲ့အခါမှာ သနားကြင်နာတဲ့ ကရုဏာ တရားတွေမြောက်များစွာဖြစ်တယ်။ အဲဒီ ကရုဏာဖြစ်ပုံနဲ့ပတ်သက်ပြီး တစ်ခုလောက် ပြောရမယ်ဆိုရင် လောက လူသားတွေဟာ ဗျာဓိ လို့ဆိုတဲ့ ရောဂါဝေဒနာတွေ နှိပ်စက်ပြီးနေတယ်။ ဒါ တစ်ဦးတစ်ယောက်ထဲကို ကြည့်လို့မရဘူး၊ လူသားတွေအတွက် ကြည့်မယ်ဆိုရင် ဒီကနေ့ခေတ်မှာ လူဦးရေဟာ  သန်းပေါင်း(၆၀၀၀)လောက်ရှိမယ်။ အဲဒီ သန်းပေါင်း(၆၀၀၀)လောက်ရှိတဲ့ လူသားတွေထဲမှာ ရောဂါဝေဒနာဖြစ်နေတဲ့ လူသားတွေဟာ အများကြီးရှိတယ်နော်။ အဲဒီလို ဒုက္ခရောက်နေတဲ့ ပုဂ္ဂိုလ်တွေကို မြတ်စွာဘုရားကကြည့်ပြီး ဗျာဓိနာ အဘိဘူတော လောကသန္နိဝါသော လောကမှာရှိတဲ့ သတ္တ၀ါတွေဟာ ဗျာဓိတရားရဲ့ လွှမ်းမိုးမှုကို ခံနေကြရတယ်။ မြင်ရတဲ့အခါ မြတ်စွာဘုရားရဲ့ သန္တာန်မှာ အကြင်နာတရားတွေ တဖွားဖွား ပေါ်လာတယ်၊ မဟာကရုဏာတွေဖြစ်လာတယ်။ ထို့အတူပဲ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က ဒိဗ္ဗစက္ခု ဥာဏ်တော်ကြီးနဲ့ ကြည့်လိုက်မယ်ဆိုရင် စက္ကန့်နှင့်အမျှ သတ္တ၀ါတွေဟာ သေဆုံးနေကြတာကို တွေ့ရတယ်။ အဲဒီလို သေဆုံးနေကြတာကို တွေ့ရတဲ့အခါ မရဏေန အဗ္ဘာဟတော လောကသန္နိဝါသော အေး...သေခြင်းတရားဟာ သတ္တ၀ါတွေကို လွှမ်းမိုးနှိပ်စက်နေပါလားလို့ သတ္တ၀ါတွေကို အင်မတန်မှ သနားတဲ့ ကရုဏာပေါ်လာတယ်။ ဒီသေခြင်းတရားက လွတ်အောင် ဘယ်လိုလုပ်ရမလဲ။ ရောဂါဝေဒနာတွေက လွတ်အောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ နည်းလမ်းတွေကို စဉ်းစားလှုံ့ဆော်စေတတ်တဲ့ နှလုံးသားထဲမှာ ငြိမ်မနေပဲနဲ့ ရောဂါဝေဒနာတွေက  လွတ်မြောက်အောင်၊ သေခြင်းတရားက လွတ်မြောက်အောင် ဘယ်လိုစွမ်းဆောင်ပေးရမလဲဆိုတဲ့ ရှုမြင်တဲ့ ဥာဏ်နဲ့ ယှဉ်တဲ့ မဟာကရုဏာတော် ဟာ ပေါ်လာတယ်။ ဒါ မြတ်စွာဘုရားရဲ့ သန္တာန်မှာ ဒီ(၂)ချက်နဲ့ ပတ်သက်ပြီး ကရုဏာ ဖြစ်ပုံပဲ။ (ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ၏ ဘ၀ဆည်းဆာ ကရုဏာမှ)

အနီးရန်သူ

အနီးကပ် ဆန့်ကျင့်တဲ့ သဘောတရားက ကရုဏာနဲ့ ဆင်ဆင်တူပြီးတော့ ကရုဏာ ယောင်ဆောင်နိုင်တယ်။ အဲဒီတရားဟာ အနီးကပ် ဆန့်ကျင်တဲ့ သဘာဝတရားဖြစ်တယ်။ အဲဒါကို သိပ်သတိထားရတယ်။ ဘုန်းကြီးတို့တစ်တွေမှာ အနီးရန်သူနဲ့ အဝေးရန်သူဆိုရင် အနီးရန်သူကို သိပ်သတိထားရတယ်။ အနီးရန်သူက ဒုက္ခကောင်းကောင်းပေးနိုင်တယ်။ အဝေးရန်သူက ဒုက္ခပေးနိုင်ပေမယ့် အနီးရန်သူလို မဟုတ်ဘူး။ ဒုက္ခပေးဖို့ အချိန်ယူရမယ်။ အနီးကပ်ရန်သူဆိုတာ သဘာဝချင်း ဆင်ဆင်တူတဲ့ သောက ဖြစ်တယ်။ ကရုဏာ နဲ့ သောက ဟာ အလွန်နီးစပ်တယ်တဲ့။ ကရုဏာ ဆိုတာဟာ တစ်ဖက်သားကို ကြည့်ပြီး စိတ်ရဲ့ ကြင်နာမှုကို ခေါ်တယ်။ သောက ဆိုတာက ဒေါသနဲ့ယှဉ်ပြီး စိုးရိမ်မှု ခံစားချက်တစ်ခု ဖြစ်တယ်။ ကရုဏာဆိုတဲ့ ဘောင်ကို ကျော်ပြီး သောက ဖြစ်သွားရင် ကုသိုလ်လိုလိုနဲ့ အကုသိုလ်ဖြစ်သွားရော။ သောက ဆိုတာက ဒေါသနဲ့ယှဉ်တဲ့ခံစားချက်ဖြစ်တယ်။ ဒေါမနဿ ဝေဒနာလို့ ခေါ်တယ်။ ဒေါမနဿဝေဒနာဆိုတာ စိတ်ရဲ့ အရုပ်ဆိုး အကျည်းတန်တဲ့  ခံစားမှုမျိုးဖြစ်တယ်။ အဲဒီခံစားမှုမျိုးကို သောက လို့ခေါ်တယ်။ ကရုဏာဟာ အဲဒီလို သောကမျိုးမဟုတ်ဘူး။ သူတစ်ပါး ဒုက္ခ ရောက်နေတာကိုမနေစိမ့်တာ၊ ငြိမ်ပြီးမနေနိုင်တာ၊ ကူညီဖြေရှင်းချင်တဲ့စိတ်တွေ တဖွားဖွား ဖြစ်ပြီးနေတာမျိုးဖြစ်တယ်။ သဘာဝချင်း ဆင်ဆင်တူတဲ့ အနီးကပ် ဆန့်ကျင်ဘက်ဖြစ်တဲ့ သောကကို သတိထားရမယ်။သောက က ကရုဏာယောင်ဆောင်ပြီးတော့ ၀င်လာတတ်တယ်။ အဲဒါဟာ ကရုဏာ အစစ်မဟုတ်ဘူးတဲ့။ အကုသိုလ်ဖြစ်တယ်ပေါ့။ ကရုဏာစစ်စစ်ဆိုတာ အင်မတန်မှ မွန်မြတ်သန့်စင်တဲ့ တရား။ ကရုဏာတရားကို မိမိသန္တာန်မှာ ဖြစ်ပွားစေချင်ရင် ဘယ်လိုဖြစ်ပွားစေရမလဲ။ ဒုက္ခာ မုစ္စန္တု အခက်ခဲတွေမှ  လွတ်မြောက်ကြပါစေ။ ဒီလို အကျပ်အတည်းကြီးမှ လွတ်မြောက်ကြပါစေ။ ဒုက္ခတွေမှ  လွတ်မြောက်ကြပါစေဆိုတဲ့ ဒီလိုစိတ်ဓါတ်မျိုးတွေ ဖြစ်ပွားစေရမယ်။ သောက ဆိုတာဟာ အဲဒီလိုမဟုတ်ဘူး။ ဖြစ်ရလေခြင်းဆိုပြီး ၀မ်းနည်းတဲ့ သဘောဖြစ်တယ်။ ဒီနှစ်ခုဟာ  ဆင်ဆင်တူသည့်အတွက်ကြောင့် သောက သည် ကရုဏာရဲ့ အနီးကပ်ရန်သူလို့ စာပေကျမ်းဂန်တွေ မျာဆိုတယ်။ အဲဒီတော့ အနီးကပ် ရန်သူ၊ အနီးကပ် သဘာဝတရားကို သတိထားပြီး မဖြစ်လာအောင် စောင့်ရှောက်ဖို့ လိုအပ်တယ်။(ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ၏ ဘ၀ဆည်းဆာ ကရုဏာ စာအုပ်မှတင်ပြခြင်းသာ)

