အသံလွှင့်တရားတော်-သီတဂူဆရာတော်
အသံလွှင့်တရားတော်နိဒါန်
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်သုတေသနနှင
့်ကျမ်းပြုဌာနမှ မြတ်ဗုဒ္ဓ၏
တရားဒေသနာတော်စာအုပ်အမျိုးမျိုး ထုတ်ဝေဖြန့်ချိလျှက်ရှိရာ
ယခု သီတဂူဆရာတော်၏ "အသံလွှင့်တရားတော်များ" အမည်ရှိ ဓမ္မစာအုပ်တစ်အုပ်ကို စာရှုသူတို့လက်ထဲအပ်နှင်းခွင့်ရရှိပြန်သဖြင့်ဝမ်းသာဂုဏ်ယူမိပေသည်။
ဘုရားရှင်က "စရထ ဘိက္ခဝေ စာရိကံ ဗဟုဇနဟိတာယ" ရဟန်းတို့
လူများစွာတို့အား အကျိုးများအောင် ခရီးထွက်ကြ။ "ဒေသေထ ဘိက္ခဝေ ဓမ္မံ" ရဟန်းတို့ ရောက်ရာအရပ်တိုင်းမှာ အပိုအလိုမရှိ အမှားမရှိ
တိကျကုံလုံ အလုံးစုံသော သတ္တဝါတို့အတွက် တညီတည်းမှန် တသားတည်း အကျိုးရှိသော ဓမ္မကို ဟောပြော
သင်ပြကြဟု မဟာသက္ကရာဇ် (၁၀၃)ခု သီတင်းကျွတ်လပြည့် မဟာပဝါရဏာနေ့မှာ ရဟန်းတော်အပါး (၆၀)
တို့ အား ကာသိတိုင်း ဗာရာဏသီမြို့အနီး ဣသိပတနအမည်ရှိ သားမျိုးစုံတဲ့ မိဂဒါဝုန်မှာ ဓမ္မဒူတ
မိန့်ခွန်းတစ်ရပ်ကို မိန့်တော်မူခဲ့ပါသည်။
ရဟန်းတော်အပါး (၆၀)တို့သည် တစ်ပါးတစ်လှမ်း
ကြွချီတော်မူကြသည်။ မြတ်ဗုဒ္ဓကိုယ်တော်တိုင်လည်း ထိုအာဒိကမ္မိက မဟာပဝါရဏာနေ့မှစ၍ (၄၅)
နှစ်လုံးလုံး မရပ်မနား ဓမ္မဒူတကြွချီတော်မူခဲ့ရာ နိဗ္ဗာန်ရွှေဘုံသည့်နေ့အထိပင် ဖြစ်သည်။မြတ်ဗုဒ္ဓ
မဟာပရိနိဗ္ဗာန်ပြုပြီး နှစ်ပေါင်း (၂၃၀) ကျော် ကြာသောအခါ မောဂ္ဂလိပုတ္တတိဿမဟာထေရ်နှင့်
ဓမ္မာသောကမင်းတို့္ဗ၏ အထူးစီမံလမ်းညွှန်မှုဖြင့် သာသနာပြုဓမ္မသံတမန် မထေရ်ကြီးတို့္ဗ၏ ဓမ္မဒူတခရီးသည် နှစ်ပေါင်း (၂၅၀)ဓမ္မခရီးတွင် အမြင့်ဆုံးသော
ဓမ္မဒူတမှတ်တိုင်ကြီးပင် ဖြစ်ပေသည်။
ဓမ္မဒူတမထေရ်မြတ်တို့္ဗ၏ မဆုတ်မနစ်သော
ဇွဲလုံ့လတို့ကြောင့် ဗုဒ္ဓသာသနာသည် အနောက်ဘက် (ဂရိ) ထိ၊အနောက်မြောက် (အာဖကန်နစ္စတန်နှင့်ရုရှား)ထိ၊တောင်ဘက်-မြောက်ဘက်
(ကက်ရှ်မီးယား,ဟိမဝန္တာ,တိဘက်နှင့်တရုတ်ပြည်)အထိ၊ တောင်နှင့်အရှေ့တောင်ဘက် (သီရိလင်္ကာ,မြန်မာ,ထိုင်း,မလေးရှား,အင်ဒိုနီးရှား,လာအိုနှင့်ကမ္ဘောဒီးယား)တို့အထိ
ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိခဲ့လေသည်။
A.D.(၅)ရာစုခန့်က တရုတ်ရဟန်းတော်
