စိတ်လှုပ်ရှားမှု
မေး။ ။စိတ်ရောဂါတွေမှာ စိတ်လှုပ်ရှားမှုက အလွန်များပါတယ်၊ အဲဒီတော့ စိတ်ငြိမ်ခဲ့လို့ရှိယင် နည်းနည်းပါးပါး ပုတီးစိပ်တာ တရားထိုင်တာ ကောင်းပါသလား။
ဖြေ။ ။စိတ်က မလှုပ်ရှားဘူး၊ အာရုံတွေ အမျိုးမျိုးရောက်နေတဲ့ ဥစ္စာကို တင်စားပြီးတော့ စိတ်လှုပ်ရှားတယ်လို့ ပြောတာ။ အာရုံအမျိုးမျိုး ပြောင်း ပြောင်း ပြောင်းပြီးတော့ အာရုံကို ယူနေတာကို စိတ်လှုပ်ရှားတယ်လို့ပြောတာ။ အဲဒီလို အာရုံပြောင်းနေတဲ့ လူတစ်ယောက်ဟာ ပုတီးဘဲစိပ်စိပ် တရားဘဲ နှလုံးသွင်းသွင်း၊ ဆိုပါတော့ ထာဝရဘုရား ကိုးကွယ်တဲ့ သူက ထာဝရဘုရားကို "ဘုရား ဘုရား ဘုရား" လို့ဆိုပြီးတော့ စိပ်လိုက်လို့ သမာဓိ အာရုံတစ်ခုတည်းဖြစ်သွားပြီ။ ဗုဒ္ဓကိုးကွယ်တဲ့ သူကလည်း ဗုဒ္ဓကို "အရဟံ အရဟံ အရဟံ" လို့ ဆိုတော့ အာရုံက တစ်ခုတည်း ဖြစ်သွားပြီ။ ဒါစိတ်ငြိမ်တယ်လို့ ဆိုတာပေါ့။ တကယ်လို့များ သူစာဝါသနာပါလို့ရှိယင် စာလေးဖတ်နေပါဆိုလည်း စိတ်ငြိမ်သွားမှာဘဲ၊ အာရုံများတာပါ၊ စိတ်က လှုပ်ရှားတာမဟုတ်ပါဘူး။
အမရပူရမြို့ ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ ၏ သိပ္ပံအမြင်နှင့် ဗုဒ္ဓအဘိဓမ္မာအမေးအဖြေများမှထုတ်နှုတ်၍ စိတ်က တကယ်တော့ လှုပ်ရှားတာမဟုတ်ပဲ အာရုံများတာပါလားဆိုတာ သိစေချင်သော အာသာ နှင့် စိတ်လှုပ်ရှားလိုက်တာ ဆိုသော စကားကို ဆန့်ကျင်ပြီး အာရုံများတာကို သိစေချင်သော ဆန္ဒဖြင့် တင်ပြလိုက်ခြင်းဖြစ်ပါသည်။

0 Response to "စိတ်လှုပ်ရှားမှု"
Post a Comment