ရှေ့ဆက်ဖို့

အမှားတစ်ခု ထောက်ရှုလို့ ပြောလာပါရင်
လက်ခံကာ ပြင်ဆင်
ဆင်ခြင်သည့် နှလုံးသား
အမုန်းတရားမဖက်
အပြုံးစကားဖက်ပြီး
အဆုံးဇာတ်ကို မိုးလင်းကားချပ်မချမှီ
ဝေဖန်လေကန်မှုကို မျက်ကွယ်ပြု
နှလုံးသားအတုတွေ ထုတ်ပယ်
ခုနှယ် မရော စိတ်ညစ်တွေနှင့်
ထုထည်အပြော မကျယ်ရအောင်
လှမ်းကြစို့လေး။  ။

သီတဂူမွေးနေ့ (၂)

သီတဂူမွေးနေ့ (၂)
မနက်ပိုင်း အစီအစဉ်
ပထမပိုင်းတွင် မွေးနေ့အစီးအစဉ်များ ကြော်ညာခဲ့သည်၊ ထိုကြော်ညာတွင် ကျန်ရှိနေသည့် အစီးအစဉ်အသစ်များကို သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဖေ့ဘုတ်မှ ကူးယူဖော်ပြလိုက်ပါသည်။


bonusများ ချီးမြှင့်ခြင်း
နံနက် (၈)နာရီအချိန်တွင် သီတဂူဗုဒ္ဓတက္ကသိုလ်၊ သီတဂူဆေးရုံ၊ သီတဂူရေအလှူတော် ဝန်ထမ်းအားလုံး သီတဂူဆရာတော်ထံမှ သြဝါဒခံယူခြင်းနှင့် အထက်ပါ သီတဂူစီမံကိန်းကြီး (၃)ခုမှ ဝန်ထမ်း (၁၁၄)ယောက် တို့အား တစ်ယောက်လျှင် (၁)သိန်းကျပ်သော ဆုကြေးငွေ (bonus)များ ချီးမြှင့်ခြင်း၊


သြ၀ါဒခံယူခြင်း
သီတဂူကမ္ဘာ့ဗုဒ္ဓက္ကသိုလ် (စစ်ကိုင်း၊ မန္တလေး၊ ရန်ကုန်) တက္ကသိုလ် (၃)ခု ကျောင်းသားများက သီတဂူဆရာတော်ထံမှ သြဝါဒခံယူခြင်း၊


Laptop computer-များ လှူဒါန်းခြင်း
သြဝါဒခံယူပြီးနောက် သီတဂူဆရာတော်မှ စစ်ကိုင်း သီတဂူဗုဒ္ဓက္ကသိုလ် အဆောင်နေ စာသင်သား သံဃာတော်များအား laptop computer-များ လှူဒါန်းခြင်း၊


Tablet-များ လှူဒါန်းခြင်း
စာချကထိကများနှင့် Ph.D ကျောင်းသားများအား tablet-များ လှူဒါန်းခြင်း၊
═════════════════════


နေ့ပိုင်း အစီအစဉ်-
စာတမ်းများဖတ်ကြားခြင်း-
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း) သန္တိမဟာဘွဲ့နှင်းသဘင်ခန်းမကြီးတွင် နေ့(၂)နာရီမှ စတင်ကာ ပထမနေ့ စာဖတ်များ ဖတ်ကြားမည်၊
အခန်းနားမှူးအဖြစ် -ဒေါက်တာအရှင်ပညာသီဟာလင်္ကာရ (သီတဂူဗုဒ္ဓတက္ကသိုလ်, ရန်ကုန်) ပညာရေးတာဝန်ခံမှ တာဝန်ယူ ဆောင်ရွက်မည်။
စာတမ်းဖတ်ကြားမည့် ပုဂ္ဂိုလ်များနှင့် စာတမ်းများ-
(၁) ဒေါက်တာ ဦးမျိုးမြင့် -History of Buddhism in Asia
(၂) ဒေါက်တာမြသီတာဆွေ -Apply Buddhism in daily life
═════════════════════


ညပိုင်းအစီအစဉ်-
(၁) တရားပွဲအစီအစဉ် -ညချမ်းကာလတွင် သီတဂူအရှင်ဒေဝိန္ဒာဘိဝံသမှ စစ်ကိုင်းမြို့၊ စည်းဂုံကြီးစေတီတော် ပရိဝုဏ်တွင် တရားတော် ချီးမြှင့်ခြင်း၊
(၂) တက္ကသိုလ်သံဃာတော်များသည် သီတဂူဝိပဿနာအကယ်ဒမီသို့ ကြွရောက်ကာ ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊
(၃) ဖျော်ဖြေရေးအစီအစဉ် -အလင်္ကာဝတ်ရည် အဖွဲ့တော်သားများမှ ဓမ္မတေးသီချင်းများဖြင့် ဧည့်ခံဖျော်ဖြေခြင်း၊
မန္တလေး မြို့မအဖွဲ့နှင့်တွဲဖက်၍ ဗုဒ္ဓ၀င်သရုပ်ဖော် တင်ဆက်ခြင်း၊
════════════════════════════════════