ဖာဟိယန်သည် အိန္ဒိယပြည်သို့ ဓမ္မဒူတခရီးထွက်ခဲ့သည်။အိန္ဒိယရဟန်းတော် ဘိက္ခုဓမ္မဗောဓိ၏ ဓမ္မဒူတခရီးအကျိုးကြောင့်
တရုတ်၊ကိုးရီးယား၊ဂျပန်တို့၌ မဟာယာနဗုဒ္ဓဝါဒနှင့်ပိဋကတ်ကျမ်းစာများ ယခုအချိန်အထိ ကိုးကွယ်ဆည်းကပ်
လေ့လာခွင့် ရရှိ နေကြပေသည်။
အင်္ဂလိပ်လူမျိုးရဟန်းတော် အာနန္ဒမေတ္တေယျသည်
မြန်မာပြည်မှာ ရဟန်းပြုပြီး အင်္ဂလန်သို့ ထေရဝါဒ ဗုဒ္ဓဘာသာပြန့်နှံ့စေသော ပထမဆုံးသော ထေရဝါဒဓမ္မဒူတ
ဖြစ်တော်မူသည်။ဂျာမန်လူမျိုးရဟန်းတော် ဉာဏတိလောကသည်လည်း မြန်မာပြည်မှာပင် ရဟန်းပြု၍
ဂျာမနီသို့ကြွရောက်သာသနာပြုတော်မူခဲ့သော ထေရဝါဒရဟန်းတော်တစ်ပါးဖြစ်သည်။
အရှင်သေဋ္ဌိလသည်လည်း အင်္ဂလန်သို့ သက်စွန့်ကြိုးပမ်းသာသနာပြု
ကြွမြန်းတော်မူခဲ့သော မြန်မာရဟန်းတော် ဓမ္မသံတမန်ကြီး တစ်ပါးဖြစ်တော်မူပါသည်။သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကြီး၏
အဓိပတိဆရာတော် သီတဂူ အရှင်ဉာဏိဿရသည်လည်း (၁၉၈၁)ခုနှစ်မှစ၍
ပြည်ပခရီးထွက်ပြီး ဓမ္မဒေသနာများကို ဟောပြောတော်မူခြင်းဖြင့် ဓမ္မဒူတတရားသံတမန်ကြီးအဖြစ်
ဆောင်ရွက်နေဆဲဖြစ်ပါသည်။
သီတဂူဆရာတော်ဘုရားသည် ပထမဆုံးထွက်ခဲ့သည့်
နိုင်ငံခြားခရီးတွင် အိန္ဒိနိုင်ငံအသံလွှင့်ဌာန၏လျှောက်ထားတောင်းမှုကြောင့် "ဗုဒ္ဓဝါဒသည်
Religion.မဟုတ်ဟူသော စာတမ်းကို All India.ရေဒီယိုမှ အသံလွှင့် ဟောကြားခဲ့သည်။
(၁၉၉၅)ခုနှစ် အနောက်နိုင်ငံများသို့ ဓမ္မဒူတခရီးကြွချီရာတွင် "ဝါဆိုလပြည့် ဓမ္မနေ့”တရားတော်ကို V.O.A မှလည်းကောင်း၊"ဝါခေါင်လပြည့်
မေတ္တာနေ့" တရားတော်ကို B.B.C
V.O.A တို့မှလည်းကောင်း အသံလွှင့် ဟောကြားတော်မူခဲ့ပါသည်။
ဗုဒ္ဓနှင့်စပ်ဆိုင်သော နေ့ရက်မြတ်တို့မှာ သင့်လျှော်သောဒေသနာများကို
မြန်မာ့ရုပ်/သံမှလည်းကောင်း ဟောကြားတော်မူခဲ့ပါသည်။"ကဆုန်လပြည့် ဗုဒ္ဓနေ့" တရားတော်တို့တွင် သာကီဝင်သကျမျိုးတို့
ဖြစ်ပေါ်လာပုံ ကပိလဝတ်ဖြစ်ပေါ်လာပုံ အလောင်းတော်မြတ် ဗောဓိသတ်ရဲ့ ရဲရဲတောက်တောက် ခြင်္သေ့ဟောက်သို့
ဝမ်းမြောက်စကား မြွက်ကြားပုံတို့ကို သာယာကြည်နူးစွာ ဖတ်ရှုလေ့လာမှတ်သားရမှာ ဖြစ်ပါသည်။"နယုန်လပြည့် မဟာသမယနေ့"ကို The great occation of peace of brotherhood.