တပေါင်းပြည့်နေ့ (ဝ၇-၀၃-၂ဝ၁၂)ရက်နေ့
နံနက်ပိုင်း အစီအစဉ်-
(၁) နံနက် (၅)နာရီတွင် သံဃာတော်များအား 'ခိုတောင်မုန့်တီ' အရုဏ်ဆွမ်း ကပ်လှူခြင်း၊
(၂) ပင့်သံဃာပါး (၁ဝဝဝ)အား စတီး(လ်)သပိတ် အလုံး (၁၀၀၀)နှင့်အတူ သင်္ကန်းစသော လှူဒါန်းဖွယ်များ လှူဒါန်းခြင်း၊
(၃) နံနက် (၉)နာရီတွင် စိန်ဖူးတော်တင်လှူခြင်း, တက္ကသိုလ်သံဃာတော်များသည် သီတဂူဝိပဿနာ အကယ်ဒမီသို့ ကြွရောက်ကာ အနေကဇာတင်ခြင်း၊
═════════════════════


နေ့ပိုင်း အစီအစဉ်
အလှူငွေလှူဒါန်းခြင်း အခမ်းအနား-
နေ့လယ် (၁)နာရီအချိန်တွင်-
(၁) သီတဂူဝိပဿနာအကယ်ဒမီ၌ သီတဂူဆရာတော် သီတင်းသုံးမည့် ကျောင်းဆောင်တော်အတွက် ဝါတန်း ဦးအေးမောင်+ ဒေါ်လှမေ သမီး ဒေါ်ညွန့်ညွန့်အေး၊ မန္တလေးမြို့မှ ကျပ်သိန်း (၁၅ဝဝိ) လှူဒါန်းခြင်း၊
(၂) သီတဂူဝိပဿနာအကယ်ဒမီ၌ လက်ထောက် ကမ္မဋ္ဌာနာစရိယကျောင်းဆောင်တော်အတွက် ဦးမြတ်သူ+ဒေါ်ယဉ်ထွေး မိသားစု၊ ရွှေတိဂုံဘုရားလမ်း၊ ရန်ကုန်မြို့မှ ကျပ်သိန်း (၁၅ဝဝိ) လှူဒါန်းခြင်း၊
(၃) ကျောင်းအမကြီး ဒေါ်ရွှေဥ (ရွှေဥရွှေရတနာ)ဆိုင်၊ မိသားစု ရန်ကုန်မြို့မှ သဲကုန်းသီတဂူ ဆေးရုံတော်အတွက် ကျပ်သိန်း(၁၅ဝဝိ) လှူဒါန်းခြင်း၊
(၄) တက်လမ်းဆောက်လုပ်ရေး ဦးရှိန်ဝင်း+ဒေါ်ခင်ချိုဦး မိသားစု၊ ရန်ကုန်မြို့မှ ရှမ်းပြည်နယ်၊ မြောက်ပိုင်း၊ နန့်ခမ်း သီတဂူဆေးရုံတော်အတွက် ကျပ်သိန်း (၅ဝဝိ) လှူဒါန်းခြင်း၊
သီတဂူဆရာတော်မှ အလှူရှင်အားလုံးတို့အား ရေစက်ချတရား ချီးမြှင့်ခြင်း၊


═════════════════════


စာတမ်းများဖတ်ကြားခြင်း-
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း) သန္တိမဟာဘွဲ့နှင်းသဘင်ခန်းမကြီးတွင် နေ့ (၂)နာရီမှ စတင်ကာ ဒုတိယနေ့အဖြစ် စာဖတ်များ ဖတ်ကြားခြင်း၊
အခန်းနားမှူးအဖြစ် ဒေါက်တာအရှင်ပညာသီဟာလင်္ကာရ (သီတဂူဗုဒ္ဓတက္ကသိုလ်, ရန်ကုန်) ပညာရေးတာဝန်ခံမှ တာဝန်ယူ ဆောင်ရွက်မည်။
စာတမ်းဖတ်ကြားမည့် ပုဂ္ဂိုလ်များနှင့် စာတမ်းများ -
(၁) ဒေါက်တာဝင်းမင်းသစ် -Scientific approach to Hadaya-Vatthu
(၂) သြစရီးယားနိုင်ငံမှ၊ ဆရာကြီး - Thitus Leber-မှ Enlightenment to Bodhobudhu
(၃) ဒေါက်တာဒေါ်မိမိခင် သီတဂူအာယုဒါနဆေးရုံ (စစ်ကိုင်း)မှ Buddhist monks and social work


တရားပွဲအစီအစဉ် -ညချမ်းကာလတွင် သီတဂူဒေါက်တာအရှင်ဝေဠုရိယဉာဏမှ စစ်ကိုင်းမြို့၊ စည်းဂုံကြီးစေတီတော် ပရိဝုဏ်တွင် တရားတော် ချီးမြှင့်ခြင်း၊
အထူးအစီအစဉ်- တပေါင်းလပြည့်နေ့ (ဝ၇-ဝ၃-၂ဝ၁၂)၊ နံနက် (၄)နာရီမှ စတင်ကာ skynet-မှ သီတဂူဆရာတော်၏ တရားတော်များ, သီတဂူဆရာတော်၏ မွေးနေ့ပွဲအခမ်းအနားများ, သီတဂူစီမံကိန်းကြီးများအကြောင်းများကို တနေကုန် ထုတ်လွှင့် ပြသသွားပါမည်။


ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား

သီတဂူမွေးနေ့ အစီအစဉ် (၂)

သီတဂူမွေးနေ့ (၂)
မနက်ပိုင်း အစီအစဉ်
ပထမပိုင်းတွင် မွေးနေ့အစီးအစဉ်များ ကြော်ညာခဲ့သည်၊ ထိုကြော်ညာတွင် ကျန်ရှိနေသည့် အစီးအစဉ်အသစ်များကို သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဖေ့ဘုတ်မှ ကူးယူဖော်ပြလိုက်ပါသည်။


bonusများ ချီးမြှင့်ခြင်း
နံနက် (၈)နာရီအချိန်တွင် သီတဂူဗုဒ္ဓတက္ကသိုလ်၊ သီတဂူဆေးရုံ၊ သီတဂူရေအလှူတော် ဝန်ထမ်းအားလုံး သီတဂူဆရာတော်ထံမှ သြဝါဒခံယူခြင်းနှင့် အထက်ပါ သီတဂူစီမံကိန်းကြီး (၃)ခုမှ ဝန်ထမ်း (၁၁၄)ယောက် တို့အား တစ်ယောက်လျှင် (၁)သိန်းကျပ်သော ဆုကြေးငွေ (bonus)များ ချီးမြှင့်ခြင်း၊


သြ၀ါဒခံယူခြင်း
သီတဂူကမ္ဘာ့ဗုဒ္ဓက္ကသိုလ် (စစ်ကိုင်း၊ မန္တလေး၊ ရန်ကုန်) တက္ကသိုလ် (၃)ခု ကျောင်းသားများက သီတဂူဆရာတော်ထံမှ သြဝါဒခံယူခြင်း၊


Laptop computer-များ လှူဒါန်းခြင်း
သြဝါဒခံယူပြီးနောက် သီတဂူဆရာတော်မှ စစ်ကိုင်း သီတဂူဗုဒ္ဓက္ကသိုလ် အဆောင်နေ စာသင်သား သံဃာတော်များအား laptop computer-များ လှူဒါန်းခြင်း၊


Tablet-များ လှူဒါန်းခြင်း
စာချကထိကများနှင့် Ph.D ကျောင်းသားများအား tablet-များ လှူဒါန်းခြင်း၊
═════════════════════


နေ့ပိုင်း အစီအစဉ်-
စာတမ်းများဖတ်ကြားခြင်း-
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း) သန္တိမဟာဘွဲ့နှင်းသဘင်ခန်းမကြီးတွင် နေ့(၂)နာရီမှ စတင်ကာ ပထမနေ့ စာဖတ်များ ဖတ်ကြားမည်၊
အခန်းနားမှူးအဖြစ် -ဒေါက်တာအရှင်ပညာသီဟာလင်္ကာရ (သီတဂူဗုဒ္ဓတက္ကသိုလ်, ရန်ကုန်) ပညာရေးတာဝန်ခံမှ တာဝန်ယူ ဆောင်ရွက်မည်။
စာတမ်းဖတ်ကြားမည့် ပုဂ္ဂိုလ်များနှင့် စာတမ်းများ-
(၁) ဒေါက်တာ ဦးမျိုးမြင့် -History of Buddhism in Asia
(၂) ဒေါက်တာမြသီတာဆွေ -Apply Buddhism in daily life
═════════════════════


ညပိုင်းအစီအစဉ်-
(၁) တရားပွဲအစီအစဉ် -ညချမ်းကာလတွင် သီတဂူအရှင်ဒေဝိန္ဒာဘိဝံသမှ စစ်ကိုင်းမြို့၊ စည်းဂုံကြီးစေတီတော် ပရိဝုဏ်တွင် တရားတော် ချီးမြှင့်ခြင်း၊
(၂) တက္ကသိုလ်သံဃာတော်များသည် သီတဂူဝိပဿနာအကယ်ဒမီသို့ ကြွရောက်ကာ ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊
(၃) ဖျော်ဖြေရေးအစီအစဉ် -အလင်္ကာဝတ်ရည် အဖွဲ့တော်သားများမှ ဓမ္မတေးသီချင်းများဖြင့် ဧည့်ခံဖျော်ဖြေခြင်း၊
မန္တလေး မြို့မအဖွဲ့နှင့်တွဲဖက်၍ ဗုဒ္ဓ၀င်သရုပ်ဖော် တင်ဆက်ခြင်း၊
════════════════════════════════════


တပေါင်းပြည့်နေ့ (ဝ၇-၀၃-၂ဝ၁၂)ရက်နေ့
နံနက်ပိုင်း အစီအစဉ်-
(၁) နံနက် (၅)နာရီတွင် သံဃာတော်များအား 'ခိုတောင်မုန့်တီ' အရုဏ်ဆွမ်း ကပ်လှူခြင်း၊
(၂) ပင့်သံဃာပါး (၁ဝဝဝ)အား စတီး(လ်)သပိတ် အလုံး (၁၀၀၀)နှင့်အတူ သင်္ကန်းစသော လှူဒါန်းဖွယ်များ လှူဒါန်းခြင်း၊
(၃) နံနက် (၉)နာရီတွင် စိန်ဖူးတော်တင်လှူခြင်း, တက္ကသိုလ်သံဃာတော်များသည် သီတဂူဝိပဿနာ အကယ်ဒမီသို့ ကြွရောက်ကာ အနေကဇာတင်ခြင်း၊
═════════════════════


နေ့ပိုင်း အစီအစဉ်
အလှူငွေလှူဒါန်းခြင်း အခမ်းအနား-
နေ့လယ် (၁)နာရီအချိန်တွင်-
(၁) သီတဂူဝိပဿနာအကယ်ဒမီ၌ သီတဂူဆရာတော် သီတင်းသုံးမည့် ကျောင်းဆောင်တော်အတွက် ဝါတန်း ဦးအေးမောင်+ ဒေါ်လှမေ သမီး ဒေါ်ညွန့်ညွန့်အေး၊ မန္တလေးမြို့မှ ကျပ်သိန်း (၁၅ဝဝိ) လှူဒါန်းခြင်း၊
(၂) သီတဂူဝိပဿနာအကယ်ဒမီ၌ လက်ထောက် ကမ္မဋ္ဌာနာစရိယကျောင်းဆောင်တော်အတွက် ဦးမြတ်သူ+ဒေါ်ယဉ်ထွေး မိသားစု၊ ရွှေတိဂုံဘုရားလမ်း၊ ရန်ကုန်မြို့မှ ကျပ်သိန်း (၁၅ဝဝိ) လှူဒါန်းခြင်း၊
(၃) ကျောင်းအမကြီး ဒေါ်ရွှေဥ (ရွှေဥရွှေရတနာ)ဆိုင်၊ မိသားစု ရန်ကုန်မြို့မှ သဲကုန်းသီတဂူ ဆေးရုံတော်အတွက် ကျပ်သိန်း(၁၅ဝဝိ) လှူဒါန်းခြင်း၊
(၄) တက်လမ်းဆောက်လုပ်ရေး ဦးရှိန်ဝင်း+ဒေါ်ခင်ချိုဦး မိသားစု၊ ရန်ကုန်မြို့မှ ရှမ်းပြည်နယ်၊ မြောက်ပိုင်း၊ နန့်ခမ်း သီတဂူဆေးရုံတော်အတွက် ကျပ်သိန်း (၅ဝဝိ) လှူဒါန်းခြင်း၊
သီတဂူဆရာတော်မှ အလှူရှင်အားလုံးတို့အား ရေစက်ချတရား ချီးမြှင့်ခြင်း၊


═════════════════════


စာတမ်းများဖတ်ကြားခြင်း-
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း) သန္တိမဟာဘွဲ့နှင်းသဘင်ခန်းမကြီးတွင် နေ့ (၂)နာရီမှ စတင်ကာ ဒုတိယနေ့အဖြစ် စာဖတ်များ ဖတ်ကြားခြင်း၊
အခန်းနားမှူးအဖြစ် ဒေါက်တာအရှင်ပညာသီဟာလင်္ကာရ (သီတဂူဗုဒ္ဓတက္ကသိုလ်, ရန်ကုန်) ပညာရေးတာဝန်ခံမှ တာဝန်ယူ ဆောင်ရွက်မည်။
စာတမ်းဖတ်ကြားမည့် ပုဂ္ဂိုလ်များနှင့် စာတမ်းများ -
(၁) ဒေါက်တာဝင်းမင်းသစ် -Scientific approach to Hadaya-Vatthu
(၂) သြစရီးယားနိုင်ငံမှ၊ ဆရာကြီး - Thitus Leber-မှ Enlightenment to Bodhobudhu
(၃) ဒေါက်တာဒေါ်မိမိခင် သီတဂူအာယုဒါနဆေးရုံ (စစ်ကိုင်း)မှ Buddhist monks and social work