ကြီးမြတ်သော ငြိမ်းချမ်းရေးနေ့ဟု သတ်မှတ်ဟောကြားတော်မူသည်။ငြိမ်းချမ်းခြင်း ညီညွတ်ခြင်းသည်
မည်မျှလောက် အရေးကြီးသည်ဆိုသည့်အချက်ကို "ငြိမ်းချမ်းရေး
အခါတော်နေ့"အသံလွှင့်တရားတော်က မီးမောင်းထိုးပြထားပါသည်။ရှောင်ရန် ဆောင်ရန်နှင့်
ထိုးထွင်းသိမြင်ရန် ဖြစ်သောတရားများကို မဟာသက္ကရာဇ် (၁၀၃)ခုနှစ် ဝါဆိုလပြည့်နေ့ရဲ့ ဆည်းဆာချိန်မှာ
ပဉ္စဝဂ္ဂီ ငါးဦးတို့အား ဟောကြားတော်မူခဲ့သော "ဓမ္မစက္ကပဝတ္တနသုတ္တန်"ဒေသနာတော်ကို
လွယ်ကူရှင်းလင်း နားလည်သဘောပေါက်ရန် အသံလွှင့်ဟောကြားချက်များကိုလည်း နာယူလေ့လာမှတ်သားရမှာ
ဖြစ်ပါသည်။
"ဝါခေါင်လပြည့်
မေတ္တာတော်နေ့"ဒေသနာတော်မှာ မေတ္တာတရားသည် လောက၏ အလှတန်ဆာအဖြစ် လူသားတို့ ခံစားသိမြင်နိုင်ရန်
ဟောကြားချက်သည် သီတဂူဆရာတော်ဘုရား၏ လူတိုင်းအပေါ်ထားရှိသော မေတ္တာတရားကို ပေါ်လွင်စေပါသည်။အချုပ်အားဖြင့်
ဆိုရသော် ဗုဒ္ဓဘာသာဝင် သူတော်စင်တို့ နာယူကြည်ညို သဒ္ဓါပွာများနိုင်ရန်အလို့ငှာ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကြီး၏
အဓိပတိဆရာတော်ဘုရား ဟောကြားတော်မူအပ်သော ဤအသံလွင့်တရားတော်များကို ဖတ်ရှုလေ့လာပြီး
လောကဓာတ်တစ်ခုလုံး၏ အနှိုင်းမဲ့သော ဗုဒ္ဓအပေါ် (The
more I know Him.The more I love Him.)ဆိုသကဲ့သို့ ဗုဒ္ဓအကြောင်း သိရလေလေ ဗုဒ္ဓကို
ပိုကြည်ညိုလေလေ ဖြစ်လိမ့်မည်ဟု ယုံကြည်ပါသည်။
ထိုအချက်ကို ဖြည့်ဆည်းရန်အလို့ငှာ ဤစာအုပ်ကို
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် သုတေသနနှင့်ကျမ်းပြုငှာနမှ ထုတ်ဝေရခြင်းဖြစ်ပါသည်။စာရှုသူတို့
လွယ်လင့်တကူ ရှာဖွေကြည့်ရှုနိုင်ရန် ဗုဒ္ဓ၏ နေ့ထူးနေ့မြတ် အသံလွှင့်ဒေသနာများကို မြန်မာလစဉ်အတိုင်း
ဖော်ပြထားပါသည်။
သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ။
တက္ကသိုလ်ဝန်ဆောင်သံဃာ့အဖွဲ့
သုတေသနနှင့်ကျမ်းပြုငှာန
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်
စစ်ကိုင်းတောင်ရိုး်
0 Response to "အသံလွှင့်တရားတော်-သီတဂူဆရာတော်"
Post a Comment