တရားပွဲအစီအစဉ် -ညချမ်းကာလတွင် သီတဂူဒေါက်တာအရှင်ဝေဠုရိယဉာဏမှ စစ်ကိုင်းမြို့၊ စည်းဂုံကြီးစေတီတော် ပရိဝုဏ်တွင် တရားတော် ချီးမြှင့်ခြင်း၊
အထူးအစီအစဉ်- တပေါင်းလပြည့်နေ့ (ဝ၇-ဝ၃-၂ဝ၁၂)၊ နံနက် (၄)နာရီမှ စတင်ကာ skynet-မှ သီတဂူဆရာတော်၏ တရားတော်များ, သီတဂူဆရာတော်၏ မွေးနေ့ပွဲအခမ်းအနားများ, သီတဂူစီမံကိန်းကြီးများအကြောင်းများကို တနေကုန် ထုတ်လွှင့် ပြသသွားပါမည်။
သီတဂူစတားဆိုဒ်မှ ကူးယူတင်ပြပါသည်။

(သီတဂူဆရာတော်ကြီး (၇၅) နှစ်ပြည့် အလှူတော်အတွက် ပင့်စာ-ဖိတ်စာ)

ဖိတ်ကြားအပ်ပါသည် (သီတဂူမွေးနေ့အလှူတော်)


သီတဂူဆရာတော်ကြီး၏ (၇၅) နှစ်ပြည့် ၀ိဇာယန အခါတော်နေ့အတွက် ပူဇော်ပွဲများကို အောက်ပါ အစီအစဉ်အတိုင်း ကျင်းပမည် ဖြစ်ပါသည်။
(၂၀၁၁နှစ် သက်တော် ၇၄ နှစ်ပြည့်က အလှူတော် ဓာတ်ပုံ)


(က) တပေါင်းလဆန်း (၁၄)ရက်၊ (၆-၃-၂၀၁၂) နေ့တွင် သီလရှင် အပါး (၁၀၀၀) တစ်ထောင်တို့အား ၀တ်စုံ တစ်ဘက် စားဖွယ် သောက်ဖွယ်များ လှူဒါန်းခြင်း။


(ခ) တပေါင်းလဆန်း (၁၅) ရက်၊ (၇-၃-၂၀၁၂) နေ့တွင် သံဃာတော် အပါး (၁၀၀၀) တစ်ထောင်တို့အား သင်္ကန်း သပိတ် ဆွမ်း စသော လှူဖွယ် ပစ္စည်းများ လောင်းလှူခြင်း


(ဂ) တပေါင်းလပြည့်နေ့ (၇-၃-၂၀၁၂) တွင် သီတဂူဝိပဿနာ အကယ်ဒမီ ဌာနကြီးတွင် တည်ထားကိုးကွယ်ထားသော ရွှေစည်းခုံစေတီတော်မြတ်ကြီးကို စိန်ဖူးတော် ငှက်မြက်နားတော် ထီးတော်များ အထွဋ်တင် ပူဇော်ခြင်း။
(သက်တော် ၇၄ နှစ်ပြည့် မွေးနေ့ အလှူတော်များ)




(ဃ) အရပ်လေးမျက်နှာမှ လာလာသမျှ ပရိသတ်အပေါင်းတို့အား နံက်-နေ့-ည တို့မှာ နာမည်ကျော် ခိုတောင်မုံ့တီ၊ ရွှေတောင်ခေါက်ဆွဲ၊ သားပြွန်းထမင်း၊ မုန့်ပြားသလက်၊ ဗူးသီးကြော် စသည်တို့ဖြင့် ဧည့်ခံကျွေးမွေးခြင်း စသော ကုသိုလ်ကောင်းမှုတို့ကို ပြုလုပ်မှာ ဖြစ်ပါသည်။
ကြွသာကြွလိုက်ကြပေတော့--------------
(သက်တော် ၇၄ နှစ်မြောက် အလှူတော်က ပုံ)


ဌာန- သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ စစ်ကိုင်း။
အချိန်-၁၃၇၃ခု၊ တပေါင်းလဆန်း (၁၄၊၁၅)၊ (၆-၇-၃-၂၀၁၂)

သည်းခံတယ်ဆိုတာ

“သည်းခံတယ် ဆိုတာ
အရာရာကို အပြုံးမပျက်
ရင်ဆိုင်ရဲတဲ့ သတ္တိကို ခေါ်တယ် ..”
(ဆရာတော် အရှင်နန္ဒမာလာဘိဝံသ

ဝိပဿနာအားထုတ်သော ပုဂ္ဂိုလ်သည် ဝိသုဒ္ဓိ ၇-ပါး အစဉ်အတိုင်း သွားရ၏။ (လောကချမ်းသာဆရာတော်- New York)

ဝိပဿနာအားထုတ်သော ပုဂ္ဂိုလ်သည် ဝိသုဒ္ဓိ ၇-ပါး အစဉ်အတိုင်း သွားရ၏။ (လောကချမ်းသာဆရာတော်- New York)
***************************************************
၁။သီလဝိသုဒ္ဓိဖြင့် သီလကို စင်ကြယ်စေရ၏။

၂။ စိတ္တဝိသုဒ္ဓိဖြင့် သမာဓိရအောင် အားထုတ်ရ၏။

၃။ ဒိဋ္ဌိဝိသုဒ္ဓိဖြင့် နာမ်ရုပ်တို့ကို ပိုင်းခြား သိရ၏။

ဤအဆင့်၌ ဝိပဿနာ၏ အခြေခံ ‘နာမရူပပရိစ္ဆေဒဉာဏ်’ ဖြစ်၏။ နာမ်ရုပ်ကွဲခြင်းသာ ဖြစ်ပြီး အနိစ္စ, ဒုက္ခ, အနတ္တ ရှုမြင်ခြင်း မရှိသေး၍ သင်္ဂြိုဟ်၌ ဤနာမရူပပရိစ္ဆေဒဉာဏ်ကို ဝိပဿနာဉာဏ်ထဲ ထည့်၍ မပြချေ။

၎။ ကင်္ခါဝိတရဏဝိသုဒ္ဓိ၌ နာမ်ရုပ်တို့၏ အကြောင်းရင်းကို ရှာဖွေ သိမြင်၏။
အကြောင်းကိုသိသော ဉာဏ်ပေါ်၏။ ထိုဉာဏ်ကို ‘ပစ္စယပရိဂ္ဂဟဉာဏ်’ဟု ခေါ်၏။ ဤဉာဏ်ကိုလည်း ဝိပဿနာဉာဏ်ထဲ ထည့်၍ မပြသေးပါ။
အကြောင်းကို ရှုမြင်ခြင်းသာ ရှိပြီး အနိစ္စ ဒုက္ခ အနတ္တ ရှုမြင်မှု မရှိသေးသောကြောင့် ဖြစ်၏။

ဤကဲ့သို့ အကြောင်းအကျိုး သိမြင်၍ နောက်က ရှိခဲ့သော ယုံမှား သံသယတို့သည် အခိုက်အတန့်အားဖြင့် ပျောက်၏။
ယုံမှား သံသယတို့ကို ပယ်သော စိတ်၏ စင်ကြယ်ခြင်း = ကင်္ခါဝိတရဏဝိသုဒ္ဓိ ဖြစ်၏။
ဝိပဿနာတရား အားထုတ်သူအတွက် ဤအဆင့်၌ နာမ်ရုပ်ကွဲ၊ အကြောင်းကို သိမ်းဆည်း ဆင်ခြင်၊ ခဏိကသမာဓိရသဖြင့် စူဠသောတာပန်=သောတာပန်အငယ်စားဟု ခေါ်ရ၏။

ဤအဆင့်မှ ဆက်ပြီး အားထုတ်သော် ခန္ဓာငါးပါး သင်္ခါရတရားတို့ကို အနိစ္စ ဒုက္ခ အနတ္တအားဖြင့် သုံးသပ်သော အစွမ်းဖြင့် ဖြစ်စေသောဉာဏ် = သမ္မသနဉာဏ် ဖြစ်ပေါ်၏။
သင်္ဂြိုဟ်၌ ဝိပဿနာဉာဏ်များကို ဤသမ္မသနဉာဏ်မှ စ၍ ပြဆို၏။

ဆက်ပြီး အားထုတ်သော် ဝိပဿနာဉာဏ် ၁၀-ပါး အဆင့်ဆင့် တိုးတက် ဖြစ်ပေါ်၏။
ဝိပဿနာဉာဏ် ၁၀-ပါး

၁။ သမ္မသနဉာဏ် = ခန္ဓာငါးပါး သင်္ခါရတရားတို့ကို အနိစ္စ ဒုက္ခ အနတ္တအားဖြင့် သုံးသပ်သောအစွမ်းဖြင့် ဖြစ်စေသောဉာဏ်။

၂။ ဥဒယဗ္ဗယဉာဏ် = ခန္ဓာငါးပါး သင်္ခါရတရားတို့၏ ဖြစ်ခြင်းပျက်ခြင်း ၂-ပါးကို အဖန်တလဲလဲ ရှုသောအစွမ်းဖြင့် ဖြစ်စေသောဉာဏ်။

၃။ ဘင်္ဂဉာဏ် = ခန္ဓာငါးပါး သင်္ခါရတရားတို့၏ ပျက်ခြင်းတစ်ပါးကိုသာ အဖန်တလဲလဲ ရှုသောဉာဏ်။

၎။ ဘယဉာဏ် = ပျက်ခြင်း၏ အစွမ်းဖြင့်ဖြစ်သော ခန္ဓာငါးပါး သင်္ခါရတရားတို့ကို အလွန်ကြောက်လန့်ဖွယ် ဘေးကြီးဟု အဖန်တလဲလဲ ရှုသောအစွမ်းဖြင့် ဖြစ်သောဉာဏ်။

၅။ အာဒီနဝဉာဏ် = ဘေးကြီးဟု မြင်အပ်ပြီး ထင်အပ်ပြီးသော ခန္ဓာငါးပါး သင်္ခါရတရားတို့ကို အပြစ်အားဖြင့် ရှုသောဉာဏ်။

၆။ နိဗ္ဗိဒါဉာဏ် = အပြစ်ဟု မြင်အပ်ပြီး ထင်အပ်ပြီးသော ခန္ဓာငါးပါး သင်္ခါရတရားတို့၌ ငြီးငွေ့သောအစွမ်းဖြင့် ဖြစ်သောဉာဏ်။

၇။ မုဉ္စိတုကမျတာဉာဏ် = ငြီးငွေ့၍ ထိုခန္ဓာငါးပါး သင်္ခါရတရားတို့မှ လွတ်မြောက်ခြင်းငှာ အလိုရှိသည်၏ အစွမ်းဖြင့် ဖြစ်သောဉာဏ်။

၈။ ပဋိသင်္ခါဉာဏ် = သင်္ခါရတို့မှ လွတ်မြောက်ခြင်း၏ အကြောင်း၏ ပြည့်စုံစေခြင်းငှာ တဖန် ခန္ဓာငါးပါး သင်္ခါရတရားတို့ကို သိမ်းဆည်းခြင်းအစွမ်းဖြင့် ဖြစ်သောဉာဏ်။

၉။ သင်္ခါရုပေက္ခာဉာဏ် = ခန္ဓာငါးပါး သင်္ခါရတရားတို့၌ ကြောက်ခြင်း နှစ်သက်ခြင်းမှ ကင်းသည်၏အစွမ်းဖြင့် လျစ်လျူရှု၍ ဖြစ်သောဉာဏ်။

၁၀။ အနုလောမဉာဏ် = အနိစ္စ အစရှိသော လက္ခဏာကို ရှုသည်၏ အဖြစ်ဖြင့် အောက်၌ဖြစ်သော ဝိပဿနာဉာဏ် ၉-ပါးတို့အားလည်းကောင်း၊ အထက်၌ ၃၇-ပါးသော ဗောဓိပက္ခိယတရားတို့နှင့် လျော်သော (ဝါ) မဂ်ဖြစ်ခြင်းငှာ လျော်သောဉာဏ်။

+++

သမ္မသနဉာဏ် ရင့်သန်ပြီးနောက် တိုးတက်အားထုတ်သည့်အခါ ဥဒယဗ္ဗယဉာဏ် ဖြစ်ပေါ်လာ၏။
ဥဒယဗ္ဗယဉာဏ် ရင့်သန်သောအခါ ဝိပဿနာ၏ ဘေးရန် ‘ဝိပဿနုပတ္တိလေသ’ ၁၀-ပါး ဖြစ်ပေါ်လာတတ်၏။
ဝိပဿနုပတ္တိလေသ ၁၀-ပါး

၁။ သြဘာသ = ရုပ်နာမ်တို့၏ အဖြစ်အပျက်ကို ရှင်းလင်းစွာ သိမြင်သောအခါ လွန်စွာ စိတ်ကြည်လင်ရကား ကိုယ်မှ အရောင်အလင်းတို့သည် ထွက်ဖြာကုန်၏။

၂။ ပီတိ = သြဘာသ,သာမကသေး ခုဒ္ဒကာပီတိစသော ၅-ပါးသော ပီတိမျိုးလည်း ဖြစ်ပေါ်၍ နှစ်သက်၏။

၃။ ပဿဒ္ဓိ = ကိုယ်စိတ်နှစ်ပါးလုံး အေးမြငြိမ်းချမ်းသဖြင့် ကာယပဿဒ္ဓိ စိတ္တပဿဒ္ဓိ ဖြစ်၏။

၎။ အဓိမောက္ခ = ကမ္မဋ္ဌာန်းအာရုံ၌ သက်ဝင်ဆုံးဖြတ်သော သဒ္ဓါတရားလည်း ဖြစ်ပေါ်၏။

၅။ ပဂ္ဂဟ = ဝိပဿနာစိတ်ကို နောက်မဆုတ်ရအောင် အားပေး ချီးမြှောက်ထောက်ပံ့တတ်သော ဝီရိယလည်း ဖြစ်ပေါ်၏။

၆။ သုခ = တစ်ကိုယ်လုံး၌ စိတ္တဇရုပ်များကို ပျံ့နှံ့ထုံမွှမ်းစေတတ်သော သုခဝေဒနာလည်း ဖြစ်၏။

၇။ ဉာဏ = သွက်လက်လျင်မြန် အမြင်သန်သော ဝိပဿနာဉာဏ်လည်း ဖြစ်ပေါ်၏။

၈။ ဥပဋ္ဌာန = မြင့်မိုရ်တောင်ပမာ ကမ္မဋ္ဌာန်းအာရုံ၌ လွန်စွာ တည်တံ့သော သတိလည်း ဖြစ်၏။

၉။ ဥပေက္ခာ = အဖြစ်အပျက်ကို ရှုရန် ဗျာပါရ မပြုရတော့ဘဲ အသင့်အားဖြင့် ရှုနိုင်သော ဝိပဿနာဉာဏ်နှင့် ယှဉ်သော တတြမဇ္ဈတ္တုပေက္ခာမည်သော ဝိပဿနုပေက္ခာ၊ ထိုဖြစ်ပျက်မှုကို ဆင်ခြင်လိုသည့်အခါ ဆင်ခြင်နိုင်သော အာဝဇ္ဇနုပေက္ခာဟူသော ဥပေက္ခာ ၂-မျိုးလည်း ဖြစ်၏။

၁၀။ နိကန္တိ = သြဘာသစသည်တို့ဖြင့်ဖြစ်သော ဝိပဿနာကို သာယာ နှစ်သက်နေတတ်သော တဏှာလည်း ဖြစ်၏။

၅။ ထို ဆိုခဲ့ပြီးသော သြဘာသ၊ ပီတိ စသည်တို့ ဖြစ်ပေါ်လာသောအခါ ထိုအရောင်အဝါ စသည်တို့ကို သာယာသော တဏှာနိကန္တိအတွက် ငါမဂ်ရပြီဟု အထင်မှားနေတတ်၏။
ထိုသို့ အထင်မှားခြင်းကို ဤကား မဂ်မဟုတ်သေးဟူ၍ ပိုင်းခြား ဆုံးဖြတ်နိုင်သော သဘောသည် မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ မည်၏။

+++++
၆။ ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ-

ဝိပဿနုပတ္တိလေသတို့မှ လွတ်ပြီးသော ယောဂီသည် ဥဒယဗ္ဗယဉာဏ်မှ စ၍ အနုလောမဉာဏ်တိုင်အောင် ဝိပဿနာဉာဏ် ၉-ပါးကို အစဉ်အတိုင်း တဖန် ထူထောင်၍ လက္ခဏာယာဉ် ၃-ပါးကို ပွားများ အားထုတ်ပြန်ရာ ထိုဉာဏ် ၉-ပါးကို ပိုင်သော ယောဂီပုဂ္ဂိုလ်၏ ဝိပဿနာဉာဏ် ၉-ပါးသည် သိတတ် မြင်တတ်သောကြောင့် ဉာဏဒဿန မည်၏။

ထိုဉာဏဒဿနမည်သော ဝိပဿနာဉာဏ် ၉-ပါးသည်ပင် နိဗ္ဗာန်သို့ ရောက်စေတတ်သော အကျင့်မြတ်ဖြစ်သောကြောင့် ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ မည်၏။

၇။ ဉာဏဒဿနဝိသုဒ္ဓိ-

ဝုဋ္ဌာနဂါမိနီ ဝိပဿနာဉာဏ်ဆိုသည်မှာ ဝိပဿနာ၏ အထွတ်အထိပ်သို့ ရောက်သော အနုလောမဉာဏ်နှင့်တကွ သင်္ခါရုပေက္ခာဉာဏ်ကို အပါယ်စသည်မှလည်းကောင်း, သင်္ခါရနိမိတ်မှလည်းကောင်း ထွက်မြောက်၍ မဂ်သို့ရောက်ကြောင်း ဖြစ်သောကြောင့် ဝုဋ္ဌာနဂါမိနီဝိပဿနာဟု ခေါ်၏။

သင်္ခါရုပေက္ခာဉာဏ်, အနုလောမဉာဏ်ဟု ဆိုအပ်သော ဝုဋ္ဌာနဂါမိနီဝိပဿနာဉာဏ် ထက်သန်လာသောအခါ သစ္ဆိကရဏကိစ္စဖြင့် နိဗ္ဗာန်ကို ကိုယ်တိုင် ပေါက်ရောက်၍ မဂ်ဉာဏ်ဖြစ်ပေါ်လာသည်။ ထိုမဂ်ဉာဏ်သည် ဉာဏဒဿနဝိသုဒ္ဓိ မည်၏။

+++++
မဂ္ဂဝီထိ ပုံစံ
ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ၊ မနောဒွါရာဝဇ္ဇန်း၊ ပရိကံ၊ ဥပစာ၊ အနုလုံ၊ ဂေါတြဘူ၊ မဂ်၊ ဖိုလ်၊ ဖိုလ်၊ ဘဝင်

မဂ္ဂဝီထိကို ဝီထိပိုင်းတွင် လေ့လာခဲ့ပြီး ဖြစ်၏။

မဂ်ရခါနီးအခါ ဝိပဿနာဉာဏ်သည် သွက်သွက်လက်လက် ဖြစ်လာ၏။ သင်္ခါရတရားက ထတော့မည့်အချိန်ဖြစ်၍ အားကောင်းလာ၏။ သင်္ခါရုပေက္ခာဉာဏ်အပါအဝင် ဤအခိုက်အတန့်ကို ‘ဝုဋ္ဌာနဂါမိနီဝိပဿနာဉာဏ်’ဟု ခေါ်၏။

မဂ္ဂဝီထိတွင်ပါသော ပရိကံ၊ ဥပစာ၊ အနုလုံ၊ ဂေါတြဘူတို့မှာ ဉာဏသမ္ပယုတ်ကာမာဝစရကုသိုလ်ဇောတစ်ကြိမ်စီ ဖြစ်၏။

ပရိကံ၊ ဥပစာ၊ အနုလုံ ဤသုံးခုကို အနုလောမဉာဏ်ဟု ခေါ်၏။ သင်္ခါရုပေက္ခာဉာဏ် ရင့်သန်ပြီး မဂ်ရခါနီး ပေါ်သောဉာဏ် ဖြစ်၏။

ဂေါတြဘူမှာ ဝိပဿနာလမ်းကြောင်းတွင် ကျရောက်နေသော်လည်း မည်သည့် ဝိသုဒ္ဓိထဲမှာမှ မပါဝင်။
ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိထဲလည်း မပါ၊ ဉာဏဒဿနဝိသုဒ္ဓိထဲလည်း မပါဝင်။
အမှန်မှာ ဂေါတြဘူသည် ဝိပဿနာလမ်းကြောင်းထဲ ကျနေသဖြင့် ဝိပဿနာဟု ခေါ်ရသော်လည်း တကယ့် ဝိပဿနာအစစ် မဟုတ်ပေ။
ဝိပဿနာသည် သင်္ခါရတရား ရုပ်နာမ်တရားကို အာရုံပြု၏။
ဂေါတြဘူက နိဗ္ဗာန်ကို အာရုံပြု၏။ ကာမာဝစရစိတ်ထဲ၌ နိဗ္ဗာန်ကို တိုက်ရိုက် အာရုံပြုသည်မှာ ဤတစ်ခု (ဂေါတြဘူ)သာ ရှိ၏။

အနုလောမဉာဏ် ဖြစ်ပြီးနောက် ဂေါတြဘူဉာဏ် (ပုထုဇဉ်အနွယ်ကို ဖြတ်တောက်၍ အရိယာအနွယ်သို့ ရောက်စေသောဉာဏ်) ပေါ်၏။

ဂေါတြဘူနောက် ဆက်ပြီး မဂ်စိတ်ပေါ်၏။ မဂ်ဉာဏ်ဖြစ်၏။ မဂ်စိတ်သည် နိဗ္ဗာန်ကို အာရုံပြု၏။
ဤမဂ်စိတ်ကို ဉာဏဒဿနဝိသုဒ္ဓိဟု ခေါ်၏။

မဂ်စိတ်နောက် ဖိုလ် ၂-ကြိမ် ၃-ကြိမ် ဖြစ်၏။ ဖိုလ်က မည်သည့်ဝိသုဒ္ဓိထဲမှ မပါ။

မဂ်ဖိုလ်ဖြစ်ပြီးနောက် ဘဝင်ကျသွားကာ ပစ္စဝေက္ခဏာဉာဏ် ပေါ်၏။ ပစ္စဝေက္ခဏာဉာဏ်မှာ မဂ်ကို ဆင်ခြင်သောဉာဏ်၊ ဖိုလ်ကို ဆင်ခြင်သောဉာဏ်၊ နိဗ္ဗာန်ကို ဆင်ခြင်သောဉာဏ် ဖြစ်၏။

မဂ်ကို ဆင်ခြင်သော ပစ္စဝေက္ခဏာ၊ ဖိုလ်ကို ဆင်ခြင်သော ပစ္စဝေက္ခဏာ၊ နိဗ္ဗာန်ကို ဆင်ခြင်သော ပစ္စဝေက္ခဏာ၊ ပယ်အပ်ပြီးသော ကိလေသာကို ဆင်ခြင်သော ပစ္စဝေက္ခဏာ၊ ကျန်သေးသော ကိလေသာကို ဆင်ခြင်သော ပစ္စဝေက္ခဏာ – ပစ္စဝေက္ခဏာ ၅-မျိုး ထိုက်သင့်သလို ဖြစ်၏။
မဂ်ကိစ္စ ၄-ချက်

မဂ်ဖြစ်သောအခါ မဂ်ကိစ္စ ၄-ချက်ကို တပြိုင်နက် ပြုပြီး ဖြစ်၏။

မဂ်ကိစ္စ ၄-ချက်မှာ ဆီမီးနှင့် တူ၏။
ဆီမီးသည် “မီးစာကိုလောင်၊ အမှောင်ပယ်ရှင်း၊ အလင်းရောင်စွမ်း၊ ဆီခန်းစေမှု” ကိစ္စ ၄-ခုကို တပြိုင်တည်း ပြုသကဲ့သို့၊
မဂ်သည် (၁) ဒုက္ခသစ္စာကို ပိုင်းပိုင်းခြားခြား သိခြင်း၊ (၂) သမုဒယသစ္စာကို ပယ်ခြင်း၊ (၃) နိရောဓသစ္စာ(နိဗ္ဗာန်)ကို မျက်မှောက်ပြုခြင်း၊ (၄) မဂ္ဂသစ္စာကို ဖြစ်ပေါ်စေခြင်း ကိစ္စ ၄-ခုကို မဂ်အခိုက်အတန့်မှာ တပြိုင်နက် ပြီးစေ၏။

မဂ်စိတ်ဖြစ်သောအခါ မဂ်ဉာဏ်က ကိလေသာများကို နောက်ထပ် ပြန်မပေါ်အောင် ပယ်၏။

ဖိုလ်စိတ်ဖြစ်သောအခါ ဖိုလ်က တဖန်ငြိမ်းစေသောအားဖြင့် ကိလေသာကို ပယ်သတ်၏။

ဤနည်းဖြင့် ပထမမဂ်, ဒုတိယမဂ်, တတိယမဂ်, စတုတ္ထမဂ် အဆင့်ဆင့်၊ ဆိုင်ရာကိလေသာတို့ကို နောင်ဘယ်တော့မှ မပေါ်အောင် အပြီးတိုင် ပယ်သတ်လေတော့၏။(မျိုးမြတ်သူ)

~~~~~~~~ တရားရှိ .... မရှိ တိုင်းတာနည်း ~~~~~~~~

~~~~~~~~ တရားရှိ .... မရှိ တိုင်းတာနည်း ~~~~~~~~

တရားမရှိသူက ယူရတာကို ပျော်တယ်... ......

တရားရှိသူက လှူရတာကို ပျော်တယ် .......

တရားမရှိသူက ငါကောင်းစားဖို့လှူတာ .....

တရားရှိသူက လောကကောင်းစားဖို့လှူတာ ........

တရားမရှိသူက လူအထင်ကြီးဖို့လှူတာ .......

တရားရှိသူက လောဘကုန်ဖို့လှူတာ .........

တရားမရှိသူက ကမ္ပည်းထိုးပေးတဲ့ နေရာလှူတယ် .....

တရားရှိသူက တကယ်လိုအပ်တဲ့ နေရာလှူတယ် .....

တရားမရှိသူက ကျော်ကြားတဲ့သူကိုမှ လှူတယ် .........

တရားရှိသူက ဒုက္ခရောက်နေတဲ့သူကိုမှ လှူတယ် .....

တရားမရှိသူက လှူတာနည်းတယ် ...... မျှော်လင့်ချက်ကများတယ် .....

တရားရှိသူက လှူတာကများတယ် .... မျှော်လင့်ချက် ဘာမှမထားဘူး ..... ။

မေတ္တာရှင် ( ရွှေပြည်သာ ) ရှင်ဇ၀န

ထပ်ဆင့်မေတ္တာဖြင့် ....

ဘ၀ကို ဖျက်ဆီးခြင်း

ကောင်းမှုပေါင်းများစွာတို့ဖြင့်
တည်ဆောက်ထားသော ဘ၀ကို
မကောင်းမှု တစ်စုံတစ်ခု ပြုလုပ်ခြင်းဖြင့်
မပျက်စီးစေသင့်။
မိမိ၏ ဘ၀ကို ဖျက်ဆီးခြင်းသည် မိမိ၏
မကောင်းမှုသာဖြစ်သည်။
သံချေးသည် သံကို ဖျက်၏။
ဝါးသီးသည် ၀ါးပင်ကို ဖျက်၏။
ငှက်ပျောသီးသည် ငှက်ပျောပင်ကို သတ်၏။
ထို့ကြောင့် မိမိ၏ အမူ၊ အပြု၊ အပြော၊ အကြံ တို့ကို စစ်ဆေးပါ။
မိမိ၏ကောင်းမှု မကောင်းမှုသည်သာ မိမိ၏ မိတ်များ ရန်များပင် ဖြစ်ကုန်၏။ (သီတဂူဆရာတော်)
လာရောက်လည်ပတ်ကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ...